၂၀၂၄ ခုနှစ် နိုဝင်ဘာလ ၂၉ ရက် နေ့ နံနက်အချိန်တွင် မိမိတို့ လျှပ်စီးတပ်မှ ရဲဘော်များသည် မဟာမိတ် တော်လှန်ရေး တပ်ဖွဲ့များနှင့် ပူးပေါင်း၍ ရန်သူများကို မိုင်းဆွဲတိုက်ခိုက်ခဲ့ကြောင်းလျှပ်စီးတပ်ခွဲမှ သတင်း ဖော်ပြခဲ့ကြပါတယ်။ စစ်ကိုင်းတိုင်း ၊ ချောင်းဦးမြိုအတွင်းမှ ငါးရှန် ကျေးရွာအနီးရှိ စစ်ကောင်စီတပ်သားများ ဂိတ်ဆီသို့ ထွက်ခွာလာသော အင်အား ၃၀ ပါ စစ်ကြောင်းအား မို-င်းဆွဲနိုင်ခဲ့ခြင်း ဖြစ်ပါတယ်။ ရန်သူများရဲ့ ဖြတ်သန်းသွားလာမှုကို သတင်းရပြီးနောက် ၃ ရက်ကြာ အချိန်ယူ၍ ရှေ့ထွက်မို-င်း ၄ လုံး တင်ခဲ့ပြီးနောက်မှာ အခုလို အောင်မြင်စွာ တိုက်ခိုက်နိုင်ခြင်းဖြစ်တယ်လို့ ဆိုပါတယ်။ စစ်ကောင်စီတပ်များသည် ငါးယှန်ကျေးရွာ အနီး ဟန်သစ်ဆီဆိုင် အရှေ့ဘက် မီတာ ၃၀ ခန့်အကွာဝေးရှိ မိမိတို့မိုင်းကွင်းတွင်းအရောက်မှာ ဖောက်ခွဲနိုင်မှုကြောင့် ခြေပြတ်လက်ပြတ်ထိခိုက်ဒဏ်ရာများခဲ့ကြောင်း သတင်းအတည်ပြုနိုင်တယ်လို့ ရေးသားထားပါတယ်။ မိုင်းဆွဲပြီးနောက်မှာ နှစ်ဖက်ပစ်ခတ်မှု နာရီဝက်ခဲ့ရှိခဲ့ပြီးနောက် ရဲဘော်တွေ အထိအခိုက်မရှိ ပြန်လည်ဆုတ်ခွါခဲ့ကြောင်း ( မုံရွာခရိုင် အမှတ် -၁၂ တပ်ရင်း တပ်ခွဲ – ၃) က သတင်းထုတ်ပြန်ထားတာတွေ့ရပါတယ်။ ပူးပေါင်းတပ်တွေအနေနဲ့ကတော့ လျှပ်စီးတပ်ခွဲ ( မုံရွာခရိုင် အမှတ် -၁၂ တပ်ရင်း တပ်ခွဲ – ၃) နဲ့အတူ မုံရွာခရိုင်အမှတ်-၁၂ တပ်ရင်း ၊ တပ်ခွဲ- ၄၊ မုံခရိုင် အမှတ်-၁၅ တပ်ရင်း၊ ရှန်းရှန်းတောက် ပြည်သူ့ကာကွယ်ရေး အဖွဲ့ တို့မှ အတူတကွ ပူးပေါင်း ဆောင်ရွက်ခဲ့တာဖြစ်သည်
More Stories
မဲပလီစခန်းက ဒုတပ်ရင်းမှူး ဗိုလ်မှူးခန့်နိုင်၊ ဗိုလ်ကြီးဇော်မင်းအပါ ၄၀ကျော်သေဆုံးပြီး စစ်ဦးစီး(တတိယတန်း)G3 ဗိုလ်ကြီးသော်တာအပါအဝင် စစ်သုံ့ပန်း(၂၇)ဦးဖမ်းမိ
ငဖဲရှိ ဂုတ်စည်းရိုးစခန်းကို AA သိမ်းပိုက်၊ မအလ ဇာတိ မင်းဘူးမြို့ထိ တိုက်ပွဲနီးကပ်လာ
တိုက်ပွဲသတင်းများ