Categories

December 2024
M T W T F S S
 1
2345678
9101112131415
16171819202122
23242526272829
3031  
May 24, 2025

ထိုင်းကြည်းတပ်နှင့် ဝ တပ်ဖွဲ့တို့ တင်းမာမှုအပြီး၊ ထိုင်းရေတပ်နှင့် စစ်ကောင်စီရေတပ်တို့ကြား တင်းမာမှုဖြစ်ပြန်

မြန်မာနိုင်ငံတောင်ပိုင်း ကော့သောင်းမြို့နယ် ဇာဒက်ကြီးကျွန်းအနီး မြန်မာရေပိုင်နက်ကို ဝင်ရောက်ငါးဖမ်းခိုးသည်ဟုဆိုကာ စစ်ကောင်စီရေတပ်က ထိုင်းငါးဖမ်းလှေကို ပစ်ခတ်တိုက်ခိုက်လိုက်ပါတယ်။ မြန်မာရေလုပ်သားတွေလည်းပါဝင်တဲ့ ထိုင်းနိုင်ငံရဲ့ငါးဖမ်းစက်လှေ ၄ စီးကို ပစ်ခတ်ရာမှာ ထိုင်း ၂ ဦးသေဆုံးသွားပြီး စက်လှေ ၄ စီးကိုလည်း မြန်မာရေတပ်က ဖမ်းဆီးထားတယ်လို့ ကနဦးသတင်းတွေ ထွက်ပေါ်လာပါတယ်။ မနေ့ကည ၁၂ နာရီခန့်မှာ ပစ်ခတ်ခံရတဲ့ ထိုင်းငါးဖမ်းလှေတွေဟာ ထိုင်းနိုင်ငံ “နမ်ရုံ” နှင့် “နမ်မခန်း” စသည့်နယ်မြေဘက်က ငါးလှေတွေဖြစ်ကြောင်း သတင်းကဆိုပါတယ်။ ထိုင်းလှေနှစ်စီးကို စစ်ကောင်စီဖမ်းဆီးဆွဲခေါ်သွားပြီး ထိုင်းနှစ်ဦး သေဆုံးခဲ့ကြောင်း သတင်းများမှာ တွေ့ရပေမယ့် နောက်ဆုံးသိရတဲ့သတင်းတွေအရ တဦးသေဆုံးပြီး နှစ်ဦးဒဏ်ရာရတာဖြစ်ကြောင်း သိရပါတယ်။ ရေထဲခုန်ချထွက်ပြေးသွားတဲ့ မြန်မာနှင့် ကမ္ဘောဒီးယားရေလုပ်သားတွေအခြေအနေကိုတော့ သဲသဲကွဲကွဲမသိရသေးပါဘူး။ အပစ်ခံရပြီးနောက် ထွက်ပြေးနိုင်ခဲ့တဲ့ ထိုင်းလှေတွေကတော့ ထိုင်းနိုင်ငံ နမ်းယွန် ဆိပ်ကမ်းကို ဆိုက်ကပ်သွားနိုင်တာကို သတင်းများမှာတွေ့နေရပါတယ်။ ဒီဖြစ်စဉ်မှာ ပစ်ခတ်ခံရတဲ့နေရာဟာထိုင်းပင်လယ်ပိုက်နက်သာဖြစ်ကြောင်း The Nation သတင်းက ရေးထားပါတယ်။ ထိုင်းနှင့်မြန်မာနှစ်နိုင်ငံဟာ ကုန်းပိုင်းကောရေပိုင်းပါ အငြင်းပွားနယ်နိမိတ်တွေအဖြစ် ကာလကြာရှည်ထိစပ်နေပြီး ပြဿနာဖြစ်လေ့မရှိပါဘူး။ မြန်မာပြည်မြောက်ပိုင်းမှာ ဝတပ်ဖွဲ့နဲ့ထိုင်းစစ်တပ်ပြဿနာအပြီး ခုတခါ နှစ်နှစ်နိုင်ငံရေပြင်ပေါ် ပစ်ခတ်မှုတွေဖြစ်ခဲ့တာဟာ ထူးဆန်းတဲ့ ဖြစ်စဉ်တခုအဖြစ် မှတ်ယူနိုင်မှာလည်း ဖြစ်ပါတယ်။ မကြာခင်ကငြိမ်သက်သွားတဲ့ ဝ တပ်ဖွဲ့နှင့် ထိုင်းစစ်တပ်တို့ကြား နယ်မြေအငြင်းပွားမှုကတော့ စစ်ရေးတင်းမာတဲ့အဆင့်မဟုတ်ဘူးလို့ ထိုင်း ဒုဝန်ကြီးချုပ်က ပြောဆိုခဲ့ပါတယ်။ ယနေ့ မနက် ၃ နာရီခန့်က ထိုင်းကင်းလှည့်ရေယာဉ်ဟာ အခင်းဖြစ်ရာနေရာကို ရောက်ရှိသွားပေမယ့် စစ်ကောင်စီရေတပ်နဲ့ ပစ်ခတ်မှုတော့ မဖြစ်ခဲ့သေးပါဘူး။ ထိုင်းလှေများကို ဖမ်းဆီးသွားခြင်းကို တရားဝင် ကန့်ကွက်ထားကြောင်းနှင့် ဖမ်းဆီးခံထားရသော ငါးဖမ်းသမားများ လွတ်မြောက်ရေးအတွက် ကြိုးပမ်းဆောင်ရွက်နေကြောင်းလည်း ထိုင်းဘက်က ပြောဆိုထားပါတယ်။ ခေါင်စွတ်သတင်းဌာန အင်္ဂလိပ်ပိုင်းဝဘ်ဆိုက်ကတော့ အခုပစ်ခတ်မှုဟာ မြန်မာ့ရေပိုင်နက်အတွင်း ဖြစ်ခဲ့တာလို့ ရေးသားထားပြီး ပါယမ်ကျွန်းနဲ့ ၁၉ ကီလိုမီတာအကွာလို့ ဆိုပါတယ်။ သေဆုံးသွားတဲ့ ထိုင်းလူမျိုးဟာ အသက် ၂၄ နှစ်အရွယ်ရှိအမျိုးသားဖြစ်ပြီး မြန်မာရေတပ်က ဖမ်းဆီးသွားသူအရည်အတွက်ဟာ ၃၁ ဦးလို့ အတည်ပြုထားပါသည်။

You may have missed