ယောဒေသ ကျော်ကထုနဲ့ ထီးလင်းမှာ စစ်တပ်စစ်ကြောင်းတွေကို ယောနဲ့ချင်းကာကွယ်ရေးတပ်တွေ ပူးပေါင်းတိုက်ခိုက်လို့ စစ်ကြောင်းမှူး ၁ဦးအပါအဝင် စစ်သား ၂၀ကျော်သေဆုံးကာ သုံ့ပန်း ၁ဦးနဲ့ လက်နက်ခဲယမ်းများသိမ်းဆည်းရရှိခဲ့တယ်လို့ ယောတပ်တော် YA က သတင်းထုတ်ပြန်ပါတယ်။နိုဝင်ဘာ ၁၈ရက်ကနေ ၂၈ရက်နေ့အထိ တိုက်ပွဲ ၄ကြိမ်ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး ကျောက်ထုမြို့သိမ်းသတင်းကြောင့် စစ်တပ်ဘက်က စစ်ကြောင်းထိုးလာရာ ယောတပ်တော်ဘက်က စစ်ကောင်စီလေကြောင်းပစ်ကူပေးနေတဲ့ကြားက အထိနာအောင်တိုက်ခိုက်နိုင်ခဲ့ခြင်းဖြစ်ပါတယ်။နိုဝင်ဘာ ၂၈ရက်နေ့ မနက် ၇နာရီအချိန်မှာ ထီးလင်းမြို့ရွှေထီးခန်းမ အနီးကျေးရွာတွေကို လုယက်ဖျက်ဆီးဖို့ ထွက်လာတဲ့ တပ်မ(၇၇) တပ်ရင်း(၁၀၇) ပူးပေါင်း ခန့်မှန်းအင်အား(၈၀)ပါ စစ်ကောင်စီစစ်ကြောင်းကို ယောတပ်တော်( YA) ရဲ့ လှုပ်ရှားစစ်ကြောင်း (၃) မှ ကြားဖြတ်တိုက်ခိုက်ခဲ့ရာ ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။လေကြောင်းပစ်ကူပေးနေတဲ့ကြားက စစ်ကောင်စီတပ်များပြန်လည်ဆုတ်ခွာသွားရပြီးနောက် တိုက်ပွဲဖြစ်ပွားရာနေရာကို ယောတပ်တော်(YA) မှ ရှင်းလင်းရေး ဝင်ရောက်ချိန်မှာ သုံ့ပန်း(၁)ဦး ၊ အလောင်း ၈လောင်း ၊MA သေနတ် (၁)လက်၊ ကာဘိုင် (၂)လက် ၊ အခြားကျည်နှင့်ခဲယမ်းများ ၊ စစ်အသုံးအဆောင်များနဲ့ ရေဒီယိုစက် များ ရှာဖွေ သိမ်းဆည်းရရှိခဲ့တယ်လို့ သိရပါတယ်။
ရရှိထားတဲ့ အလောင်းတွေထဲမှာ အရာရှိဗိုလ်ကြီးတစ်ဦးပါရှိပြီး စစ်ကြောင်းမှူး ဖြစ်ကြောင်းသတင်းရရှိပြီး တိုက်ပွဲအတွင်း ယောတပ်တော် (YA) မှ ရဲဘော် (၂) ဦး ပြင်းထန်ထိခိုက်ဒါဏ်ရာရရှိခဲ့ပြီး ပူးပေါင်းလာတဲ့ ပြည်သူ့ကာကွယ်ရေးတပ်မတော်မှ ရဲဘော် (၁ )ဦး ကျဆုံးခဲ့ရတယ်လို့ သိရပါတယ်။နောက်ဆက်တွဲရရှိသောသတင်းအရ ဆုတ်ခွာသွားသော စစ်ကောင်စီစစ်ကြောင်းမှ ဒါဏ်ရာပြင်းထန်တဲ့ စစီတပ်ဖွဲ့ဝင် (၅)ဦး မှာထပ်မံသေဆုံးပြီး ဒါဏ်ရာရ (၁၀) ဦးကျော် ဆေးကုသ နေကြောင်းသိရှိရပါတယ်။နိုဝင်ဘာ ၂၆ရက် နေ့လည် ၂နာရီခွဲခန့်မှာလည်း ယောဒေသ၊ ကျောက်ထုမြို့ အမြောက်တပ်၊အမတ (၃၆၈)တပ်ဝန်းအနီး (၁)ကီလိုမီတာ အကွာမှာ အဆိုပါ အမတ( ၃၆၈ )က ထွက်လာတဲ့ စစ်တပ် ရှေ့ပြေး အင်အား (၃၀) ကျော်တို့ နဲ့ ထိပ်တိုက်တွေ့ကာ အနီးကပ်တိုက်ပွဲ ဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။နိုဝင်ဘာ ၂၇ရက်နေ့မှာ အဆိုပါ အမတ (၃၆၈) စစ်ကောင်စီတပ်က ထပ်မံအင်အားဖြည့်တင်းပြီး ယောတပ်မတော်တပ်ဖြန့် အခြေပြုရာကို ထပ်မံထိုးစစ်ဆင်လာခဲ့ရာ ယောတပ်တော်မှ လက်ဦးမှုရရှိခဲ့တာကြောင့် စစ်ကောင်စီစစ်ကြောင်းအထိနာခဲ့တယ်လို့ သိရပါတယ်။
စစ်ကောင်စီဘက်က Mi-35 ချေမှုန်းရေး ရဟတ်ယာဥ်များကို အသုံးပြုပြီး Rocket ၊ စက်လတ် တို့ နဲ့ ပစ်ခတ်တဲ့အပြင် Jet fighter ဖြင့် Rocket စက်အမြောက်များ သုံးပြီး စုစုပေါင်း(၆)ကြိမ် လေကြောင်းတိုက်ခိုက်မှု ပြုလုပ်ခဲ့ပေမယ့် (၂၃) နာရီခန့်ကြာမြင့်ခဲ့တဲ့ အဲ့ဒီတိုက်ပွဲအတွင်း ယောတပ်တော်ဘက်က ဖိအားပေးတိုက်ခိုက်နိုင်ခဲ့တယ်လို့ သိရပါတယ်။နိုဝင်ဘာ ၂၈ရက် မနက်မှာ စစ်ကောင်စီတပ်ဖွဲ့များ ပြန်လည် ဆုတ်ခွာသွားကြပြီး တိုက်ပွဲဖြစ်ပွားရာနေရာကို ဝင်ရောက်ရှင်းလင်းရာ MA-1 သေနတ် ( ၂ ) လက်၊ ခဲယမ်း၊ စစ်အသုံးအဆောင်ပစ္စည်းအချို့ နဲ့ စစ်သားးအလောင်း ၂လောင်းကို သိမ်းဆည်းရရှိခဲ့ပြီး ယောတပ်တော်(YA )ရဲဘော်များ အထိအခိုက်မရှိ ပြန်လည်ဆုတ်ခွါနိုင်ခဲ့တယ်လို့ သိရပါတယ်။နိုဝင်ဘာ ၁၈ရက် ညနေပိုင်းကလည်း ယောဒေသ၊ ထီးလင်းမြို့ကနေ စတင်ထွက်ခွာလာတဲ့ စစ်ကောင်စီတပ် အင်အား (၈၀) ကျော်ပါစစ်ကြောင်းဟာ ထိုးစစ်ဆင်လာတာကြောင့် တိုက်ပွဲဖြစ်ပွားပြီး စစ်တပ်ဘက်ကအထိခိုက်အကျဆုံးများစွာနဲ့ ဆုတ်ခွာသွားခဲ့ရတယ်လို့ သိရပါတယ်။တိုက်ပွဲပြင်းထန်နေချိန်မှာ ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) နဲ့ ဒရုန်းတပ်ဖွဲ့မှလည်း ယောတပ်တော် (YA) နဲ့ လာရောက်ပူးပေါင်းခဲ့ကြပြီး ဟန်ချက်ညီညီ ဖြင့် တိုက်ပွဲဖေါ်ဆောင်နိုင်ခဲ့ကြခြင်းဖြစ်တယ်လို့ သိရပါတယ်။
ယောတပ်တော်(YA) နဲ့ ပြည်သူ့ကာကွယ်ရေးတပ်များပူးပေါင်းကာ ထိုးစစ်ဆင်လာတဲ့ စစ်တပ် စစ်ကြောင်းကို ကစဥ့်ကလျားဖြင့် ထွက်ပြေးဆုတ်ခွာစေတဲ့ထိ တန်ပြန်ထိုးစစ်ဆင်ကာ ယောဒေသ ပြည်သူတွေရဲ့ အသက်အိုးအိမ်စည်းစိမ်ကို အကာအကွယ် ပေးနိုင်ခဲ့တယ်လို့ သိရပါတယ်။ယောတပ်တော် (YA) အနေနဲ့ မဟာမိတ် ချင်းညီနောင် ( CB) ၊ ယောကာကွယ်ရေးတပ် (YDF) တို့နဲ့ ပူးပေါင်းကာ ယောဒေသစစ်ဆင်ရေးများကို တိုးမြှင့် ဖေါ်ဆောင်လျက်ရှိပြီး အထက်ပါတိုက်ပွဲ ဖြစ်စဥ်များမှာ နီးစပ်ရာဒေသခံကာကွယ်ရေးတပ်ဖွဲ့များ၊ ခရိုင်တပ်ရင်းများ နှင့် Drone တပ်ဖွဲ့များလည်းပူးပေါင်းကာ ဟန်ချက်ညီတိုက်ပွဲဝင်ခဲ့ကြခြင်းဖြစ်တယ်လို့ သိရပါတယ်။ယောတပ်တော်(YA) အနေဖြင့် စစ်ပုံကျသော၊ စနစ်ကျသော၊ အတွေ့အကြုံပြည့်ဝသော တပ်တော်တစ်ခုဖြစ်လာရန် အစဥ်တည်ဆောက်လျက်ရှိပြီး စစ်အာဏာရှင်စနစ်တိုက်ဖျက်ရေး၊ ယောဒေသနှင့် ယောအမျိုးသား လွတ်မြောက်ရေး၊ တန်းတူညီမျှသော ဖက်ဒရယ်ပြည်ထောင်စုတည်ဆောက်ရေးတို့အတွက် မဟာမိတ်များနှင့်ပူးပေါင်းကာ ဆက်လက်တိုက်ပွဲဝင်သွားမယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
More Stories
မဲပလီစခန်းက ဒုတပ်ရင်းမှူး ဗိုလ်မှူးခန့်နိုင်၊ ဗိုလ်ကြီးဇော်မင်းအပါ ၄၀ကျော်သေဆုံးပြီး စစ်ဦးစီး(တတိယတန်း)G3 ဗိုလ်ကြီးသော်တာအပါအဝင် စစ်သုံ့ပန်း(၂၇)ဦးဖမ်းမိ
ငဖဲရှိ ဂုတ်စည်းရိုးစခန်းကို AA သိမ်းပိုက်၊ မအလ ဇာတိ မင်းဘူးမြို့ထိ တိုက်ပွဲနီးကပ်လာ
တိုက်ပွဲသတင်းများ