Categories

December 2024
M T W T F S S
 1
2345678
9101112131415
16171819202122
23242526272829
3031  
May 24, 2025

စစ်ရေးတင်းမာမှုတွေ တွေ့ဆုံဆွေးနွေးမယ်လို့ ထုတ်ပြန်ထားတာတောင် TNLA ထိန်းချုပ်ထားတဲ့ ကျောက်မဲမြို့ကို စစ်တပ်က ဂျက်ဖိုက်တာနဲ့ ဗုံးကြဲလို့ ပြည်သူ ၁၀ဦးသေဆုံးပြီး (၂၀)ကျော် ဒဏ်ရာရ

ရှမ်းပြည်နယ်၊ ကျောက်မဲမြို့ကို စစ်ကောင်စီတပ်က ဂျက်ဖိုက်တာနဲ့ ဗုံးကြဲတိုက်ခိုက်မှုလို့ ဒေသခံ (၁၀)ဦးသေဆုံးပြီး (၂၀)ဉီးထိမှန်ဒဏ်ရာရရှိကာ နေအိမ် (၂၅) လုံးထိခိုက်ပျက်စီးသွားခဲ့တယ်လို့ TNLA က သတင်းထုတ်ပြန်ပါတယ်။ကျောက်မဲမြို့ အင်ကြင်းတောင်ရပ်ကွက်မှာ မနေ့က နိုဝင်ဘာလ ၃၀ ရက်နေ့ ညနေ ၆နာရီခွဲအချိန် စစ်ကောင်စီတပ်က လေကြောင်းမှတဆင့် ပေါင်(၅၀၀)ဗုံး (၂)လုံး လာရောက်ဗုံးကြဲတိုက်ခိုက်ခဲ့ခြင်းဖြစ်တယ်လို့ သိရပါတယ်။

အဆိုပါ ဗုံးကြဲတိုက်ခိုက်မှုကြောင့် ​အဲ့ဒီရပ်ကွက်ရှိ ဒေသခံ (၁၀) ဉီးထိမှန်သေဆုံးပြီး (၂၀)ကျော် ထိမှန်ဒဏ်ရာရရှိခဲ့ကာ ဒဏ်ရာရရှိသူတွေကို ဆေးရုံသို့ အရေးပေါ်ပို့ဆောင်ဆေးဝါးကုသပေးနေပြီး သေဆုံးရုပ်အလောင်းတွေကို လိုက်လံရှာဖွေရှင်းလင်းနေတယ်လို့ သိရပါတယ်။၎င်းဗုံးကြဲတိုက်ခိုက်မှုဟာ ပလောင်ပြည်နယ်လွတ်မြောက်ရေးတပ်ဦး TNLA က စစ်ရေးတင်းမာမှုတွေ တွေ့ဆုံဆွေးနွေးဖြေရှင်းဖို့ အမြဲအသင့်ရှိကြောင်း ထုတ်ပြန်ချက် တရားဝင်ထုတ်ပြန်ပြီးနောက် ကျောက်မဲမြို့ကို လာရောက်ဗုံးကြဲတိုက်ခိုက်ခြင်းဖြစ်တယ်လို့ ထုတ်ပြန်ချက်မှာဖော်ပြပါတယ်။

TNLA ဘက်က ဗုံးကြဲခံပြည်သူတွေကို ငဲ့ညှာပြီး တရုတ်နိုင်ငံရဲ့ကြားဝင်မှုကြောင့် စစ်ရေးတင်းမာမှုတွေကို တွေ့ဆုံဆွေးနွေးမယ်လို့ ပြီးခဲ့တဲ့ နိုဝင်ဘာ ၂၅ရက်ရက်စွဲနဲ့ ထုတ်ပြန်စာတစောင် ထုတ်ပြန်ပြောဆိုထားပြီးဖြစ်ပါတယ်။စစ်ကောင်စီဟာ နောင်ချိုမြို့ကိုလည်း နိုဝင်ဘာလအတွင်း စစ်ကောင်စီတပ်က လေကြောင်းအသုံးပြုပြီး အပြစ်မဲ့ပြည်သူများရှိရာ ဉီးတည်တိုက်ခိုက်မှုကြောင့် ဒေသခံ ၁၈ဦးသေဆုံးပြီး ၄၃ဦးဒဏ်ရာရရှိကာ နေအိမ်များထိခိုက်ပျက်စီးခဲ့တယ်လို့ သိရပါတယ်။

You may have missed