Categories

November 2024
M T W T F S S
 123
45678910
11121314151617
18192021222324
252627282930  
January 13, 2026

လက်ပံတန်းမြို့နယ်၊ သာယာကုန်းရွာ ရဲစခန်းကို ပူးပေါင်းတိုက်ခိုက်လို့ စစ်အုပ်စုဘက်က ၁၅ဦးခန့်သေဆုံး

ပဲခူးတိုင်း၊ သာယာဝတီခရိုင်၊ လက်ပံတန်းမြို့နယ်၊ မှော်အင်းကျေးရွာအုပ်စု၊ သာယာကုန်းကျေးရွာရှိ ရဲကင်းစခန်းကို PDF ပူးပေါင်းတပ်တွေက ဝင်ရောက်တိုက်ခိုက်ခဲ့လို့ စစ်အုပ်စုဘက်က ၁၅ဦးခန့်သေဆုံးကြောင်း Myanmar Defence Force က ထုတ်ပြန်ပါတယ်။စစ်သား၊ ရဲနဲ့ ပျူစောထီးတွေ တပ်စွဲထားနဲ့ သာယာကုန်ရွာရဲစခန်းကို နိုဝင်ဘာ ၂၂ရက် မနက် ၅နာရီလောက်မှာ PDF ပူးပေါင်းတပ်ဖွဲ့တွေက တိုက်ခိုက်ခဲ့တာပါ၊

စစ်အုပ်စုဘက်ကစစ်ကူအဖြစ် ပရိုဘောက်ကားဖြင့် လက်ပံတန်းမြို့မရဲစခန်းမှ စစ်ကူအင်အား ၇ဦးခန့်ပို့ဆောင်ခဲ့ရာ PDF ပူးပေါင်းဖြတ်တောက်ရေးအဖွဲ့တွေက မိုင်းဆွဲတိုက်ခိုက်ခြင်းကြောင့် ၄ဦးသေဆုံးကာ ၃ဦးမှာ ကားဖြင့်ပြန်ဆုတ်သွားခဲ့ပြီး အသက်ရှင်ကျန်ရစ်သူ ၃ဦးထဲမှ ၁ဦးထပ်မံသေဆုံးခဲ့တယ်လို့ သိရပါတယ်။အဲ့ဒီနောက် မှော်ဘီတပ်မှ ဖော်ကား ၃စီး၊ ၃၅တပ်ရင်းမှ ခြေလျင်စစ်ကူစစ်ကြောင်းများဖြင့် အင်အားဖြည့်ရာ စစ်အုပ်စုစစ်ကြောင်းများနဲ့ ထပ်မံတိုက်ပွဲဖြစ်ပြီးနောက် မနက် ၈နာရီမှာ အထိခိုက်မရှိ ပြန်လည်ဆုတ်ခွာနိုင်ခဲ့တယ်လို့ သိရပါတယ်။

အဲ့ဒီရဲကင်းစခန်းဟာ ပြည်သူတွေကို ပေါ်တာဆွဲတာ၊ ဆပ်ကြေးကောက်တာနဲ့ မတရာဖမ်းဆီးသတ်ဖြတ်တာတွေ အဆက်မပြန်ကျူးလွန်နေတဲ့ ရဲကင်းစခန်းဖြစ်တယ်လို့ သိရပါတယ်၊။အခုတိုက်ပွဲကို ရွှေတန်းမြေ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့၊ ဂဠုန်ပြည်သူ့ကာကါယ်ရေးတပ်ဖွဲ့၊ သာယာဝတီခရိုင်အမှတ် ၂ တပ်ရင်းရဲ့ တပ်ခွဲ ၂ တပ်ခွဲ ၃ သာယာဝတီခရိုင် အမှတ် ၃တပ်ရင်း MDF တိုု့မှ ပူးပေါင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်တယ်လို့ သိရပါတယ်။

You may have missed