ကရင်ပြည်နယ်၊ မြဝတီမြို့ကို စစ်ကူပို့ထားတဲ့ ဒေါနတောင်ခြေရောက် စစ်ကောင်စီရဲ့ အောင်ဇေယျစစ်ကြောင်းက တပ်သား (၅) ဦး ဟာ တောင်ပိုင်းတိုင်း စစ်ဒေသ၊ ဗျူဟာ (၃၁) လုံခြုံရေးတပ်ခွဲထံ အလင်းဝင်လာခဲ့တယ်လို့ သိရပါတယ်။ပြီးခဲ့တဲ့ နိုဝင်ဘာ ၂၆ ရက်နေ့က အလင်းဝင်ရောက်လာခဲ့တဲ့ အောင်ဇေယျစစ်ကြောင်းက စစ်သားတဦးလျှင် (၅) သိန်း ဆုချီးမြှင့်ခဲ့ပေးခဲ့တယ်လို့ သိရပါတယ်။စစ်ကောင်စီတပ်ဟာ မြဝတီမြို့ရှိစခန်းတွေကို ပြန်လည်ထိန်းချုပ်နိုင်ဖို့ အောင်ဇေယျအမည်ပေးကာ အင်အားထောင်ချီနဲ့ ချီတက်လာပေမယ့် ကရင်ပြည်နယ် ဒေါနတောင်တကျောမှာ တော်လှန်ရေးတပ်တွေရဲ့ ပိတ်ဆို့တိုက်ခိုက်မှုကြောင့် အကျအဆုံးများစွာနဲ့ ရှေ့ဆက်မတက်နိုင်ဘဲရှိနေကာ စစ်ကောင်စီတပ်သားတွေဟာလဲ အလင်းဝင်လာလျက်ရှိပါတယ်။
More Stories
စစ်တပ်က ဖမ်းဆီးခြင်းကို ခံထားရတဲ့ပြည်သူ တစ်ဦး လက်နက်တွေပါယူဆောင်ပြီး တော်လှန်ရေးတပ်တွေထံ အပ်နှံလို့ သိန်းတစ်ရာချီးမြှင့်၊ပခုက္ကူ တပ်မ ၁၀၁က တပ်သားသစ်စုဆောင်းခံရသူတစ်ဦး လက်နက်တွေနဲ့အလင်းဝင်လာလို့ သိန်း ၁၀၀နဲ့ ဖုန်း ၁လုံးချီးမြှင့်
ငဖဲရှိ ဂုတ်စည်းရိုးစခန်းကို AA သိမ်းပိုက်၊ မအလ ဇာတိ မင်းဘူးမြို့ထိ တိုက်ပွဲနီးကပ်လာ
တိုက်ပွဲသတင်းများ