Categories

November 2024
M T W T F S S
 123
45678910
11121314151617
18192021222324
252627282930  
May 24, 2025

မြန်မာ့အရေးတရုတ်ရဲ့စွက်ဖက်မှုကို ကျော်လွှားနိုင်ဖို့ ကိုရီးယားအမတ်တွေညှိနှိုင်းဆွေးနွေးခဲ့ကြပါတယ်

နိုဝင်ဘာ ၂၅ ရက်နေ့ မွန်းလွဲပိုင်းက ကိုရီးယားနိုင်ငံ ဆိုးလ်မြို့မှာ မြန်မာ့အရေးအလေးထားတဲ့ အမတ်တွေနှင့်ပညာရှင်အချို့တို့စုပေါင်းပြီး ဆွေးနွေးပွဲတခုကျင်းပခဲ့ကြပါတယ်။ အဆိုပါဆွေးနွေးပွဲကို မြန်မာ့တော်လှန်ရေးအား တစိုက်မတ်မတ် ထောက်ခံအားပေးနေသည့် အီယုန်ဆွန်း အမတ်နှင့် အခြားအမတ် ၇-ဦးက ကမကထပြုပြီး၊ ဆောင်ဂုန်ဝဲတက္ကသိုလ် အာရှအန်ဂျီအိုဌာန ‌ပါမောက္ခ ဘတ်အွန်ဟွန်းက ဦးဆောင် ပြုလုပ်ခြင်း ဖြစ်ပါသည်။ ကိုရီးယားနိုင်ငံ ဆိုးလ်မြို့ လွှတ်တော်ဝင်းအတွင်း အစည်းအဝေး အခခန်း ၇ တွင်ကျင်းပတာဖြစ်ပြီး မြန်မာပြည်အ‌ရေး၌ တရုတ်နိုင်ငံ ဝင်ရောက်စွက်ဖက်နေမှုနှင့် စပ်လျဉ်းသည့် ဆွေးနွေးပွဲဖြစ်တယ်လို့ သိရပါတယ်။

ဆွေးနွေးပွဲရဲ့အကြောင်းအရာကတော့ “ မြန်မာ့နွေဦးတော်လှန်ရေး တရုတ်နဲ့ ဘယ်လိုစခန်းသွားမလဲ” ဆိုတဲ့အကြောင်းဖြစ်တယ်လို့သိရပြီး ဒီသတင်းကို အမျိုးသားညီညွတ်ရေးအစိုးရ၊ ကိုယ်စားလှယ်ရုံးမှနေပြီး ဒီနေ့ရက်စွဲနဲ့ထုတ်ပြန်ခဲ့ကြပါတယ်။ တက်ရောက်ဆွေးနွေးခဲ့ကြသူတွေကတော့ ဆိုးလ်တက္ကသိုလ် အာရှသုတေသနဌာန ပါမောက္ခ ချွဲဂျောင်ဟွီ၊ နိုင်ငံတကာရေးရာဌာန ပါမောက္ခဟောင်း ဘဲဂုံချန်၊ ဆောင်ဂယွန်းတက္ကသိုလ် အရှေ့အာရှဌာန ပါမောက္ခ လီယူးဘီ၊ ကိုရီးယားတက္ကသိုလ် အရှေ့တောင်အာရှသုတေသနဌာန ပါမောက္ခ ဂျန်းဂျွန်ယောင်းတို့ တက်ရောက်တဲ့အကြောင်းသိရကာ ဆိုးလ်တက္ကသိုလ် နိုင်ငံရေးသိပ္ပံ ပါရဂူကျောင်းသား ချန်ဘိဂျယ်၊ ဘုဂယောင်းတက္ကသိုလ် သတင်းပညာ ပါရဂူကျောင်းသား ခန့်ဇင်တို့ကလည်း စာတမ်းအသီးသီး တင်ပြ၍ ပါဝင်ဆွေးနွေးသွားပါတယ်။ ဆွေးနွေးပွဲမှာ အဓိကအားဖြင့် မြန်မာပြည်အရေးတွင် တရုတ်နိုင်ငံ ပါဝင်လှုပ်ရှားမှုကြောင့် တော်လှန်ရေးအပေါ် မည်သည့်သက်ရောက်မှုများ ဖြစ်လာနိုင်သည်၊ မည်သို့ ကျော်လွှားနိုင်မည်ကို ရှုထောင့်စုံမှ ဆွေးနွေးကြတာပါ။ အမျိုးသားညီညွတ်ရေးအစိုးရရဲ့ ကိုယ်စားလှယ်ရုံးဟာ တောင်ကိုရီးယားရောက် မြန်မာနိုင်ငံသားတွေရဲ့ အလုပ်သမားအခွင့်အရေးဆိုင်ရာ အကူအညီများ ဗီဇာအခက်အခဲများကိုလည်း တာဝန်ယူဖြေရှင်းပေးနေတာတွေ့ရပါတယ်။ စစ်ကောင်စီလက်အောက်ခံ သံရုံးက ပတ်စပို့သက်တမ်း တိုးမပေးတာတွေ၊ CI ထုတ်မပေးတာတွေ၊ ထောက်ခံစာ လုပ်မပေးတာတွေ၊ မောက်မောက်မာမာ ဆက်ဆံတာတွေ၊ ပွဲစားတွေ ကြားခံထားပြီး ငွေညှစ်နေတာတွေ၊ အလုပ်သံအရာရှိက ဟောက်စားဟိန်းစား လုပ်နေတာတွေ၊ တော်လှန်ပြည်သူတွေကို ခြိမ်းခြောက်တာတမျိုး ထောက်လှမ်းတာတမျိုး နှောင့်ယှက်နေတာတွေ စသောအကြောင်းအရာ ဘယ်ဟာမဆို တိုင်ကြားနိုင်ပါတယ်လို့ တရားဝင်အသိပေးထုတ်ပြန်ထားတာကိုလည်း‌တွေ့ရပါသည်။ မနေ့က နိုဝင်ဘာ ၂၄ ရက်တွင်လည်း ကိုရီးယားရောက်မြန်မာတွေစုပေါင်းပြီး နေ့လည် 11နာရီမှ ညနေ 3နာရီအထိ ဆိုးလ်ဘူတာရှေ့မှ တရုတ်သံရုံးရှေ့အထိချီတက်ကာ မြန်မာ့အရေးစွက်ဖက်နေတဲ့ တရုတ်အစိုးရအား ဆန့်ကျင်ချီတက်ဆန္ဒပြပွဲကို ကျင်းပပြုလုပ်ခဲ့ကြကြောင်း သိရှိရပါသည်။

You may have missed