Categories

December 2024
M T W T F S S
 1
2345678
9101112131415
16171819202122
23242526272829
3031  
April 22, 2026

BPLA က အညာဒေသတိုက်ပွဲများအတွက် တပ်သားသစ်များခေါ်ယူနေ

ဗမာပြည်သူ့လွတ်မြောက်ရေးတပ်တော်(BPLA)က အညာဒေသတိုက်ပွဲများအတွက် တပ်သားသစ်များခေါ်ယူနေ တယ်လို့ ဒီနေ့ ညပိုင်းမှာ အသိပေးပါတယ်။BPLA ရဲ့ Facebook Page Messenger မှတဆင့် ဆက်သွယ်စုံစမ်းနိုင်တယ်လို့လည်း သိရပါတယ်။ဗမာပြည်သူ့လွတ်မြောက်ရေးတပ်တော်(BPLA)ဟာ ၁၀၂၇စစ်ဆင်ရေးမှာ ညီနောင်မဟာမိတ် ၃ဖွဲ့နဲ့အတူ ရှမ်းမြောက်ဒေသက တိုက်ပွဲတွေအတွင်း ပါဝင်တိုက်ခိုက်ခဲ့သလို ကရင်ပြည်နယ်ဘက်မှာလည်း KNLA တပ်တွေနဲ့ တိုက်ခိုက်လျက်ရှိပါတယ်။

ပြီးခဲ့တဲ့ အောက်တိုဘာ ၂၇ရက်နေ့ ၁၀၂၇စစ်ဆင်ရေးတစ်နှစ်ပြည့်နေ့မှာတော့ BPLA ဟာ အညာဒေသမှာရှိတဲ့ တော်လှန်ရေးတပ်တွေနဲ့ ပူးပေါင်းတိုက်ပွဲဖော်ဆောင်တော့မယ်လို့ ကြေညာခဲ့ပါတယ်။စစ်ကိုင်းတိုင်း၊ ပုလဲမြို့အခြေစိုက် ဗိုလ်နဂါးဦးဆောင်တဲ့ BNRA၊ NUG အစိုးရလက်အောက်က ပြည်သူ့ကာကွယ်ရေးတပ် ခေါင်းဆောင်တွေကလည်း BPLA ကိုကြိုဆိုကြပြီး အညာဒေသမှာ ပူးပေါင်းတိုက်ပွဲဖော်ဆောင်ဖို့ အသင့်ရှိတယ်လို့ ထုတ်ဖော်ပြောဆိုထားပါတယ်။အညာဒေသလို့ခေါ်တဲ့ စစ်ကိုင်းတိုင်းဟာ စစ်ကောင်စီရဲ့ လူ့အခွင့်အရေးအချိုးဖောက်ခံရဆုံးဒေသတစ်ခုဖြစ်ပြီး ဒေသခံတွေဟာ အစုလိုက်သတ်ဖြတ်မှုတွေအပါအဝင် ရက်စက်စွာသတ်ဖြတ်ခံပြီး နေအိမ်တွေရွာလုံးကျွတ်မီးရှို့ခံရတဲ့ဖြစ်စဉ်တွေ ရင်ဆိုင်နေရဆဲဖြစ်ပါတယ်။

You may have missed