Categories

November 2024
M T W T F S S
 123
45678910
11121314151617
18192021222324
252627282930  
July 8, 2025

အမျိုးသားအောင်ပွဲနေ့ ဂုဏ်ပြုသဝဏ်လွှာတွင် ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုတည်ဆောက်ဖို့ အန်ယူဂျီအစိုးရကတိပြု

နိုဝင်ဘာလ ၂၅ ရက်နေ့မှာကျရောက်တဲ့ ၁၀၄ နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ ဂုဏ်ပြုသဝဏ်လွှာကို အမျိုးသားညီညွတ်ရေးအစိုးရမှ ထုတ်ပြန်ခဲ့တာဖြစ်ပါတယ်။ အဆိုပါသဝဏ်လွှာထဲမှာတော့ စစ်ရေးနိုင်ငံရေးတော်လှန်ရေးကာလအတွင်း ဒုက္ခအဝဝခံနေရတဲ့ မြန်မာပြည်သူတွေကို အမျိုးသားညီညွတ်ရေးအစိုးရသည် ဘေးအန္တရာယ်အပေါင်းမှ ကင်းဝေးကြစေ ကြောင်း ဆုတောင်းမေတ္တာပို့သတယ်လို့ ရေးသားထားပါတယ်။ ၁၈၈၅ ခုနှစ်တွင် မိမိတို့နိုင်ငံသည် ကိုလိုနီနယ်ချဲ့လက်အောက်မှ လွတ်မြောက်ရေးအတွက် ပထမဆုံး သပိတ်တိုက်ပွဲဆင်နွဲသည့်နေ့ကို အမှတ်သညာပြုပြီး အမျိုးသားအောင်ပွဲနေ့ အဖြစ် သတ်မှတ်ခဲ့ကြပါသည်။ လွတ်လပ်ရေးရပြီးသည့်တိုင်လည်း နှစ်စဉ် အမျိုးသားအောင်ပွဲနေ့ကို ကျင်းပခြင်းဖြင့် တော်လှန်ရေးစိတ်ကိုနိုးကြားစေခဲ့ကြောင်း ဖော်ပြပါရှိပါတယ်။

ယနေ့ခေတ်သည် စစ်အာဏာရှင်စနစ်ဆိုးကို တောင်တန်းမြေပြန့် တိုင်းရင်းသား ပေါင်းစုံနှင့် မြန်မာပြည်သူလူထု တရပ်လုံးက ရရာလက်နက်ဖြင့်တော်လှန်ပြီး ဖယ်ဒရယ်ဒီမိုကရေစီပြည်ထောင်စုကြီး တည်ဆောက်ရေးအတွက် နွေဦး တော်လှန်ရေး ကြီးကို ဆင်နွဲနေသည့်ကာလဖြစ်ပါသည်။ ကိုလိုနီနှင့်ဖက်ဆစ်ဝါဒများကို အောင်မြင်ခဲ့သကဲ့သို့ ယခုလက်ရှိတော်လှန်‌ကြီးကိုလည်း တိုင်းရင်းသား၊ လူတန်းစားပေါင်းစုံ စည်းလုံးညီညွတ်စွာဖြင့် စစ်အာဏာရှင်စနစ်ကို အပြီးတိုင်ဖြိုဖျက် တွန်းလှန်နိုင်ဖို့အရေး အမျိုးသားညီညွတ်ရေးအစိုးရက တိုက်တွန်းထားပါတယ်။ ဒါ့အပြင် အမျိုးသားညီညွတ်ရေးအစိုးရအနေနဲ့ ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုပေါ်ပေါက်သည်အထိ တိုင်းရင်းသားများနှင့်အတူ ကျောချင်းကပ်တော်လှန်မယ်လို့လည်း ကတိပြုထားသည်ကို တွေ့ရပါတယ်။ သဝဏ်လွှာထဲတွင် ယခုခေတ်တော်လှန်ရေးမှာ ပြန့်ကြဲလျက်ရှိသော မဟာမိတ်တော်လှန်ရေးအင်အားစုအသီးသီးအနေနဲ့ (PDF)တပ်ရင်းများနှင့်အတူချိတ်ဆက်ပူးပေါင်းပြီး စနစ်တကျတွန်းလှန်ဖို့ ၊ ဖက်ဒရယ်ဒီမိုကရေစီနိုင်ငံတော်သစ်တည်ဆောက်ရေးအတွက် အတူကြိုးစားဖို့ ဖိတ်ခေါ်ပန်ကြားခဲ့ကြတာကို တွေ့ရသည်။

You may have missed