မကွေးတိုင်း၊ မြိုင်မြို့နယ်၊ ကန်နီ ပျူစောထီးရွာကို ဒရုန်းဖြင့် ဗုံးကြဲ တိုက်ခိုက်ရာ အကြမ်းဖက် စစ်ကောင်စီ တပ်သားများ ထိခိုက်မှုရှိကြောင်း ဗစ်တာပြောက်ကျားတပ်ဖွဲ့ထံက သိရပါတယ်။နိုဝင်ဘာလ ၂၃ ရက်နေ့မှာ ကန်နီရွာရှိ စစ်အုပ်စု တပ်စွဲထားရာ နေရာတွကို တော်လှန်ရေး တပ်ဖွဲ့တွေက ဒရုန်းနဲ့ ဗုံးကြဲ တိုက်ခိုက်ခဲ့တာပါ။အဆိုပါတိုက်ခိုက်မှုကို ဗစ်တာပြောက်ကျားတပ်ဖွဲ့ဖွဲ့စည်းခြင်း ၃ လပြည့်အနေနဲ့ တိုက်ခိုက်ခဲ့တာဖြစ်ပြီး စစ်ကောင်စီဘက်က ထိခိုက်မှုရှိပြီး အရေအတွက်ကို အတည်ပြုနိုင်ခြင်းမရှိသေးဘူးလို့ သိရပါတယ်။အဲ့ဒီတိုက်ခိုက်မှုကို ဗစ်တာပြောက်ကျားတပ်ဖွဲ့၊ လျှက်စည်းပြောက်ကျားတပ်ဖွဲ့၊ အညာမြေပြောက် ကျားတပ်ဖွဲ့၊ နယ်စည်းမခြား ဖရီးဒမ်း ဖက်ဒရယ် စစ်ကြောင်း(၁) နှင့် ပခုက္ကူခရိုင်တပ်ရင်း(၂) တို့က ပူးပေါင်း လုပ်ဆောင်ခဲ့တာလို့ သိရပါတယ်။

More Stories
မဲပလီစခန်းက ဒုတပ်ရင်းမှူး ဗိုလ်မှူးခန့်နိုင်၊ ဗိုလ်ကြီးဇော်မင်းအပါ ၄၀ကျော်သေဆုံးပြီး စစ်ဦးစီး(တတိယတန်း)G3 ဗိုလ်ကြီးသော်တာအပါအဝင် စစ်သုံ့ပန်း(၂၇)ဦးဖမ်းမိ
ငဖဲရှိ ဂုတ်စည်းရိုးစခန်းကို AA သိမ်းပိုက်၊ မအလ ဇာတိ မင်းဘူးမြို့ထိ တိုက်ပွဲနီးကပ်လာ
တိုက်ပွဲသတင်းများ