အခုနှစ် အောက်တိုဘာလအတွင်း စုဆောင်းရရှိခဲ့တဲ့ စစ်ကောင်စီရဲ့ လူ့အခွင့်အရေးချိုးဖောက်မှုများအနက် စစ်ကိုင်းတိုင်းက လူ့အခွင့်အရေးအချိုးဖောက်ခံရဆုံးဖြစ်တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ၊ လူ့အခွင့်အရေးဆိုင်ရာ ဝန်ကြီးဌာနရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။အောက်တိုဘာလ အတွင်း စစ်ကိုင်းတိုင်းဒေသကြီးဟာ လူ့အခွင့်အရေးချိုးဖောက်ခံရမှု အများဆုံးဖြစ်ခဲ့ပြီး ၉၃ မှုထိ ရှိခဲ့ တယ်လို့ သိရပါတယ်။ဒုတိယအများဆုံးအဖြစ် ရခိုင်ပြည်နယ်က ကျူးလွန်ခံခဲ့ရကာ တတိယအနေနဲ့ မကွေးတိုင်းက လူ့အခွင့်အရေးချိုးဖောက်ခံရတယ်လို့ NUG ရဲ့ မှတ်တမ်းဖော်ပြချက်အရ သိရပါတယ်။အောက်တိုဘာလအတွင်းအစုလိုက်သတ်ဖြတ်ခံရမှုကြောင့် သေဆုံးသူ ၉၀ထိရှိပြီး လေကြောင်းတိုက်ခိုက်မှုကြောင့် လူပေါင်း ၁၁၀သေဆုံးခဲ့တယ်လို့ သိရပါတယ်။နေအိမ် ၂၂၁လုံး၊ စာသင်ကျောင်း ၁၃ကျောင်း၊ ဘာသာရေးအဆောက်အအုံ ၂၆လုံးနဲ့ ဆေးရုံ ၆ခုပျက်စီးဆုံးရှုံးခဲ့ရတယ်လို့လည်း သိရပါတယ်။
ဒါ့အပြင် အကြမ်းဖက် စစ်အုပ်စုရဲ့ အောက်တိုဘာလအတွင်း လူ့အခွင့်အရေးချိုးဖောက်ကျူးလွန်မှု စုစုပေါင်း (၅၉၉) မှုကို အမျိုးသားညီညွတ်ရေးအစိုးရ၊ လူ့အခွင့်အရေးဆိုင်ရာဝန်ကြီးဌာနက ကောက်ယူ၊ မှတ်တမ်းတင် ထားရှိတယ်လို့ လဲ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။ရခိုင်ပြည်နယ်သည် (၄၅) ကြိမ်အထိ လေကြောင်းတိုက်ခိုက်ခံရမှု အများဆုံး ဖြစ်ပွားခဲ့ကြောင်းလည်း တွေ့ရှိ ရပြီး တခြားသော ချိုးဖောက်ခံမှု ဖြစ်စဉ်များ သေဆုံးသူအရေအတွက်နဲ့ ပျက်စီးဆုံးရှုံးမှုများကိုလည်း စနစ်တကျ မှတ်တမ်းတင်ထားရှိပြီးဖြစ်တယ်လို့ သိရပါတယ်။လူ့အခွင့်အရေးဆိုင်ရာဝန်ကြီးဌာနအနေနဲ့ ပြည်သူတစ်ရပ်လုံး တန်းတူညီမျှမှုရရှိရေး၊ ငြိမ်းချမ်းရေးနှင့် တရားမျှတမှုရရှိရေးတည်းဟူသော ဦးတည်ချက်များကို ခိုင်ခိုင်မာမာလက်ကိုင်ဆွဲထားပြီး အကြမ်းဖက် စစ်အုပ်စုရဲ့ ကျူးလွန်မှုများကိုအပြစ်ပေးအရေးယူနိုင်ရေး အစွမ်းကုန်တာဝန်ယူဆောင်ရွက်သွားမယ်လို့ ကတိပြုပြောပါတယ်။
More Stories
စစ်တပ်က ဖမ်းဆီးခြင်းကို ခံထားရတဲ့ပြည်သူ တစ်ဦး လက်နက်တွေပါယူဆောင်ပြီး တော်လှန်ရေးတပ်တွေထံ အပ်နှံလို့ သိန်းတစ်ရာချီးမြှင့်၊ပခုက္ကူ တပ်မ ၁၀၁က တပ်သားသစ်စုဆောင်းခံရသူတစ်ဦး လက်နက်တွေနဲ့အလင်းဝင်လာလို့ သိန်း ၁၀၀နဲ့ ဖုန်း ၁လုံးချီးမြှင့်
ငဖဲရှိ ဂုတ်စည်းရိုးစခန်းကို AA သိမ်းပိုက်၊ မအလ ဇာတိ မင်းဘူးမြို့ထိ တိုက်ပွဲနီးကပ်လာ
တိုက်ပွဲသတင်းများ