Categories

December 2024
M T W T F S S
 1
2345678
9101112131415
16171819202122
23242526272829
3031  
December 9, 2025

ဟုမ္မလင်းမြို့နယ်က ရှမ်းနီးတပ်နဲ့ စစ်တပ်ပူးပေါင်းထားတဲ့ တောင်ယာမော်စခန်းကို KIA သိမ်းပိုက်လိုက်ပြီး သုံ့ပန်း ၁၀ဦးကျော်နဲ့ လက်နက်အများအပြားရရှိ

ဟုမ္မလင်းမြို့နယ်က ရှမ်းနီးတပ်- SNA နဲ့ စစ်တပ်ပူးပေါင်းထားတဲ့ တောင်ယာမော်စခန်းကို KIA ပူးပေါင်းတပ်တွေက တိုက်ခိုက်သိမ်းပိုက်လိုက်ပြီး သုံ့ပန်း ၁၀ဦးကျော်နဲ့ လက်နက်အများအပြားရရှိခဲ့တယ်လို့ ကချင်စစ်ရေးသတင်းအရင်းမြစ်တွေထံက သိရပါတယ်။ဒီနေ့ နိုဝင်ဘာ ၃၀ရက် မနက်ပိုင်းမှာ စစ်ကိုင်း-ကချင် အစပ် ဟုမ္မလင်းနယ်ရှိ တောင်ယာမော် SNAနဲ့စစ်ကောင်စီစခန်းကို KIAနဲ့ KPDF ပူးပေါင်းတပ်ဖွဲ့တွေက အပြီးသတ်တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

ရှမ်းနီတပ်နဲ့ စစ်ကောင်စီတပ်သား ၁၀ ဦးကျော် အရှင်ဖမ်းဆီးရမိထားပြီး လက်နက်အများအပြားရရှိထားတယ်လို့လဲ သိရပါတယ်။ပြီးခဲ့တဲ့ နိုဝင်ဘာ ၁၈ရက်နေ့ကလည်း ဟုမ္မလင်းမြို့နယ်ရှိ ရှမ်းနီတပ်နဲ့ စစ်တပ် စခန်း တွေဖြစ်တဲ့ ပြီး ရွှေတွင်းစခန်းနဲ့ “ရာလာတီး” စခန်း နိုဝင်ဘာ ၃ ရက်နေ့က ရှစ်မျက်နှာဘုရားကုန်းနဲ့ ပန်ချယ်စခန်းတို့ကို KIA ပူးပေါင်းတပ်က တိုက်ခိုက်သိမ်းပိုက်ထားပါတယ်။

KIA ဟာ ကချင်အထူးဒေသ ၁တစ်ခုလုံးကို အခုနိုဝင်ဘာလအတွင်း အပြီးသတ်သိမ်းပိုက်ထားပြီးဖြစ်သလို စစ်ကိုင်းနဲ့ကချင် အစပ်မှာရှိတဲ့ စစ်ကောင်စီလက်အောက်ခံရှမ်းနီတပ်တွေကို အောက်တိုဘာ ၂၅ ရက်နေ့ကတည်းက ထိုးစစ်ဆင်နေတာ ဖြစ်ပါတယ်။

You may have missed