KNDF တပ်ရင်း အမှတ် (၂၅) တိုက်ခိုက်ရေးရဲဘော်များအတွက်လိုအပ်နေတဲ့ ကျည်ကာအင်္ကျီ၊ ကျည်ကာဦးထုပ်၊ ကျည်ကာပြားများ ဝယ်ယူဖြည့်တင်းဖို့အတွက် “Saving Lives Project” ကို ပြုလုပ်နေပါတယ်။“Saving Lives Project” အနေနဲ့ မဲလက်မှတ်လေးတွေ ရောင်းချသွားမှာဖြစ်ပြီး မဲလက်မှတ်တစ်စောင်ကို မြန်မာငွေ ၂၀,၀၀၀ ကျပ်၊ ထိုင်းဘတ် ၂၀၀ ၊ စင်္ကာပူ ၆ ဒေါ်လာ၊ US ၅ ဒေါ်လာ၊ ဂျပန်ယန်း ၈၀၀၊သြစေတြးလျ ၁၀ ဒေါ်လာ၊ ကိုးရီးယားဝမ် ၆,၅၀၀ ၊ မလေးရှား ၂၀ ရင်းဂစ်ကျသင့်မှာဖြစ်ပါတယ်။
ဆုမဲတွေကတော့ ပထမဆု Iphone 16 Pro Max (256 GB)၊ ဒုတိယဆု ရွှေ(၁)ကျပ်သားပါဝင်တဲ့ ရွှေဆွဲကြိုးနဲ့ ရွှေဆွဲပြား၊ တတိယဆု Samsung Galaxy Tab 10 (128 GB)၊ စတုတ္ထဆု G-Shock (CBM02100-IA) နာရီ၊ ပဥ္စမဆု Acoustic Guitar တို့အပြင် တော်လှန်ရေးနဲ့ ပတ်သက်သော ပစ္စည်းများဖြစ်တဲ့The Way – အင်္ကျီ , ဦးထုပ် , လွယ်အိတ် ၊Bite Back – Tote Bags၊ Red Armor – Hoodies ၊Project KB2 – Tote Bags၊ ရန်ကုန်မှာပြန်ဆုံမယ် – T-shirts ၊မပြီးသေးဘူး ငါတို့အလှည့်ကျန်သေးတယ် – Tote Bag တို့ကို အထူးဆုအနေနဲ့ စီစဉ်ထားကြောင်း သိရပါတယ်။
တော်လှန်ရေးရဲဘော်တွေက လူပေါင်းများစွာရဲ့အသက်တွေနဲ့ ဒီမိုကရေစီကို ကာကွယ်ဖို့အတွက် သူတို့ရဲ့အသက်တွေကို လောင်းကြေးထပ်ထားကြရတာပါ။ အဲဒီလိုလောင်းကြေးထပ်ထားတဲ့ အသက်တွေကို ပြန်ကာကွယ်ပေးနိုင်ဖို့အတွက် “Saving Lives Project” မှာ ပါဝင်နိုင်ပါတယ်။ပရောဂျက်ကာလက နိုဝင်ဘာ (၂၅) ရက်ကနေ ဒီဇင်ဘာလ (၂၅) ရက်အထိ ကြာမြင့်မှာဖြစ်ပြီး ပြည်တွင်းပြည်ပက တော်လှန်ပြည်သူများအနေနဲ့ ကိုယ်ကိုယ်တိုင်က အသက်ကယ်တဲ့သူဖြစ်ဖို့ Karenni Nationalities Defense Force- KNDF-25 Page ကို ဆက်သွယ်ပြီး “Saving Lives Project” မဲကမ်ပိန်းမှာ ပါဝင်ပေးကြဖို့ တိုက်တွန်းနှိုးဆော်လိုက်ရပါတယ်။
More Stories
စစ်တပ်က ဖမ်းဆီးခြင်းကို ခံထားရတဲ့ပြည်သူ တစ်ဦး လက်နက်တွေပါယူဆောင်ပြီး တော်လှန်ရေးတပ်တွေထံ အပ်နှံလို့ သိန်းတစ်ရာချီးမြှင့်၊ပခုက္ကူ တပ်မ ၁၀၁က တပ်သားသစ်စုဆောင်းခံရသူတစ်ဦး လက်နက်တွေနဲ့အလင်းဝင်လာလို့ သိန်း ၁၀၀နဲ့ ဖုန်း ၁လုံးချီးမြှင့်
ငဖဲရှိ ဂုတ်စည်းရိုးစခန်းကို AA သိမ်းပိုက်၊ မအလ ဇာတိ မင်းဘူးမြို့ထိ တိုက်ပွဲနီးကပ်လာ
တိုက်ပွဲသတင်းများ