Categories

November 2024
M T W T F S S
 123
45678910
11121314151617
18192021222324
252627282930  
March 25, 2025

တနင်္သာရီမှာ စစ်တပ်ခြေလျင်စစ်ကြောင်းကို မိုင်းဆွဲတိုက်ခိုက်လို့ ၁၀ဦးသေဆုံးပြီး ကားများဖြင့်သယ်ထုတ်သွား

တနင်္သာရီတိုင်း၊ တနင်္သာရီမြို့နယ်မှာ စစ်တပ် ခြေလျင်စစ်ကြောင်းကို မိုင်းဆွဲ တိုက်ခိုက်လို့ စစ်သား ၁၀ ဦးသေဆုံးပြီး သေဆုံးထိခိုက်သူတွေကို ကားများဖြင့် သယ်ထုတ်သွားကြောင်း မြိတ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ထံက သိရပါတယ်။နိုဝင်ဘာလ ၂၃ ရက်နေ့ မနက် ၆ နာရီခန့်မှာ တနင်္သာရီမြို့နယ်၊ ဇဝဲကျေးရွာနှင့် ရမ်းဖိုကျေးရွာ အကြား ပြင်ဝန်းကျေးရွာ အနီးမှာ ခြေလျင် တက်လာတဲ့ အင်အား ၈၀ ခန့်ပါ စစ်ကြောင်းကို တော်လှန်ရေး တပ်ဖွဲ့များက မိုင်း ၁၀ လုံးဖြင့် ဖောက်ခွဲ တိုက်ခိုက်ရာ မိုင်း ၇ လုံးပေါက်ကွဲခဲ့ပြီး စစ်ကောင်စီ တပ်သား အများအပြား ထိခိုက်သေဆုံးခဲ့ခြင်းဖြစ်တယ်လို့ သိရပါတယ်။

တိုက်ခိုက်မှု အတွင်း စစ်ကောင်စီ တပ်သား ၁၀ ဦးထက်မနည်းသေဆုံးပြီး အများအပြား ထိခိုက်ဒဏ်ရာရရှိကာ ထိခိုက်သေဆုံး ဒဏ်ရာရရှိသူများကို VOGO ကားဖြင့် ၄ ကြိမ် သယ်ထုတ်သွားတယ်လို့ သိရပါတယ်။တိုက်ခိုက်မှုဖြစ်ပွားပြီးနောက် စစ်ကောင်စီ တပ်သားများက အနီးအနားရှိ ပြည်သူပိုင် နေအိမ် ၅ လုံးကို မီးရှို့ဖျက်ဆီးခဲ့တယ်လို့ သိရပါတယ်။အဆိုပါ တိုက်ခိုက်မှု မြိတ်ပြည်သူ့ကာကွယ်ရေးအဖွဲ့နှင့် တနင်္သာရီမြို့နယ် ပကဖ ဇုန် ၃ တနင်္သာရီရိုးမအဖွဲ့တို့က ပူးပေါင်း လုပ်ဆောင်ခဲ့ခြင်းဖြစ်ပါတယ်။

You may have missed