ရန်ကုန်တိုင်း ၊ ရွှေပြည်သာမြို့နယ်၊ ၁၃ရပ်ကွက်နေ စစ်ကောင်စီလက်အောက်ခံ ရဲမှူးမိုးညိုရဲ့ အိမ်မှာ ရဲမှူးမိုးညိုနဲ့ အပေါင်းအပါများရှိနေစဉ် ပြင်းအားမြှင့်အဝေးထိန်းမိုင်းနဲ့တိုက်ခိုက်လို့ ရဲမှူးကား မီးလောင်ကျွမ်းခဲ့ကြောင်း Black Tiger UG Team က သတင်းထုတ်ပြန်ပါတယ်။
ဒီဇင်ဘာလ ၂ရက်နေ့ မနက် ၆နာရီခွဲခန့်မှာ ရန်ကုန်တိုင်း ၊ ရွှေပြည်သာမြို့နယ်၊ ၁၃ရပ်ကွက်နေ စစ်ကောင်စီလက်အောက်ခံ ရဲမှူးမိုးညိုရဲ့ အိမ်မှာ ရဲမှူးမိုးညိုနဲ့ အပေါင်းအပါများရှိနေစဉ် The Grand Unsung (TGU) နဲ့ Black Tiger UG Team တို့က ပြင်းအားမြှင့် အဝေးထိန်းမိုင်းဖြင့် ထိရောက်စွာတိုက်ခိုက်ခဲ့ခြင်းဖြစ်တယ်လို့ သိရပါတယ်။
။အဆိုပါတိုက်ခိုက်မှုကြောင့် ရဲမှူးရဲ့ hondafix ကားမှာ မီးလောင်ကျွမ်းခဲ့ကြောင်း မျက်မြင်တွေ့ရပြီး နောက်ဆက်တွဲထိခိုက်မှုအခြေအနေများကို စုံစမ်းဆဲဖြစ်တယ်လို့ သိရပါတယ်။
ဆက်လက်ပြီး ပြည်သူတွေကို မတရားခြိမ်းခြောက်အနိုင်ကျင့်နေတဲ့ စစ်ကောင်စီ ထောက်တိုင်အကြီးစားများ နဲ့ စစ်ကောင်စီလက်အောက်ခံများ ၊ အုပ်ချုပ်ရေးမှူးများကို ပြင်းပြင်းထန်ထန် ထပ်မံတိုက်ခိုက်သွားမယ်လို့ အသိပေးထားပါတယ်။
ပြီးခဲ့တဲ့ စက်တင်ဘာလ ၇ရက်နေ့ ည ကလည်း ရွှေပြည်သာမြို့နယ်အုပ်ချုပ်ရေးမှူးရုံးကို စစ်အုပ်စုနဲ့ ပျူစောထီးများစုစည်းနေချိန် BLACK TIGER UG TEAM ရဲဘော်များနဲ့ ရွှေပြည်သာမြို့နယ်(ပကဖ)ရဲဘော်များပူးပေါင်းပြီး အဝေးထိန်းမိုင်းတွေနဲ့ ဖောက်ခွဲတိုက်ခိုက်ခဲ့ပါတယ်။
More Stories
စစ်တပ်က ဖမ်းဆီးခြင်းကို ခံထားရတဲ့ပြည်သူ တစ်ဦး လက်နက်တွေပါယူဆောင်ပြီး တော်လှန်ရေးတပ်တွေထံ အပ်နှံလို့ သိန်းတစ်ရာချီးမြှင့်၊ပခုက္ကူ တပ်မ ၁၀၁က တပ်သားသစ်စုဆောင်းခံရသူတစ်ဦး လက်နက်တွေနဲ့အလင်းဝင်လာလို့ သိန်း ၁၀၀နဲ့ ဖုန်း ၁လုံးချီးမြှင့်
ငဖဲရှိ ဂုတ်စည်းရိုးစခန်းကို AA သိမ်းပိုက်၊ မအလ ဇာတိ မင်းဘူးမြို့ထိ တိုက်ပွဲနီးကပ်လာ
တိုက်ပွဲသတင်းများ