ကရင်ပြည်နယ်၊ KNU ကော်သူးလေအုပ်ချုပ်နယ်မြေ၊ ဖာပွန်ခရိုင် မှာ စစ်ကောင်စီတပ်ဖွဲ့ကို ၂ရက်ဆက်တိုက်ခိုက်လို့ စစ်သား ၅ဦးသေဆုံးကာ လက်နက်ခဲယမ်းများ သိမ်းဆည်းရမိကြောင်း ကေအဲန်ယူ-ဗဟိုက သတင်းထုတ်ပြန်ပါတယ်။ဒီဇင်ဘာလ (၁) ရက်နေ့က KNLA နဲ့ တော်လှန်ရေး ပူးပေါင်း တပ်ဖွဲ့တွေက ထွီးသီးအု နေရာရှိ အာဏာစစ်ကောင်စီတပ်ဖွဲ့ကို တိုက်ခိုက်ခဲ့ လို့ စစ်ကောင်စီတပ်သား (၁) ဦး သေဆုံးခဲ့ရတယ်လို့ သိရပါတယ်။ဒါ့အပြင် နိုဝင်ဘာလ ၃၀ရက်နေ့ ညနေ ၄နာရီ နဲ့ ၅ နာရီ အချိန် ဖာပွန်နယ်မြေ (ငှက်ပျောတော) နဲ့ ထွီးသီးအု နယ်မြေ မှာ တိုက်ပွဲထပ်မံ ဖြစ်ပွားခဲ့ကာ စစ်ကောင်စီ တပ်သား ၄ ဦးသေဆုံးပြီး MA-1 (၃) လက်နဲ့ MA-4 (၁)လက် ရရှိခဲ့တယ်လို့ သိရပါတယ်။တစ်ဆက်ထဲမှာပဲ တော်လှန်ရေးတပ်တွေ သိမ်းပိုက်ရရှိထားတဲ့ မာထောစစ်စခန်းကို နယ်မြေရှင်းလင်းရေး လုပ်ဆောင်ချိန်အတွင်း ၈၁မမ လက်နက်ကြီး (၁) လက် ထပ်မံသိမ်းဆည်းရရှိခဲ့တယ်လို့ သိရပါတယ်။
ဓါတ်ပုံ−အာဏာသိမ်းအကြမ်းဖက်စစ်ကောင်စီတပ်ထံမှ သိမ်းပိုက်ရရှိသော လက်နက်ခဲယမ်းများ။
More Stories
စစ်တပ်က ဖမ်းဆီးခြင်းကို ခံထားရတဲ့ပြည်သူ တစ်ဦး လက်နက်တွေပါယူဆောင်ပြီး တော်လှန်ရေးတပ်တွေထံ အပ်နှံလို့ သိန်းတစ်ရာချီးမြှင့်၊ပခုက္ကူ တပ်မ ၁၀၁က တပ်သားသစ်စုဆောင်းခံရသူတစ်ဦး လက်နက်တွေနဲ့အလင်းဝင်လာလို့ သိန်း ၁၀၀နဲ့ ဖုန်း ၁လုံးချီးမြှင့်
ငဖဲရှိ ဂုတ်စည်းရိုးစခန်းကို AA သိမ်းပိုက်၊ မအလ ဇာတိ မင်းဘူးမြို့ထိ တိုက်ပွဲနီးကပ်လာ
တိုက်ပွဲသတင်းများ