Categories

November 2024
M T W T F S S
 123
45678910
11121314151617
18192021222324
252627282930  
June 10, 2026

မတ္တရာကို စစ်ကောင်စီတပ် အပြင်းအထန် ထိုးစစ်ဆင်နေ

တော်လှန်ရေးတပ်တွေ ထိန်းချုပ်ထားတဲ့ မတ္တရာမြို့ အနောက်ဘက်ခြမ်းကို စစ်ကောင်စီက အပြင်းအထန်ထိုးစစ်ဆင်နေပြီး ကာကွယ်ရေးတပ်တွေကလည်း နေရာအချို့နောက်ဆုတ်ပေးလိုက်ရတွေရှိနေတယ်လို့ စစ်ရေးသတင်းအရင်းမြစ်တွေထံက သိရပါတယ်။ပြီးခဲ့တဲ့ နိုဝင်ဘာ ၂၃ရက်က မတ္တရာ မြို့နယ် အနောက်ခြမ်း သမင်ခြံရွာကို စစ်ကောင်စီတပ်တွေ ရောက်ရှိနေပြီး တစ်ရွာလုံးနီးပါး မီးတင်ရှို့နေကြောင်း Voice of Mandalay အဖွဲ့က အသိပေးပါတယ်။

မတ္တရာမြို့ရှိ တပ်စခန်း ၄၀နီးပါးကို ပြီးခဲ့တဲ့ ဇွန်လကစတင်ခဲ့တဲ့ ရှမ်းမန်းစစ်ဆင်ရေးအတွင်း ပြည်သူ့ကာကွယ်ရေးတပ်တွေ ထိန်းချုပ်ထားတာဖြစ်ပြီး မတ္တရာအရှေ့ခြမ်းတခုလုံးကို ထိန်းချုပ်ခဲ့ကာ အနောက်ခြမ်းမှာတော့ တပ်စခန်းအချို့ကို သိမ်းပိုက်ထိန်းချုပ်ခဲ့တာပါ။မတ္တရာကို စစ်ကောင်စီအကြိမ်ကြိမ်စစ်ကြောင်းထိုးလာပေမယ့် အောက်တိုဘာလအထိ ထိန်းချုပ်ထားဆဲဖြစ်ကြောင်း ပြည်သူ့ကာကွယ်ရေးတပ်မတော် မန္တလေးက ထုတ်ပြန်ခဲ့ပါတယ်။

စစ်ကောင်စီအင်အား ရာချီဟာ နိုဝင်ဘာလ ဒုတိယပတ်ကစလို့ စစ်ကြောင်း လေးကြောင်းခွဲပြီး ရွာတွေထဲ ထိုးစစ်ဆင်နေသလို လက်နက်ကြီးတွေနဲ့ ပစ်ခတ်နေပြီး ပြီးခဲ့တဲ့ နိုဝင်ဘာ ၂၂ရက်က မတ္ထရာမြို့နယ် အနောက်ဘက် မြစ်ရိုးဘက်ရှိ ကျေးရွာတွေကို အဆိပ်ဓာတု ဗုံးတွေနဲ့ လက်နက်ကြီး ၃လုံးကြဲချခဲ့လို့ ပြည်သူများ မူးမေ့သတိလစ်ထိခိုက်ခဲ့ပါတယ်။

မတ္တရာမြို့နယ်ဟာ မန္တလေးမြို့နဲ့ နီးတာကြောင့် စစ်ရေးအရအရေးပါတဲ့မြို့ဖြစ်ပြီး စစ်ကောင်စီက မြို့ကို ပြန်လည်ထိန်းချုပ်နိုင်ရေးကြိုးပမ်းလာတာဖြစ်ပါတယ်။မတ္တရာမြို့ထဲက ကျေးရွာ ၁၀ရွာထက်မနည်း မီးရှို့ခံထားရပြီး ရွာပေါင်း ၃၀ကျော်က သောင်းနဲ့ချီတဲ့ပြည်သူတွေ စစ်ရှောင်နေရကာ စစ်တပ်ရဲ့ လက်နက်ကြီးလေကြောင်း ဗုံးကြဲမှုကြောင့် သေဆုံးရတဲ့ပြည်သူ ၁၀ဦးနီးပါးရှိလာပြီလို့ သိရပါတယ်။မတ္တရာမြို့အရှေ့ခြမ်းမှာတော့ တရုတ်နိုင်ငံရဲ့ ရင်းနှီးမြှုပ်နှံမှုနဲ့ လည်ပတ်နေတဲ့ Alpha ဘိလပ်မြေစက်ရုံနဲ့ အင်ကြင်းမြိုင် လေကြောင်းရန် ကာကွယ်ရေးတပ်စခန်းတွေကို ပြည်သူ့ကာကွယ်ရေးတပ်မတော် မန္တလေး (MDY- PDF) က ထိန်းချုပ်ထားဆဲ ဖြစ်တယ်လို့ သိရပါတယ်။

You may have missed