မန္တလေးတိုင်း သပိတ်ကျင်းမြို့နယ် တွင်းငယ်ရွာအနီးမှာ စစ်ကောင်စီနဲ့ တအာင်းတပ်မတော်- TNLA၊ ပူးပေါင်းတပ်တို့အကြား တိုက်ပွဲပြင်းထန်နေတယ်လို့ ဒေသတွင်းအတင်းအရင်းမြစ်တွေထံက သိရပါတယ်။TNLA နဲ့ PDF တွေ ထိန်းချုပ်ထားတဲ့ သပိတ်ကျင်းမြို့နယ်၊ တွင်းငယ်ရွာဘက်ကို အမှတ်-၁၃ တန်းမြင့်လေ့ကျင်းရေးကျောင်း (တကက ၁၃)ကနေ စစ်ကောင်စီတပ်ဟာ စစ်ကြောင်းထိုးလာတာကြောင့် အခုရက်ပိုင်းအတွင်း တိုက်ပွဲဆက်ဖြစ်နေတယ်လို့ သိရပါတယ်။အဆိုပါ တတက ၁၃ တပ်ဟာ မိုးကုတ်နဲ့ မိုးမိတ်ဗျူဟာမှ ဆင်းလာတဲ့တပ်တွေ စုပေါင်းနေတာဖြစ်ပြီး TNLA က လနဲ့ချီကြာ ဝိုင်းပတ်ပိတ်ဆို့ထားခဲ့တာဖြစ်ပါတယ်။
အဆိုပါ တွင်းငယ်ကျေးရွာနဲ့ မိုးမိတ်-တွင်းငယ် လမ်းတခုလုံးကို TNLAနဲ့ PLA တပ်တွေ က ပြီးခဲ့တဲ့ ဩဂုတ်လထဲက သိမ်းပိုက်ထိန်းချုပ်ထားပြီးဖြစ်သလို တကက ၁၃ကိုလည်း ပိတ်ဆို့ထားခဲ့တာပါ။ဒါ့အပြင် မိုးကုတ်-သပိတ်ကျင်းလမ်းပိုင်းရှိ ခလရ ၁၄၈၊ ဖော့တောလမ်းဆုံ တို့ကိုလည်း TNLA၊ PLA နဲ့ အခြားတပ်ပေါင်းစုတွေက တိုက်ခိုက်သိမ်းပိုက်ထားပြီးဖြစ်ပါတယ်။တွင်းငယ်ကျေးရွာဟာ TNLA သိမ်းပိုက်ထားတဲ့ မိုးမိတ်မြို့နဲ့ မန္တလေး PDF ထိန်းချုပ်ထားတဲ့ မန္တလေးတိုင်း သပိတ်ကျင်းမြို့လမ်းပိုင်းပေါ်မှာ တည်ရှိပြီး တွင်းငယ်ကျေးရွာကနေ ကချင်ပြည်နယ်ဘက်ကို သွားနိုင်သလို မန္တလေးဘက်လည်း သွားနိုင်တာကြောင့် စစ်ရေးအရအရေးပါတဲ့ နေရာဖြစ်ပြီး တွင်းငယ်ရွာကို ပြန်ရဖို့ စစ်ကောင်စီဘက်က ကြိုးစားနေတာလို့ စစ်ရေးအသတင်းအရင်းမြစ်တွေထံက သိရပါတယ်။

More Stories
မဲပလီစခန်းက ဒုတပ်ရင်းမှူး ဗိုလ်မှူးခန့်နိုင်၊ ဗိုလ်ကြီးဇော်မင်းအပါ ၄၀ကျော်သေဆုံးပြီး စစ်ဦးစီး(တတိယတန်း)G3 ဗိုလ်ကြီးသော်တာအပါအဝင် စစ်သုံ့ပန်း(၂၇)ဦးဖမ်းမိ
ငဖဲရှိ ဂုတ်စည်းရိုးစခန်းကို AA သိမ်းပိုက်၊ မအလ ဇာတိ မင်းဘူးမြို့ထိ တိုက်ပွဲနီးကပ်လာ
တိုက်ပွဲသတင်းများ