Categories

December 2024
M T W T F S S
 1
2345678
9101112131415
16171819202122
23242526272829
3031  
December 8, 2025

အာဏာခဏခဏသိမ်းတဲ့ မြန်မာထိုင်း စစ်တပ်နှစ်ခု အချင်းချင်းပွတ်တိုက်

နိုဝင်ဘာ ၂၉ ရက်နေ့ညမှာဖြစ်ခဲ့တဲ့ မြန်မာရေတပ်က ထိုင်းငါးဖမ်းလှေကို ပစ်ခတ်နှိမ်နင်းမှုနဲ့ပက်သက်ပြီး ထိုင်းစစ်တပ် ဗိုလ်ချုပ်ကြီး “ထန်နထေ့ စဝမ်စဲမ်” က ဒီနေ့မှာပဲ သူ့သဘောထားကို ထုတ်ဖော်ပြောဆိုလိုက်ပါတယ်။ သူပြောတာက မြန်မာရေတပ်အနေနဲ့ ငါးဖမ်းလှေအပေါ်အခုလို ပစ်ခတ်မှုက “ အင်အားအလွန်အကျွံသုံးစွဲရာရောက်သည်မရောက်သည်ကို ဆုံးဖြတ်နိုင်ဖို့” ဖြစ်နိုင်တဲ့လမ်းကြောင်း အားလုံးကနေ အရေးဆိုစုံစမ်းဖို့ ဖြစ်ပါတယ်။ နိုင်ငံခြားရေး ဝန်ကြီးဌာနနှင့် ထိုင်း-မြန်မာ နယ်စပ် ကော်မတီ (TBC) မှတဆင့်လည်း အရေးဆိုစုံစမ်းသွားမှာဖြစ်ပြီး လက်ရှိမှာတော့ ထိုင်း-မြန်မာ နယ်စပ်ရေးရာ ညှိနှိုင်းရေးဗဟိုဌာနနဲ့ပူးပေါင်းပြီး ဖမ်းဆီးခံထားရတဲ့ ထိုင်းနိုင်ငံသားတွေကို ပြန်လည်ခေါ်ဆောင်လာနိုင်ဖို့ စီစဉ်ဆောင်ရွက်ထားတယ်လို့ ဆိုပါတယ်။ ဗိုလ်ချုပ်ကြီး “ထန်နထေ့ စဝမ်စဲမ်” ဟာ ထိုင်းကာကွယ်ရေးဝန်ကြီးဌာနရဲ့ ပြောရေးဆိုခွင့်ရှိသူလည်းဖြစ်ပြီး မကြာခင်က ဖြစ်ပျက်ခဲ့တဲ့ “ဝ”တပ်ဖွဲ့နှင့် ထိုင်းစစ်တပ်တို့ကြား နယ်မြေအငြင်းပွားမှုမှာလည်း ကိုင်တွယ်ဆောင်ရွက်ခဲ့ဖူးသူ ဖြစ်ပါတယ်။ ထိုစဉ်ကလည်း အငြင်းပွားခဲ့တဲ့ နယ်စပ်နယ်နိမိတ်ဟာ နှစ်ဖက်တရားဝင်ပိုင်ဆိုင်မှုမရှိသော “ no man’s land” လို့ သူကပြောဆိုခဲ့ဖူးသူပါ။ “ဝ” တပ်ဖွဲ့နှင့် ၄င်းတို့ဖြစ်ခဲ့တဲ့ ပြဿနာမှာလည်း ထိုင်းစစ်တပ်ဟာ အင်အားတိုးချဲ့ပြင်ဆင်ထားတာကို ငြင်းဆိုသွားသူ ဖြစ်ပါသည်။ နိုဝင်ဘာလ ၃၀ ရက်နေ့ညက ထိုင်းငါးဖမ်းလှေဟာ စစ်ကောင်စီရေတပ်ရဲ့ပစ်ခတ်မှုကို ခံလိုက်ရပြီး လူသေဆုံးမှု ဖြစ်ခဲ့ပါတယ်။ မြန်မာနိုင်ငံတွင်း တော်လှန်ရေးအရှိန်မြင့်နေချိန်မှာ စစ်ကောင်စီနှင့် ထိုင်းစစ်တပ်တို့ကြား ပွတ်တိုက်မှုသတင်းဟာ ဘာကိုရည်ရွယ်နေသလဲဆိုတာ သိချင်စရာဖြစ်နေခဲ့သည်။

You may have missed