သစ်တောဝန်ကြီးဌာန CDM ဆင်ဦးစီး၊ ဆင်အုပ်၊ ဆင်ထိန်းများနဲ့ ပြည်သူ့လွတ်မြောက်ရေးတပ်မတော်-PLA တပ်မှုးတပ်သားများ ဆုံတွေ့ခဲ့တယ်လို့ PLA က သတင်းထုတ်ပြန်ပါတယ်။အဆိုပါ ဆင်ဦးစီး၊ ဆင်ထိန်းနဲ့ ဆင်တွေဟာ မန္တလေးတိုင်း စဉ့်ကူး၊ သပိတ်ကျင်းနယ်မြေတွေထဲက စစ်အုပ်စုပိုင် ဆင်ဝိုင်း ၁၁ဝိုင်းကနေ ပြီးခဲ့တဲ့ ဇူလိုင်လအတွင်း CDM ပြုလုပ်ထားတာဖြစ်ပြီး ပြည်သူ့လွတ်မြောက်ရေးတပ်မတော် PLA ထိန်းချုပ်နယ်မြေထဲရှောင်တိမ်းလာခဲ့တဲ့အတွက် PLA က ထိန်းသိမ်းစောင့်ရှောက်ခဲ့တာဖြစ်ပါတယ်။
“ဆင်ဝိုင်းများမှ ဆင်တချို့၏ နံမည်များမှာဆင်မလေး လှအေး၊ နှင်းမူယာ၊ တင်းနုနု၊ ဇာဇာတင်၊ အေးလှ၊ ၉ လသားဆင်ပေါက်ကလေးနံမည်က ချော်လဲ (သို့) မိုးနှောင်းဖြစ်ပါသည်။အခြားဆင်နံမည်များမှာ အောင်တင်ဦး၊ သော်ဇင်၊ ယာမိုး၊ ကျာလိ၊ မြင့်နိုင်ဦး၊ ဇော်မြချစ်၊ အောင်ဇာတင်၊ ထိုက်ဇာစိုးနှင့် မင်းစိုးထိုက်ဟု မှည့်ခေါ်ထားကြောင်းသိရှိရပါသည်။ဆင်ပေါက်လေးက ခဏ ခဏ ချော်လဲလို့ ချော်လဲဟု ခေါ်ကြောင်း သိရှိရပါသည်။ဆင်စီးထားသောပုံထဲမှ ဆင်မလေးမှာ လှအေးဟု မှည့်ခေါ်ထားကြောင်းသိရပါသည်။”လို့ PLA က ဒီနေ့ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
PLA က ထိန်းသိမ်းစောင့်ရှောက်ထားတဲ့ ဆင်ဝိုင်း ၁၁ ဝိုင်းမှာ စစ်အုပ်စုရဲ့ သစ် တော ဝန်ကြီးဌာနပိုင် သစ်ထုတ်ဆင်တွေ၊ ဆင်အုပ်၊ ဆင်ထိန်းတွေရဲ့ မိသားစုတွေ ပါဝင်ပြီး ပြီးခဲ့တဲ့ စက်တင်ဘာ ၂၅ရက်မှာ PLA ထိန်းချုပ်ထားတဲ့ မိုးကုတ်မြို့ကျပ်ပြင်ဒေသကို ပြောင်းရွှေ့ထိန်းသိမ်းထားတယ်လို့ ဒေသတွင်းသတင်းတွေအရ သိရပါတယ်။
More Stories
စစ်တပ်က ဖမ်းဆီးခြင်းကို ခံထားရတဲ့ပြည်သူ တစ်ဦး လက်နက်တွေပါယူဆောင်ပြီး တော်လှန်ရေးတပ်တွေထံ အပ်နှံလို့ သိန်းတစ်ရာချီးမြှင့်၊ပခုက္ကူ တပ်မ ၁၀၁က တပ်သားသစ်စုဆောင်းခံရသူတစ်ဦး လက်နက်တွေနဲ့အလင်းဝင်လာလို့ သိန်း ၁၀၀နဲ့ ဖုန်း ၁လုံးချီးမြှင့်
ငဖဲရှိ ဂုတ်စည်းရိုးစခန်းကို AA သိမ်းပိုက်၊ မအလ ဇာတိ မင်းဘူးမြို့ထိ တိုက်ပွဲနီးကပ်လာ
တိုက်ပွဲသတင်းများ