Categories

November 2024
M T W T F S S
 123
45678910
11121314151617
18192021222324
252627282930  
April 22, 2026

လက်ပံတန်း သာယာကုန်းရဲစခန်းကို တော်လှန်ရေးတပ်တွေ ဝင်တိုက်ခဲ့ကြပါတယ်

ပဲခူးတိုင်း လက်ပံတန်းမြို့နယ် သာယာကုန်းရဲစခန်းကို ဒေသကာကွယ်ရေးတပ်တွေက နိုဝင်ဘာ ၂၁ ရက်နေ့ မနက်အစောပိုင်းမှာ ဝင်ရောက်တိုက်ခိုက်တာ ဖြစ်ပါတယ်။ တိုက်ပွဲမှာ စစ်အုပ်စုဘက်က ပျူစောထီး ၄ ယောက်နဲ့ ရဲ ၁ ယောက်သေပြီး ၇ ယောက် ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ ရွှေတန်းမြေ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှ သတင်းထုတ်ပြန်ထားတာတွေ့ရပါတယ်။ စခန်းသိမ်းနိုင်ဖို့အထိကို တပ်ရင်းတပ်ဖွဲ့ ၅ခုပူးပေါင်းအင်အားနဲ့ စီစဥ်ခဲ့ကြကြောင်း၊ သတင်းကြိုပေါက်သွားတာဖြစ်လို့ ဝင်တိုက်တဲ့ မနက် ၅ နာရီအချိန်မှာပင် ကင်းပုန်းချ မိုင်းတွေထောင်ထားလို့ ရည်မှန်းထားသလောက် အောင်မြင်မှုမရခဲ့ဘူးလို့ တော်လှန်ရေးတပ်ဖွဲ့ဘက်က ဆိုပါတယ်။

ပစ်ခတ်မှုဟာ ၂နာရီလောက်အထိ ကြာမြင့်ခဲ့ပြီး စစ်ကောင်စီဘက်က စက်လတ်များဆွဲခြင်း၊ ဘန်ကာတွင်းမှ နေရာယူပစ်ခတ်ခြင်း လက်နက်ကြီးထုခြင်းတို့ကို ရင်ဆိုင်ခဲ့ရကြောင်း ပြောပါတယ်။ စခန်းမသိမ်းနိုင်ခဲ့ပေမယ့် ရန်သူဘက်မှ ၅ကောင်သေ၊ ၇ကောင်ထိသွားတယ်လို့ဒေသခံတဦးကပြောပြပါတယ်။ တိုက်ပွဲအတွင်းမှာ ရဲစခန်းဘက်မှ ရမ်းသမ်းပစ်ခတ်မှုကြောင့် ရဲစခန်းအနီး ကြက်ခြံထဲက ဒေသခံ လင်မယား၂ဦးနဲ့ ပြည်သူတဦး လက်နက်ကြီးထိမှန်သေဆုံးသွားကြောင်း သတင်းများကဆိုပါတယ်။ တော်လှန်ရေးရဲဘော်နှစ်ဦးလည်း ဒဏ်ရာရခဲ့ပေမယ့် မစိုးရိမ်ရပါဘူး။ ဒီတိုက်ပွဲကို ရွှေတန်းမြေပြည်သူ့ကာကွယ်ရေး အဖွဲ့( လက်ပံတန်း) နဲ့အတူ ဂဠုန်တပ်ဖွဲ့ ( သာယာဝတီ) ၊ တပ်ရင်း ၃၈၀၂ တပ်ခွဲ (၂) တပ်ခွဲ (၃) ၊ တပ်ရင်း ၃၈၀၃ တို့ ပူးပေါင်းလုပ်ဆောင်ခဲ့တာဖြစ်ကြောင်း သိရပါသည်။

You may have missed