Categories

November 2024
M T W T F S S
 123
45678910
11121314151617
18192021222324
252627282930  
March 15, 2025

မြင်းခြံဘက်ကို သွားတဲ့စစ်ကား ၃စီးကို ဆိတ်ဖြူကားလမ်းပိုင်းမှာ ပစ်ခတ်တိုက်ခိုက်လို့ စစ်သား ၆ဦး သေဆုံး

မန္တလေးတိုင်း၊ မြင်းခြံမြို့ဘက်ကို သွားမယ့် စစ်ကား ၃စီးကို မကွေးတိုင်း၊ ပခုက္ကူခရိုင်၊ ၁၀မိုင်လမ်းဆုံနဲ့ ဆိတ်ဖြူမြို့ကြားလမ်းပိုင်းမှာ ပစ်ခတ်တိုက်ခိုက်လို့ စစ်သား ၆ဦး သေဆုံးသွားကြောင်း ပခုက္ကူခရို င်အမှတ်-၁၉ တပ်ရင်းဆိပ်ဖြူ ဘာမထီ တပ်ခွဲ (၁)ထံက သိရပါတယ်။

နိုဝင်ဘာ ၂၃ရက် ညနေ ၄နာရီ ၅၅မိနစ်မှာ စစ်ကောင်စီရဲ့ အမှတ် ၂၂ကာကွယ်ရေးပစ္စည်းထုတ်စက်ရုံ ကပစ ၂၂ကနေ မြင်းခြံမြို့ဘက်ကို သွားတဲ့ စစ်ကား ၃စီးကို မကွေးတိုင်း၊ ၁၀မိုင်လမ်းဆုံနဲ့ ဆိတ်ဖြူမြို့ကြားမှာ မီတာ ၁၀၀အကွာကနေ လက်နက်ကြီးလက်နက်ငယ်တွေနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တာလို့ သိရပါတယ်။

အဲ့ဒီတိုက်ခိုက်မှုကြောင့် စစ်သား ၆ဦးခန့်သေဆုံးပြီး ထိခိုက်မှုတွေ ရှိနိုင်တယ်လို့ စုံစမ်းသိရကာ တော်လှန်ရေးရဲဘော်များ အထိအခိုက်မရှိဆုတ်ခွာနိုင်ခဲ့တယ်လို့ သိရပါတယ်။အဆိုပါတိုက်ခိုက်မှုကို ပခုက္ကူခရို င်အမှတ်-၁၉ တပ်ရင်းဆိပ်ဖြူ ဘာမထီ တပ်ခွဲ (၁) ၊ တပ်ခွဲ (၂)၊ ရေ နံ့သာစစ်ကြောင်း (မကွေးတိုင်းပကဖ) ဆိပ်ဖြူမြို့နယ်ပကဖ ၊အနောက်ပိုင်းဇုန် (၁)တို့က ပူးပေါင်းတိုက်ခိုက်ခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

You may have missed