Categories

November 2024
M T W T F S S
 123
45678910
11121314151617
18192021222324
252627282930  
December 9, 2025

မတ္တရာမြို့နယ် ဆောက်ခြုံပေါက်ရွာတိုက်ပွဲမှာ တော်လှန်ရေးတပ်ဖွဲ့တွေ စစ်ကောင်စီတပ်သားများကို ရှင်းလင်းနိုင်ခဲ့ကြပါတယ်။

မတ္တရာမြို့နယ်တွင်းကို စစ်ကောင်စီဘက်က စစ်ကြောင်းထိုးနေပြီး လက်နက်ကြီးပစ်ကူများ လေကြောင်းပစ်ကူများပေးနေပါတယ်။ တော်လှန်ရေးတပ်များနဲ့ နိုဝင်ဘာလ ၁၇ ရက်နေ့ ထိတွေ့တိုက်ပွဲမှာတော့ စစ်ကောင်စီတပ်သား ၁၂ ဦးကိုသုတ်သင်နိုင်လိုက်ကြောင်း၊ လက်နက် ၉ လက်သိမ်းပိုက်နိုင်ကြောင်း အမှတ် ၁ စစ်ဒေသမှနေပြီး မနေ့ကရက်စွဲနဲ့ သတင်းထုတ်ပြန်ခဲ့ကြပါတယ်။ ပြင်ဦးလွင်ခရိုင်၊ မတ္တရာမြို့နယ်၊ ဆောက်ခြုံပေါက်ရွာ၌ ဗိုလ်မှူး ကျော်ဇေယျ (ခမရ-၇၀၁) ဦးစီး ခမရ (၇၀၁၊ ၇၀၃၊ ၇၀၄) အင်အား (၇၀) ကျော်ပါ စစ်ကြောင်းအား ပြင်ဦးလွင်ခရိုင်ကွပ်ကဲရေးမှူး၏ကွပ်ကဲမှုနှင့် အမှတ် (၅၁၀) တပ်ရင်း၊ မန္တလေးခရိုင် ပကဖ၊ မဟာအောင်မြေမြို့နယ်/ ချမ်းမြသာစည်မြို့နယ်/ မတ္တရာမြို့နယ် ပကဖ ပူးပေါင်းအဖွဲ့တို့မှ နိုဝင်ဘာလ (၁၇) ရက် နံနက်ပိုင်းတွင် တိုက်ခိုက်ခဲ့ကြခြင်းဖြစ်သည်ဟု သတင်းမှာ ဖော်ပြပါရှိပါတယ်။ ၎င်းရန်သူ့အဖွဲ့သည် မန္တ‌လေးခရိုင်၊ အောင်မြေသာစံမြို့နယ်ရှိ (အမှတ်-၉၁၀ စစ်မြေပြင်အင်ဂျင်နီယာတပ်ရင်း) တွင် အင်အားစုဖွဲ့ပြီး သဖန်းဒေါင့်ရွာမှတစ်ဆင့် ဝင်ရောက်လာခြင်းဖြစ်ပါတယ်။ တိုက်ပွဲအတွင်း စစ်ကောင်စီထံမှ (၁၂) ဦး သေဆုံးပြီး MA-15 (ငါးကြင်းမြီး) နှင့် MA-10 (RPG) အပါ လက်နက် (၉) လက်၊ RPG ဒုံးသီး (၈) လုံး၊ ၆၀ မမ ဗုံးသီး (၅) လုံး၊ အီနာဂါ ဗုံးသီး (၅) လုံး၊ 5.56 ကျည် (၃၅၁) တောင့်၊ G-3 ကျည် (၂၄၈) တောင့်၊ MA ကျည်အိမ် (၇) ခု၊ ကျည်အိမ်အဝိုင်း (၁) ခု၊ MA-15 ကျည်ခါးပတ် (၁) ခု၊ Equipment (၁) ခု၊ ယူနီဖောင်း (၂) စုံ သိမ်းဆည်းရမိခဲ့တယ်လို့ ဖော်ပြပါရှိပါတယ်။ နိုဝင်ဘာ ၂၂ ရက်နေ့ ဒီနေ့မနက်ပိုင်းမှာလည်း မန္တလေးနဲ့ ၂၄ မိုင်သာဝေးတဲ့ မတ္တရာအနောက်ခြမ်းမှာ တိုက်ပွဲဖြစ်ခဲ့ပြီး စစ်ကောင်စီလေကြောင်းဒဏ်ကြောင့် ပြည်သူ ၁ ဦးအသက်ဆုံးရှုံးခဲ့ရပါတယ်။ မနက်လေးနာရီကစလို့ မတ္တရာအနောက်ခြမ်း၊ အောက်ကင်းနား၊ တောပုနားမှာ ဟိုဘက်ဒီဘက် အပြန်အလှန်ပစ်ခတ်နေကြကြောင်း ဒေသခံတဦးက ပြောပြပါတယ်။ စစ်ကောင်စီဘက်က ထိခိုက်သူတွေကို မတ္တရာမြို့တွင်းကို သယ်ယူနေကြောင်းလည်း သတင်းရင်းမြစ်က ဆိုပါတယ်။ မနက် ၁၁ နာရီခန့်မှာလည်း စစ်ကောင်စီလေကြောင်းက စစ်ရှောင်ပြည်သူတွေနေထိုင်ရာ စိန်ပန်းကုန်းကျွန်းရွာ၊သဲကျွန်းရွာတစ်ဝိုက်သို့ တိုက်ခိုက်ရာ ဓါတုလက်နက်များပါဝင်မှုကြောင့် စစ်ရှောင်ပြည်သူအချို့ မူးဝေအော့အန်ခဲ့ကြောင်း Wetlet Informational Network အဖွဲ့က ပြောပါတယ်။

မတ္တရာအနောက်ခြမ်းမှာ pdf တွေ သိမ်းပိုက်အနိုင်ယူထားတဲ့ တပ်စခန်းတွေကို စစ်ကောင်စီက လက်နက်ကြီးလေကြောင်းအားကိုးနဲ့ ပြန်လည်သိမ်းယူဖို့ကြိုးစားနေတာ ဖြစ်ကာ ဒီစခန်းတွေကို မိမိတို့ ပြည်သူ့ကာကွယ်ရေးတပ်များ ကောင်းစွာထိန်းချုပ်ထားနိုင်ကြောင်း သိရပါသည်။

You may have missed