အဓမ္မအာဏာသိမ်းမှုကြောင့် လက်နက်ကိုင်တော်လှန်ရေးကို မဖြစ်မနေရွေးချယ်ခဲ့ရတဲ့ပြည်သူတွေဟာ ခုလို လေးနှစ်နီးပါးကာလမှာတော့ လက်နက်ကိုယ်စီကိုင်ဆောင်ရင်း အကြမ်းဖက်ခေါင်းဆောင်ကို ရှင်းလင်းဖြုတ်ချဖို့ကြိုးစားနေကြပါတယ်။ တော်လှန်တိုက်ပွဲဆင်နွှဲရင်း တဖက်မှာလည်း စစ်ကောင်စီဒေါက်တိုင်အဖြစ် ကိုယ်ကျိုးအတွက်အသက်မွေးနေကြသူတွေကို တော်လှန်တပ်အသီးသီးက မကြာခဏ သတိပေးပြီး မနာခံတဲ့နောက်မှာတော့ ခုလိုရှင်းလင်းနေကြတာပါ။ နေပြည်တော်၊ ပုပ္ပသီရိမြို့နယ်၊ နေပြည်တော် -တောင်ညိုလမ်းမပေါ်မှာတော့ နာမည်ကျော် စစ်ကောင်စီဒေါက်တိုင် ပျူအမည်ခံ အစွန်းရောက်တဦးဟာ တော်လှန်တပ်တွေပစ်ခတ်လို့ သေဆုံးသွားပါကြောင်း နတ်မောက်မြို့နယ်အခြေစိုက် ကြိုး ကြာနီတပ်ရင်း (BO-7) က ဒီနေ့ သတင်းထုတ်ပြန်ခဲ့ပါတယ်။ မနေ့က နိုဝင်္ဘာ ၂၉ ရက် မွန်းလွဲ ၁ နာရီအချိန်မှာ ရှင်းလင်းသုတ်သင်ခံလိုက်ရတာပါ။
သေဆုံးသွားသူ မင်းမင်းက တော်လှန်ရေးရဲဘော်များရဲ့သတင်းကို စုံစမ်းရင်း နေပြည်တော် -တောင်ညိုလမ်းပိုင်းတနေရာကို ကားနဲ့အရောက်မှာတော့ ဗိဿနိုး ပြည်သူ့ကာကွယ်ရေး တပ်မတော်၊နတ်မောက်မြို့နယ်အခြေစိုက် ကြိုး ကြာနီတပ်ရင်း (BO-7) ရဲဘော်များက ပစ်ခတ်ရှင်းလင်းလိုက်နိုင်တာ ဖြစ်ပါတယ်။ အကြမ်းဖက်စစ်ကောင်စီနောက်လိုက် မင်းမင်းနှင့်အတူ နောက်လိုက် ၂ ဦးပါလာရာမှာ ရဲဘော်များရဲ့ပစ်ခတ်မှုက ခေါင်းဆောင်မင်းမင်းနှင့် နောက်လိုက် ၁ ဦးကို ရှင်းလင်းပစ်နိုင်ခဲ့တာပါ။
တဦးကတော့ ထွက်ပြေးသွားနိုင်ခဲ့ပါတယ်။ သေဆုံးသူမင်းမင်းဟာ မကွေး၊တောင်တွင်း၊ နတ်မောက်တဝိုက်မှာ ဒေါက်တိုင်ဒလန်လှုပ်ရှားမှုများကို လုပ်လေ့ရှိပြီး တပည့်တပန်းများနှင့်အတူ သေနတ်လည်း ကိုင်ဆောင်ခွင့်ရသူလို့ သိရပါတယ်။ စစ်ကောင်စီတပ်များရဲ့ အားကိုးခံရမှုကြောင့် ပြည်သူတွေကိုရိုက်နှက်ခြင်း ရွာမီးရှို့ခြင်း သတ်ဖြတ်ခြင်းတွေကိုလည်း လက်ရဲဇက်ရဲကျူးလွန်ခဲ့သူဖြစ်တယ်လို့ ကြိုးကြာနီတပ်ရင်းမှ သတင်းထုတ်ပြန်ပါတယ်။ လော်ဘီမင်းမင်းလို့လူသိများပြီး လက်နက်အတိုအရှည်နှစ်မျိုးလုံးရှိပေမယ့် အရှင်းလင်းခံရစဉ်မှာတော့ ဓားများသာပါလာခဲ့ပြီး တော်လှန်ရေးရဲဘော်တွေက အလွယ်တကူ သုတ်သင်လိုက်ကြပါတယ်။သူဟာ လင်းယုန်ပရဟိတအမည်ခံအဖွဲ့အစည်းကိုလည်း တည်ထောင်ထားပြီး စစ်ကောင်စီလက်အောက်ခံ သွေးသောက်အဖွဲ့ကို လက်နက်များစုဆောင်းတပ်ဆင်ပေးသူတဦး ဖြစ်ပါတယ်။ ပြည်သူ့စစ်၊ ပျူစောထီး၊ သွေးသောက်၊ ပရဟိတ စသောခေါင်းစဉ်အမျိုးမျိုးနဲ့ အာဏာသိမ်းအုပ်စုကို အကျိုးပြု ဒေါက်တိုင်ပြုနေပေမယ့် အခုတော့ သေဆုံးသွားပြီ ဖြစ်ပါသည်။
အလားတူပဲ ပဲခူးတိုင်း ကြို့ပင်ကောက်မြို့နယ် ဆင်ပိုက်အနောက်စုရွာမှ ပျူအမည်ခံ ဒေါက်တိုင် ကိုကိုဦးဆိုသူဟာလည်း ပစ်ခတ်ခံရပြီး သေဆုံးသွားကြောင်း ဒေသကာကွယ်ရေးတပ်ဖွဲ့ BTZM GBK-PDF က သတင်းထုတ်ပြန်ပါတယ်။ ဆင်ပိုက်အနောက်စုရွာ လမ်းကော်မတီဥက္ကဌလည်းဖြစ် အုပ်ကြီးနောက်လိုက်လည်းဖြစ် ပျူအမည်ခံတပ်စိတ်မှူးလည်းဖြစ်သူဟာ မနေ့က နိုဝင်္ဘာလ ၂၉ ရက်နေ့ ည ၈ နာရီ ၄၀ မိနစ်ခန့်မှာတော့ တိုက်ခိုက်ခံ သေဆုံးခဲ့ပါပြီ။ သေဆုံးသူကိုကိုဦးဟာ စစ်ကောင်စီလက်အောက်ခံအဖြစ်နဲ့ လျှပ်စစ်မီတာခများကို အကြောင်းပြကာ ကိုယ်ကျိုးရှာနေသူတဦးလည်း ဖြစ်ပါတယ်။ လက်အောက်ခံ ပျူ ၇ ဦးရဲ့ခေါင်းဆောင်လည်းဖြစ်သလို လက်ဗစ်ဗုံးကဲ့သို့ လက်နက်များကိုလည်း ကိုင်ဆောင်ခွင့်ရထားသူဖြစ်ကာ နယ်မြေစစ်ကောင်စီရဲ့ နောက်လိုက်အဖြစ်နဲ့ အသက်မွေးနေခဲ့ပါတယ်။ ရင်ဘတ်ကို ၄ ချက်ပစ်ရာမှာ ခုတော့ ပွဲချင်းပြီး သေဆုံးသွားပြီဖြစ်ကြောင်း သိရသည်။
More Stories
စစ်တပ်က ဖမ်းဆီးခြင်းကို ခံထားရတဲ့ပြည်သူ တစ်ဦး လက်နက်တွေပါယူဆောင်ပြီး တော်လှန်ရေးတပ်တွေထံ အပ်နှံလို့ သိန်းတစ်ရာချီးမြှင့်၊ပခုက္ကူ တပ်မ ၁၀၁က တပ်သားသစ်စုဆောင်းခံရသူတစ်ဦး လက်နက်တွေနဲ့အလင်းဝင်လာလို့ သိန်း ၁၀၀နဲ့ ဖုန်း ၁လုံးချီးမြှင့်
ငဖဲရှိ ဂုတ်စည်းရိုးစခန်းကို AA သိမ်းပိုက်၊ မအလ ဇာတိ မင်းဘူးမြို့ထိ တိုက်ပွဲနီးကပ်လာ
တိုက်ပွဲသတင်းများ