နိုင်ငံတကာရာဇဝတ်ခုံရုံး (ICC) က ဖမ်း၀ရမ်းထုတ်တော့မယ့် အကြမ်းဖက် စစ်ခေါင်းဆောင် မင်းအောင်လှိုင်ကို ဖမ်းဆီးနိုင်ရေးနဲ့ တရားစီရင်နိုင်ရေးအတွက် အစွမ်းကုန် အရှိန်မြှင့် ကြိုးပမ်းအားထုတ်မယ်လို့ အမျိုးသာညီ ညွတ်ရေးအစိုးရ-NUG ၊ ကရင်အမျိုးသားအစည်းအရုံး-KNU ၊ ကရင်နီအမျိုးသားတိုးတက်ရေးပါတီ-KNPP နဲ့ ချင်းအမျိုးသားတပ်ဦး-CNF တို့က ပူးတွဲကြေ ညာချက်တစ်ရပ်ကို ထုတ်ပြန်လိုက်ပါတယ်။
လူသားမျိုးနွယ်အပေါ် ကျူးလွန်တဲ့ ရာဇဝတ်မှုနဲ့ ဖမ်းဝရမ်းထုတ် ခံရမယ့် တရားခံ မင်းအောင်လှိုင်ကို နိုင်ငံတကာက ဖမ်းဆီးအရေးယူနိုင်ရေး၊ အလား တူ မြန်မာပြည်သူလူထုအပေါ် ကျူးလွန်တဲ့ လူသားမျိုးနွယ်အပေါ်ကျူးလွန်တဲ့ ရာဇဝတ်မှုများကိုလည်း ဖော်ထုတ်ပြီး နိုင်ငံတကာ ဥပဒေများနဲ့အညီ ICC၊ ICJ စတဲ့ နိုင်ငံတကာတရားစီရင်ရေးယန္တရားများတွေကတဆင့် တာဝန်ယူမှု၊ တာဝန်ခံမှုရှိစေရေးအတွက် အစွမ်းကုန်အရှိန်မြှင့် ကြိုးပမ်းအားထုတ် သွားမယ်လို့ မနေ့က နိုဝင်ဘာ ၃၀ရက်မှာ ကြေညာလိုက်တာဖြစ်ပါတယ်။
အကြမ်းဖက်စစ်ခေါင်းဆောင်နဲ့ ပတ်သက်ဆက်စပ်သူအားလုံး ပျက်စီးဆုံး ရှုံးမှုများကိုသာ မလွဲမသွေ ရင်ဆိုင်ကြုံတွေ့ကြရမှာဖြစ်ပြီး စစ်တပ်အတွင်းရှိ တပ်မတော်သားအားလုံး တပ်မတော်ကို လူသားမျိုးနွယ်အပေါ် ကျူးလွန်တဲ့ ရာဇဝတ်မှုအတွက် တာဝန်ရှိသူ မင်းအောင်လှိုင် လက်ထဲက ပြန်လည်ကယ်တင်ပေးဖို့ ကြေညာချက်မှာဖော်ပြပါတယ်။စစ်ရာဇဝတ်မှု၊ လူသားမျိုးနွယ်အပေါ် ကျူးလွန်သော ရာဇဝတ်မှုများကြောင့် နစ်နာခဲ့၊ နစ်နာ နေရတဲ့ တိုင်းရင်းသားပြည်သူတွေနဲ့ အနာဂတ်ပြည်ထောင် စုမှာ စစ်တပ်ရဲ့ အဖန်တလဲလဲ အာဏာ သိမ်းယူမှုများ မဖြစ်ပေါ်ရေးကိုရည် ရွယ်တဲ့ အသွင်ကူးပြောင်းရေးကာလ တရားမျှတမှုကို ဖော်ဆောင် ရေးမှာ မမှိတ်မသုန်ထားရှိတဲ့ ကတိကဝတ်ဖြစ်ပါကြောင်း NUG ၊ KNU ၊ CNF နှင့် KNPP က ပူးတွဲ ကြေညာထားပါတယ်။
More Stories
စစ်တပ်က ဖမ်းဆီးခြင်းကို ခံထားရတဲ့ပြည်သူ တစ်ဦး လက်နက်တွေပါယူဆောင်ပြီး တော်လှန်ရေးတပ်တွေထံ အပ်နှံလို့ သိန်းတစ်ရာချီးမြှင့်၊ပခုက္ကူ တပ်မ ၁၀၁က တပ်သားသစ်စုဆောင်းခံရသူတစ်ဦး လက်နက်တွေနဲ့အလင်းဝင်လာလို့ သိန်း ၁၀၀နဲ့ ဖုန်း ၁လုံးချီးမြှင့်
ငဖဲရှိ ဂုတ်စည်းရိုးစခန်းကို AA သိမ်းပိုက်၊ မအလ ဇာတိ မင်းဘူးမြို့ထိ တိုက်ပွဲနီးကပ်လာ
တိုက်ပွဲသတင်းများ