မကွေးတိုင်း၊ ပေါက်မြို့နယ်မှာ ပကဖပူးပေါင်းအဖွဲ့တွေက ပြည်သူ့စစ် ၃ဦးကို ဖမ်းဆီးနိုင်ခဲ့ပြီး စစ်ကောင်စီက လက်နက်ကြီးရမ်းသမ်းပစ်ခတ်လို့ ပြည်သူ ၃ဦးထိခိုက်သွားကြောင်း ပေါက်မြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ထံက သိရပါတယ်။နိုဝင်ဘာ ၁၈ရက်မှာ ပေါက်မြို့နယ်၊ တရော်ကိုင်းကျေးရွာ အနောက်ဖက်ကို ရိက္ခာရှာ ထွက်လာတဲ့ ပြည်သူ့စစ် ၃ဦးကို ပေါက်မြို့နယ် ဇုံ ၁၀ ပကဖ၊ ပလဖ၊ ထီးလင်း PDF ပူးပေါင်းဖမ်းဆီးခဲ့ရာ ဇေယျဦး ခေါ် ပျူစောထီး ၁ဦးကို ဖမ်းဆီးနိုင်ခဲ့ပြီး ၂ဦးမှာ ထွက်ပြေးလွတ်မြောက်သွားတယ်လို့ သိရပါတယ်။
နိုဝင်ဘာ ၂၀ရက် မနက် ၁၀နာရီအချိန်မှာလည်း ပေါက်မြို့နယ် ရွှေဘုံသာကျေးရွာမှ ပြည်သူ့စစ် ၂ဦးကို ထပ်မံဖမ်းဆီးရမိခဲ့တယ်လို့ သိရပါတယ်။စစ်ကောင်စီဟာ နိုဝင်ဘာ ၂၁ရက် ည ၁၂နာရီအချိန် ပေါက်မြို့အနီးကို ၁၂၂မမ လက်နက်ကြီး ၇လုံးရမ်းသမ်းပစ်ခတ်ခဲ့လို့ ပေါက်မြို့နယ်၊ ဇီးဖြူကုန်းကျေးရွာအနီးသို့ ၂လုံးကျရောက်ပေါက်ကွဲခဲ့သလို ခွေးအတွင်းကျေးရွာအနီးနဲ့ ရွာအတွင်း လက်နက်ကြီးတွေ ကျရောက်ပေါက်ကွဲခဲ့လို့ ရာ အမျိုုးသမီး ၂ ဦးထိခိုက်ဒဏ်ရာရရှိခဲ့ပြီး နေအိမ် ၁ လုံးပျက်စီးခဲ့ရတယ်လို့ သိရပါတယ်။နိုဝင်ဘာ ၄ရက်ကနေ ၇ရက်နေ့အထိ ပေါက်မြို့နယ်အတွင်းရှိ ရွာကြီးပြင်၊ ဒီးဒုတ်ကွင်း ပျူစောထီးကျေးရွာ စစ်တပ်အထိုင်နေရာတွေကို ဒရုန်း ၆စီးနဲ့ ဗုံးအလုံး ၂၀၀ကျော်ကြဲချခဲ့လို့ စစ်အုပ်စုဘက်က ထိခိုက်သေဆုံးမှုတွေ များနိုင်တယ်လို့ သိရပါတယ်။
More Stories
စစ်တပ်က ဖမ်းဆီးခြင်းကို ခံထားရတဲ့ပြည်သူ တစ်ဦး လက်နက်တွေပါယူဆောင်ပြီး တော်လှန်ရေးတပ်တွေထံ အပ်နှံလို့ သိန်းတစ်ရာချီးမြှင့်၊ပခုက္ကူ တပ်မ ၁၀၁က တပ်သားသစ်စုဆောင်းခံရသူတစ်ဦး လက်နက်တွေနဲ့အလင်းဝင်လာလို့ သိန်း ၁၀၀နဲ့ ဖုန်း ၁လုံးချီးမြှင့်
ငဖဲရှိ ဂုတ်စည်းရိုးစခန်းကို AA သိမ်းပိုက်၊ မအလ ဇာတိ မင်းဘူးမြို့ထိ တိုက်ပွဲနီးကပ်လာ
တိုက်ပွဲသတင်းများ