မွန်ပြည်နယ်၊ ရေးမြို့နယ် စုံနံသာရွာကို ဖြတ်မောင်းလာတဲ့ ခမရ ၃၄၃တတပ်သားတွေပါကားကို ကြားဖြတ်တိုက်ခိုက်လို့ စစ်သား ၃ဦးသေဆုံးပြီး အများအပြားဒဏ်ရာရရှိသွားကြောင်း ရေးဘီလူးအဖွဲ့ထံက သိရပါတယ်။ရေးမြို့နယ်၊ စုံနံ့သာရွာကို ဖြတ်မောင်းလာတဲ့ ခြေမြန်တပ်ရင်း ခမရ ၃၄၃ တပ်က တပ်သားများ စီးနင်းလာတဲ့ ကားကို ဒီနေ့ ဒီဇင်ဘာ ၃ ရက်နေ့ မနက် ၉ နာရီ ၁၄ မိနစ်အချိန် ကြားဖြတ်တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး အပြန်အလှန် ပစ်ခတ်မှုဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။ပစ်ခတ်မှုအတွင်း စစ်ကောင်စီတပ်သား ၃ဦးသေဆုံးပြီး ရေးဘီလူးတပ်ဖွဲ့မှ တပ်သား ၁ ဦး ခြေထောက်ထိမှန် ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။တိုက်ပွဲဖြစ်ပွားပြီးနောက် စစ်ကောင်စီတပ် ခမရ ၅၈၆၊ ၃၄၃၊ ၅၈၇ တပ်တွေကနေ လက်နက်ကြီးများပစ်ခတ်နေတယ်လို့ သိရပါတယ်။
More Stories
မဲပလီစခန်းက ဒုတပ်ရင်းမှူး ဗိုလ်မှူးခန့်နိုင်၊ ဗိုလ်ကြီးဇော်မင်းအပါ ၄၀ကျော်သေဆုံးပြီး စစ်ဦးစီး(တတိယတန်း)G3 ဗိုလ်ကြီးသော်တာအပါအဝင် စစ်သုံ့ပန်း(၂၇)ဦးဖမ်းမိ
ငဖဲရှိ ဂုတ်စည်းရိုးစခန်းကို AA သိမ်းပိုက်၊ မအလ ဇာတိ မင်းဘူးမြို့ထိ တိုက်ပွဲနီးကပ်လာ
တိုက်ပွဲသတင်းများ