Categories

November 2024
M T W T F S S
 123
45678910
11121314151617
18192021222324
252627282930  
April 24, 2026

default

ရေဦး ထွေအုပ်ရုံးအတွင်း ပျူစောထီးသင်တန်းဆင်းပွဲပြုလုပ်နေစဉ် ဒရုန်းတွေနဲ့ ဗုံးသီးချတိုက်ခိုက်လို့ ဒုနယ်ထိန်း ၁ဦးအပါအဝင် ၄ဦးသေဆုံး

စစ်ကိုင်းတိုင်း၊ ရေဦးမြို့ ထွေအုပ်ရုံးအတွင်း ပျူစောထီးသင်တန်းဆင်းပွဲပြုလုပ်နေစဉ် ဒရုန်းတွေနဲ့ ဗုံးသီးချတိုက်ခိုက်လို့ ဒုနယ်ထိန်း ၁ဦးအပါအဝင် ၄ဦးသေဆုံးကာ ဒဏ်ရာရသူများပြားတယ်လို့ ရေဦးမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့က သတင်းထုတ်ပြန်ပါတယ်။နိုဝင်ဘာလ ၂၂ရက် မနက် ၁၀နာရီ ခွဲအချိန်မှာ ရေဦးမြို့ ထွေအုပ်ရုံးအတွင်း ပျူစောထီးသင်တန်းဆင်းပွဲပြုလုပ်နေစဉ် Fixed-Wing Droneများဖြင့် ဗုံးသီး ၉ လုံးကြဲချ၍တိုက်ခိုက်ခဲ့ခြင်းဖြစ်တယ်လို့ သိရပါတယ်။တိုက်ခိုက်မှုအတွင်း ဒုနယ်ထိန်း ရဲ ၁ဦးအပါအဝင် စစ်သားနဲ့ပျူ ၄ ဦး ဗုံးသီးအစထိမှန်​သေဆုံးကာ အများအပြားထိခိုက်ဒဏ်ရာရရှိပြီး ၈ဦးမှာ ဒဏ်ရာအပြင်းအထန်ရရှိလို့ ဆေးရုံမှာ အသက်လုနေရတယ်လို့ သတင်းရရှိပါတယ်။အခုတိုက်ခိုက်မှုကို ရွှေဘိုခရိုင်အမှတ် ၁၄ တပ်ရင်း(ရေဦးPDF) နှဲ့ ရေဦးမြို့နယ် ပ.က.ဖ ပူးပေါင်းလုပ်ဆောင်ခဲ့ခြင်းဖြစ်တယ်လို့ သိရပါတယ်။ပြီးခဲ့တဲ့အောက်တိုဘာလအတွင်းကလည်း ရေဦးမြို့ ရွှေကျီးမင်း စစ်တပ်ဂိတ်၊ ရေဦးစစ်တပ်အထိုင်နေရာနဲ့ အောင်သာယာပျူစောထီးရွာတို့ကို ဒရုန်းတွေနဲ့ တိုက်ခိုက်လို့ တပ်ကြပ် ၁ဦးအပါအဝင် စစ်သားနဲ့ပျူ ၁၅ဦးသေဆုံးပြီး အများအပြားဒဏ်ရာရရှိကာ လက်နက်တွေကိုလည်း ဖျက်ဆီးနိုင်ခဲ့တယ်လို့ သိရပါတယ်။

You may have missed