Categories

December 2024
M T W T F S S
 1
2345678
9101112131415
16171819202122
23242526272829
3031  
January 12, 2026

မြို့ ၄မြို့မှာ ၁လအတွင်း စစ်တပ် လေကြောင်းတိုက်ခိုက်မှုကြောင့် ဒေသခံ ၃၈ဦးသေဆုံးကြောင်း TNLA ထုတ်ပြန်၊(၇၀)ဦး ဒဏ်ရာရရှိပြီး နေအိမ် (၉၇)လုံး ထိခိုက်ပျက်စီး

TNLA ထိန်းချုပ်ထားတဲ့ နောင်ချို၊ မိုးကုတ်၊ မိုင်းငေါ့နဲ့ ကျောက်မဲမြို့တွေမှာ နိုဝင်ဘာလ(၁)လအတွင်း စစ်ကောင်စီတပ်ရဲ့ လေကြောင်း ဗုံးကြဲတိုက်ခိုက်မှုကြောင့် ဒေသခံ ၃၈ဦးသေဆုံးခဲ့ပြီး ၇၀ဦး ဒဏ်ရာရရှိကာ နေအိမ်၉၇လုံး ထိခိုက်ပျက်စီးခဲ့ကြောင်း TNLA က ထုတ်ပြန်ပါတယ်။နောင်ချိုမြို့မှာ စစ်ကောင်စီတပ်က ဂျက်ဖိုက်တာနဲ့ ဗုံးကြဲမှုကြောင့် ဒေသခံ (၁၆)ဦးသေဆုံးပြီး သံဃာ (၂)ပါး အပါအဝင် (၂၅)ဦး ထိခိုက်ဒဏ်ရာရရှိကာ နေအိမ် (၄၉)လုံးနဲ့ ကား(၈)စီး ပျက်စီးဆုံးရှုံးသွားခဲ့တယ်လို့ သိရပါတယ်။

မိုးကုတ်မြို့ အရှေ့ပိုင်းနဲ့ အနောက်ပိုင်းမှာလည်း စစ်ကောင်စီတပ်က ဂျက်ဖိုတ်တာဖြင့် ဗုံးကြဲတိုက်ခိုက်မှုကြောင့် ဒေသခံ (၉)ဦးသေဆုံးပြီး ကလေးငယ် တစ်ဦးအပါအဝင် (၁၃)ဦး ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။အလားတူ မိုင်းငေါ့မြို့ မန်လုံရပ်ကွက်ကို စစ်ကောင်စီတပ်က ပေါင်(၃၀၀)ဗုံး လာရောက်ကြဲချမှုကြောင့် ဒေသခံ (၅)ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး နေအိမ် (၂၂)လုံး ထိခိုက်ပျက်စီး ဆုံးရှုံးသွားခဲ့ပါတယ်။ဒါ့အပြင် ကွတ်ခိုင်မြို့ ရပ်ကွက်(၄)မှာ စစ်ကောင်စီတပ်မှ ဂျက်ဖိုက်တာဖြင့် ဗုံးကြဲတိုက်ခိုက်မှုကြောင့် ဒေသခံ (၃)ဦးသေဆုံးပြီး ကလေးငယ်အပါအဝင် (၇)ဦးထိခိုက်ဒဏ်ရာရရှိကာ နေအိမ်(၁၆)လုံး ထိခိုက်ပျက်စီးခဲ့ပါတယ်။

အလားတူ နိုဝင်ဘာလ ၃၀ ရက်နေ့ ည ၆နာရီခွဲအချိန် ကျောက်မဲမြို့ အင်ကြင်းတောင်ရပ်ကွက်ကို စစ်ကောင်စီတပ်က လေကြောင်းမှတဆင့် ပေါင်(၅၀၀)ဗုံးဖြင့် လာရောက်ဗုံးကြဲတိုက်ခိုက်ခဲ့လို့ ဒေသခံ (၁၀)ဦးသေဆုံးပြီး (၂၀)ဦး ဒဏ်ရာရရှိကာ နေအိမ်(၁၀)လုံးကျော် ထိခိုက်ပျက်စီးခဲ့ပါတယ်။စစ်ကောင်စီတပ်သည် လေကြောင်းအသုံးပြုပြီး နေ့စဥ် ပြည်သူများကို ဦးတည်ပြီး ဗုံးကြဲချတိုက်ခိုက်ခဲ့ခြင်းကြောင့် လူထိခိုက်သေဆုံးမှုရှိသည့်အပြင် ပြည်သူပိုင်ကား၊ နေအိမ်နှင့် စျေးဆိုင်ခန်းအများအပြားလည်း ထိခိုက်ပျက်စီးရှုံးဆုံးခဲ့ရတယ်လို့ ဆိုပါတယ်။တအာင်းတပ်မတော် TNLA ဟာ ဗုံးကြဲခံပြည်သူတွေကိုငဲ့ညှာခြင်းဖြင့်လည်းကောင်း တရုတ်အစိုးရရဲ့ ကြားဝင်ညှိနှိုင်းပေးမှုအရလည်းကောင်း စစ်ရေးအရဆွေးနွေးမှုတွေလုပ်ဆောင်ဖို့ နိုဝင်ဘာ ၂၅ရက်က ထုတ်ပြန်ထားပြီးဖြစ်ပါတယ်။စစ်ကောင်စီတပ်ဟာ အဲ့လိုထုတ်ပြန်ထားပေမယ့်လဲ ကျောက်မဲမြို့မှာ လူအစုလိုက်သေစေတဲ့ ဖျက်အားပြင်းဗုံးတွေကြဲချ တိုက်ခိုက်ခဲ့တာဖြစ်ပါတယ်။

You may have missed