Categories

November 2024
M T W T F S S
 123
45678910
11121314151617
18192021222324
252627282930  
March 16, 2025

မြန်မာနိုင်ငံအလယ်ပိုင်းထိ စစ်နယ်ချဲ့နေပြီး Y12 ၂စီးကို ဖျက်ဆီးနိုင်ခဲ့၊ စစ်ကောင်စီလေကြောင်း တိုက်ခိုက်မှုကြောင့် ပြည်သူ ၄ထောင်နီးပါး ထိိခိုက်ပျက်ဆီးခဲ့

မြန်မာနိုင်ငံအလယ်ပိုင်းထိ စစ်နယ်ချဲ့နေပြီး Y12 ၂စီးကို ဖျက်ဆီးနိုင်ခဲ့ကာ စစ်ကောင်စီလေကြောင့်တိုက်ခိုက်မှုကြောင့် ပြည်သူ ၄ထောင်နီးပါး ထိိခိုက်ပျက်ဆီးခဲ့ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ သမ္မတရုံးပြောရေးဆိုခွင့်ရှိသူ ဦးကျော်ဇော်က ပြောပါတယ်။ဒီနေ့နိုဝင်ဘာ ၂၆ရက်မှာ ပြုလုပ်တဲ့ “ပြည်သူလူထုနှင့်နိုင်ငံတကာသို့သတင်းစကားပြောကြားခြင်း(Press Briefing)အစီအစဉ်”မှာ ပြောကြားခဲ့တာဖြစ်ပါတယ်။

ဖိအားတွေကြားကပဲ မြန်မာနိုင်ငံအလယ်ပိုင်းမှာ လုံခြုံရေးတင်းကြပ်ထားတဲ့ အခိုင်အမာစစ်နယ်မြေတွေတိုက်ခိုက်ဖို့ ပိုမိုလုပ်ဆောင်နေကြောင်း၊ မတ္ထီလာလေတပ်စခန်းနဲ့ အခြားသော စစ်ရေးပစ်မှတ်တွေကို လူထုထိခိုက်မှုမရှိအောင် ပကဖနဲ့ ပြည်သူ့တော်လှန်ရေးအဖွဲ့တွေ တိုက်ခိုက်နိုင်ခဲ့ပြီး Y-12လေယာဉ် ၂စီးကို ဖျက်ဆီးနိုင်ခဲ့တာ ဟာ သက်သေဖြစ်တယ်လို့ ဦးကျော်ဇော်က ပြောပါတယ်။အကြမ်းဖက်စစ်တပ်ဟာ ရုရှားနဲ့ အခြားနိုင်ငံအချို့နဲ့ပူးပေါင်းပြီး အရပ်သားပြည်သူတွေကို လေကြောင်းကနေ အရှိန်အဟုန်မြှင့်တိုက်ိခုက်နေတာဟာ ၂၀၂၀ခုနှစ်မှာ လေကြောင်းတိုက်ခိုက်မှု ၄၀၄ခုသာရှိခဲ့ပြီး ၂၀၂၃ခုနှစ်မှာ လေကြောင်းတိုက်ခိုက်မှု ၁၁၆၀ထိရှိခဲ့ကာ အခု ၂၀၂၄ခုနှစ် အောက်တိုဘာ လကုန်ထိ လေကြောင်းတိုက်ခိုက်မှုကြောင်း ၂၆၄၈ကြိမ်ထိ အရှိန်အဟုန်မြှင့် တိုက်ခိုက်ခဲ့ကြောင်း NUG ပြောခွင့်ရက ဆိုပါတယ်။လေကြောင်းတိုက်ခိုက်မှုကြောင့် အရပ်သား ၄ထောင်နီးပါးထိခိုက်သေဆုံးခဲ့ရပြီး ငွေကြေး၊ လက်နက်နဲ့ လေယာဉ်ဆီဖြတ်တောက်ခြင်းအားဖြင့် နိုင်ငံတည်ငြိမ်အေးချမ်းအောင်လုပ်ဆောင်နိုင်မှာ ဖြစ်တယ်လို့ NUG ကပြောပါတယ်။

You may have missed