Categories

November 2024
M T W T F S S
 123
45678910
11121314151617
18192021222324
252627282930  
June 10, 2026

NUG တောင်ပိုင်းတိုင်းစစ်ဒေသမှာ တပတ်အတွင်း စစ်သား ၅၂ဦးသေဆုံးခဲ့၊ကော့ကရိတ်-မြဝတီ အာရှလမ်းပိုင်းမှာ စစ်တပ်စစ်ကြောင်းတွေကို ပိတ်ဆို့ ဖြတ်တောက်တိုက်ခိုက်နေတယ်လို့ ဆို

အမျိုးသားညီညွတ်ရေးအစိုးရ- NUG ၊ ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ တောင်ပိုင်းစစ်ဒေသမှာ တပတ်အတွင်း ‌စစ်ကောင်စီတပ်သား ၅၂ဦးသေဆုံးခဲ့တယ်လို့ သိရပါတယ်။နိုဝင်ဘာ ၂၃ မှ နိုဝင်ဘာ ၂၉ ရက်နေ့ထိ တပတ်အတွင်း စစ်ကောင်စီတပ်စွဲထားရာနေရာများနဲ့ စစ်ကောင်စီစစ်ကြောင်းတွေကို တော်လှန်ရေးပူး‌ပေါင်းတပ်ဖွဲ့က သွားရောက်တိုက်ခိုက်ခဲ့မှု ၂၇ ကြိမ်ရှိခဲ့ပြီး တိုက်ပွဲများအတွင်း စစ်ကောင်စီတပ်သား ၅၂ ဦး သေဆုံးခဲ့တယ်လို့ တောင်ပိုင်းတိုင်းစစ်ဒေသက ဒီနေ့ ထုတ်ပြန်ပါတယ်။

တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့ဘက်က ရဲဘော် ၂ ဦး တိုင်းပြည်အတွက် မြင့်မြတ်စွာ အသက်ပေးလှူသွားပြီး ၄ ဦး မစိုးရိမ်ရ ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။PDF နဲ့ မဟာမိတ်ပူးပေါင်းတပ်ဖွဲ့တွေက အကြမ်းဖက်အာဏာသိမ်းစစ်တပ်ကို နည်းမျိုးစုံဖြင့် ဖိအားပေးတိုက်ခိုက်လျက်ရှိပြီး ကော့ကရိတ်-မြဝတီ အာရှလမ်းပိုင်းတွင်လည်း စစ်ကောင်စီတပ်ရဲ့ ရိက္ခာနဲ့ တပ်ကူလမ်းကြောင်းများကို လိုက်လံပိတ်ဆို့ ဖြတ်တောက်ကာ တိုက်ခိုက်လျက်ရှိတယ်လို့ ထုတ်ပြန်ချက်အရ သိရပါတယ်။

You may have missed