Categories

December 2024
M T W T F S S
 1
2345678
9101112131415
16171819202122
23242526272829
3031  
November 7, 2025

လူမှုကွန်ရက်မှာဝေဖန်သူ၊ တော်လှန်ရေးထောက်ခံသူ ၁၈၀၄ ဦးအထိ စစ်ကောင်စီဖမ်းဆီးမှုကိုခံခဲ့ရ

သုတေသနစစ်တမ်းတွေရ ၂၀၂၂ ခုနှစ်၊ ဖေဖော်ရီလ ၁ ရက်နေ့မှ ၂၀၂၄ ခုနှစ်၊ အောက်တိုဘာလ ၃၁ ရက်နေ့အထိ လူမှုကွန်ရက်ပေါ်မှာ ဝေဖန်သူ၊ တော်လှန်ရေးထောက်ခံသူတွေကို စစ်ကောင်စီဖမ်းဆီးခဲ့တာဟာ ၁၈၀၄ ဦးရှိသွားပြီလို့ သိရကာ ဒီအချက်အလက်ကို Data for Myanmar က ဒီဇင်ဘာ ၃ ရက်နေ့တွင် ထုတ်ပြန်လိုက်တာ ဖြစ်ပါတယ်။ ဖမ်းဆီခံခဲ့ရသူအများစု လူမှုကွန်ရက်များဖြစ်တဲ့ ဖေ့ဘွတ်၊ တစ်တော့၊ တယ်လီဂရမ်၊ ဗိုင်ဘာ စတဲ့ပလက်ဖောင်းများမှာ ဝေဖန်ရေးသားထောက်ခံခြင်းတွေကြောင့် ဖမ်းခံလိုက်ရတာ ဖြစ်တယ်လို့ ဆိုပါတယ်။ တော်လှန်ရေးအင်အားစုတွေအပေါ် ထောက်ခံအားပေးတဲ့အရေးအသားများ၊ ဆက်သွယ်မှုများ၊ စတာတွေကြောင့် ခုလိုဖမ်းဆီးတာဖြစ်ပါတယ်။ အဲ့ဒီလိုဖမ်းဆီးနိုင်ဖို့အတွက်လည်း စစ်ကောင်စီရဲ့ဒေါက်တိုင်သတင်းအုပ်စုတွေဟာ အချက်အလက်များစုဆောင်းရှာဖွေပြီး စစ်ကောင်စီတပ်တွေဆီ ပေးပို့ခဲ့ကြပါတယ်။

ယခုနှစ် ၂၀၂၄ ခုနှစ်အတွင်းမှာပဲ ပြီးခဲ့တဲ့အောက်တိုဘာလအထိ စစ်ကောင်စီကို လူမှုကွန်ရက်ပေါ်ကနေဆန့်ကျင်လို့ ၃၅၁ ဦးဖမ်းဆီးခံလိုက်ရပါတယ်။ ဝေဖန်ဆန့်ကျင်မှုတွေကြောင့် ရန်ကုန်နှင့်မန်းလေးတိုင်းမှာ ဖမ်းဆီးခံရမှုအများဆုံးဖြစ်ပြီး ၈၉၆ ဦးဖြစ်ပါတယ်။ ဖမ်းဆီးခံရသူအားလုံးရဲ့ ၃၆ ရာခိုင်နှုန်းဟာ အမျိုးသမီးတွေဖြစ်ကြပါတယ်။ ခုလိုအရေးယူဖို့ရည်ရွယ်ပြီး ၂၀၂၂ ဇန်နဝါရီလ ၂၅ ရက်မှာ စစ်ကောင်စီက သူတို့ကိုဝေဖန်ရင် “ အီလက်ထရောနစ် ဆက်သွယ်ဆောင်ရွက်ရေး ဥပဒေပုဒ်မ ၃၃(က) အပြင် တည်ဆဲဥပဒေတွေနဲ့ အရေးယူခံရမယ်လို့” ကြေငြာခဲ့ကြပါတယ်။ အကြမ်းဖက်မှု တိုက်ဖျက်ရေး ဥပဒေပုဒ်မ ၅၂ (က)၊ ရာဇသတ်ကြီးပုဒ်မ ၁၂၄-က ၊ ပုဒ်မ ၅၀၅-က အဖြစ် စစ်ကောင်စီက အဓမ္မသတ်မှတ်ထားတာ ဖြစ်ပါတယ်။

ခုလို အာဏာသိမ်းပြီးနောက်ပိုင်း လူမှုကွန်ရက်ပေါ်ဖမ်းဆီးမှုကို ပြုစုထုတ်ပြန်ရတာဟာ “ ပြည်တွင်းပြည်ပက မူဝါဒချမှတ်သူများအတွက် အထောက်အကူပြုရန် ရည်ရွယ်တာလို့” Data for Myanmar က ဆိုပါတယ်။ ၂ဝ၂၂ နှင့် ၂ဝ၂၃ ခုနှစ်အတွင်း ဖမ်းဆီးခံရသူ ဦးရေ သိသိသာသာများခဲ့ပြီး ၂၀၂၄ ခုနှစ်ထဲမှာ ဖမ်းဆီးမှုများ လျော့ကျလာကြောင်းနှင့် ဩဂုတ်လကနေ အောက်တိုဘာလအတွင်း မြို့နယ် ၆၅ မြို့နယ်က အွန်လိုင်း အသုံးပြုသူ ၁၄၉ ဦး ဖမ်းဆီးခံခဲ့ရကြောင်း အဖွဲ့ကထုတ်ပြန်ထားပါတယ်။ ၂ဝ၂၂ ခုနှစ်၊ ဖေဖော်ဝါရီလကနေ ၂ဝ၂၄ ခုနှစ်၊ အောက်တိုဘာလကုန်အထိ မြို့နယ်ပေါင်း ၂၂၃ တွင် ဖမ်းဆီးအရေးယူမှုများရှိခဲ့ပြီး ယင်းအထဲမှာ ပဲခူးမြို့နယ်၊ ချမ်းမြသာစည်မြို့နယ်၊ မြောက်ဥက္ကလာပ မြို့နယ်၊ မဟာအောင်မြေမြို့နယ်နှင့် ပြည်မြို့နယ်များကမူ အဖမ်းအဆီးများသော မြို့နယ်များဖြစ်ကြောင်း Data for Myanmar ရဲ့အချက်အလက်က ထောက်ပြပါတယ်။ ရခိုင်-မြန်မာ တေးသံရှင်တဦးဖြစ်တဲ့ မာန်အောင်ဒေသမှ မဆုမြတ်ထက်ကိုဖမ်းဆီးမှုဟာ နောက်ဆုံးသတင်းအနေနဲ့ လူပြောများတဲ့ သတင်းဖြစ်ခဲ့ပါတယ်။

စစ်ကောင်စီရဲ့အကြောင်းပြချက်ထဲမှာတော့ မဆုမြတ်ထက်ဟာ ပြည်ပလူမှုကွန်ရက်အကောင့်တစ်ခုမှာ Admin ဖြစ်နေသည်ဟုဆိုထားပါတယ်။ အောက်တိုဘာလ ၇ ရက်နေ့က ဖမ်းဆီးထားပြီး ယခုအချိန်ထိ လွတ်မြောက်ခြင်းမရှိသေးပါဘူး။ ရခိုင်စစ်ရေးအောင်မြင်နေချိန်မှာပဲ ဒီဖမ်းဆီးမှုတွေကို စစ်ကောင်စီက အားစိုက်ကျူးလွန်ခဲ့တာပါ။ အာရက္ခတပ်တော် AA ကို ထောက်ခံအားပေးပြီး လူမှုကွန်ရက်ပေါ်တွင် လှုံ့ဆော်သည်ဟုဆိုကာ ရခိုင်လူမျိုး အငြိမ်းစားရဲမှူး ဦးရွှေဇံကို နိုဝင်ဘာလ ၂၆ ရက် ညနေမှာ စစ်ကောင်စီဖမ်းခဲ့ပါသေးတယ်။ အငြိမ်းစားရဲမှူး ဦးရွှေဇံကို နိုဝင်ဘာလ ၂၇ ရက်တွင် စစ်ကြောရေးသို့ ပို့ဆောင်စစ်ဆေးနေကြောင်းနှင့် မိသားစုဝင်များနဲ့လည်း အဆက်အသွယ်မရသေးဘူးလို့ သိရပါတယ်။ Data for Myanmar ၏ အစီရင်ခံစာအရ ပျမ်းမျှအားဖြင့် အွန်လိုင်းအသုံးပြုသူ ၅၆ ဦးခန့်ဟာ လစဉ် ဖမ်းခံနေရပါတယ်။ အမေရိကန်အခြေစိုက် Freedom House သတင်းလွတ်လပ်ခွင့်အဖွဲ့က နိုင်ငံပေါင်း ၇၂ နိုင်ငံကို စစ်တမ်း ကောက်ယူထားပြီး အောက်တိုဘာ ၁၆ ရက်နေ့ အစီရင်ခံစာထုတ်ရာမှာလည်း မြန်မာနဲ့တရုတ်က အင်တာနက်လွတ်လပ်ခွင့်အဆိုးဝါးဆုံးနိုင်ငံတွေအဖြစ် သတ်မှတ်ခံထားရကြောင်း သိရပါသည်။

You may have missed