Categories

December 2024
M T W T F S S
 1
2345678
9101112131415
16171819202122
23242526272829
3031  
November 7, 2025

ရွှေစက်တော်ဘုရားအနီးမှာတိုက်ပွဲဖြစ်ခဲ့ပြီး စစ်ကောင်စီ ၁၀ ဦးသေ

ဒီနေ့ရက်စွဲနဲ့ထုတ်ပြန်တဲ့ တိုက်ပွဲသတင်းမှာ မင်းဘူးမြို့နယ်၊ ပုသိမ်-မုံရွာလမ်းမ ရွှေစက်တော်ဘုရားအဝင် ၃ မိုင်ဂိတ်အနီးတွင် စစ်ကောင်စီတပ်နှင့် မိမိတို့ တပ်ရင်းတို့ ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့သည်ဟု မင်းဘူးခရိုင် အမှတ် ၆ တပ်ရင်းက ရေးသားထားပါတယ်။ တိုက်ပွဲက နိုဝင်ဘာ ၂၇ ရက်နေ့ မနက် ၁၀ နာရီခွဲခန့်က တိုက်ပွဲဖြစ်သည်ဟု ဆိုပါတယ်။ အင်အား ၅၀ မှ ၆၀ ကြားရှိသည့် စစ်ကောင်စီတပ် စစ်ကြောင်းကို ရွှေစက်တော်ဘုရားအဝင်မုခ်ဝ ၃ မိုင် ဂိတ်အနီး၌ မိမိတို့တပ်က လမ်းမှ ကြားဖြတ်တိုက်ခိုက်ခဲ့ပြီး အနည်းဆုံး စစ်ကောင်စီ တပ်သား ၁၀ ဦးခန့် သေဆုံးခဲ့သည်ဟု ထုတ်ပြန်ထားပါတယ်။ သတင်းကြိုရခဲ့ပြီး အနီးကပ်တိုက်ပွဲဖြစ်ကာ လက်ဦးနိုင်မှုကြောင့် အောင်မြင်ခဲ့တာဖြစ်တယ်လို့ တော်လှန်တပ်ရင်းက သတင်းထုတ်ပြန်ပါတယ်။ မင်းဘူးမြို့မှ ၂၆ မိုင်သာကွာဝေးတဲ့ ရွှေစက်တော်ဘုရားအနီးမှာ ပြည်သူကိုအကာအကွယ်ယူပြီး စစ်ကောင်စီတပ်က အကြမ်းဖက်လုပ်ရပ်တွေကို ကျူးလွန်နေတယ်လို့ တော်လှန်ရေးတပ်ဖွဲ့ကဆိုပါတယ်။ ဒါ့ကြောင့် မင်းဘူးမြို့နယ်အတွင်း တိုက်ပွဲပြင်းထန်လာနိုင်လို့ ပြည်သူများအနေဖြင့် စစ်ကောင်စီတပ်များနဲ့ နီးနီးကပ်ကပ်ရှိမနေကြဖို့ကိုလည်း မင်းဘူးခရိုင် အမှတ်(၆)တပ်ရင်းက သတိပေးထားပါတယ်။ အဆိုပါတိုက်ပွဲမှာ စစ်ကောင်စီဘက်က လက်နက်ကြီးများနဲ့ ပြန်လည်တိုက်ခိုက်ပြီး ရဲဘော်တွေထိခိုက်မှုမရှိခဲ့ပါဘူး။ မင်းဘူးခရိုင်၊ အမှတ် (၆)တပ်ရင်းနှင့်အတူ မင်းဘူးခရိုင်၊ အမှတ်(၈)တပ်ရင်း မင်းဘူးခရိုင် ပကဖ ဒရုန်းလက်ရုန်းတပ်ဖွဲ့တို့က ပူးပေါင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

You may have missed