မကွေးတိုင်း ၊ ပခုက္ကူခရိုင် ၊ ဆိပ်ဖြူမြို့အနီး ဆော-ဆိပ်ဖြူ ကားလမ်းပိုင်းမှာ အကြမ်းဖက်စစ်ကောင်စီ စစ်ဆေးရေးဂိတ် ကို ဝင်ရောက်ပစ်ခတ်ခဲ့လို့ တပ်ကြပ်အပါအဝင် ၂ဦးသေဆုံးပြီး ၃ဦးဒဏ်ရာရရှိသွားကြောင်း Yenanthar Column က သတင်းထုတ်ပြန်ပါတယ်။ဆော- ဆိပ်ဖြူ ကားလမ်းပိုင်းပေါ်မှာ အကြမ်းဖက်စစ်ကောင်စီ စစ်ဆေးရေးဂိတ် ကို နိုဝင်ဘာလ ၊ ၂၂ရက် ၊ ည ၁၂ နာရီ ၂၀ မိနစ်မှာ ဝင်ရောက်ပစ်ခတ်ခဲ့ရာ စစ်ကောင်စီဘက်မှ နှစ်ရစ်တပ်ကြပ် ၁ဦးနဲ့ ရဲဘော် ၁ဦးသေဆုံး ပြီး ၃ဦး ဒဏ်ရာရခဲ့တယ်လို့ သိရပါတယ်။
ပစ်ခတ်နေစဥ်အတွင်း ဆိပ်ဖြူမြို့မှ စစ်ကူကား(၃) စီး ရောက်လာသောကြောင့် လက်နက် မကောက်နိုင်တော်လှန်ရေးရဲဘော်များ အထိအခိုက်မရှိ ပြန်လည်ဆုတ်ခွာ နိုင့်ခဲ့တယ်လို့ သိရပါတယ်။မကွေးတိုင်းပကဖ ရွေ့လျားစစ်ကြောင်း Yenanthar Column အနေဖြင့် ပခုက္ကူခရိုင်အမှတ်-၁၉တပ်ရင်း ဆိပ်ဖြူဘာမထီ တပ်ခွဲ (၁) ၊ တပ်ခွဲ (၂)နှင့် ဆိပ်ဖြူမြို့နယ် အနောက်ပိုင်းဇုန် (၁)ပကဖ၊မကွေးတိုင်း ပြည်သူ့ ကာကွယ်ရေးအဖွဲ့ တို့နှင့်အတူ ပူးပေါင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်တယ်လို့ သိရပါတယ်။
More Stories
မဲပလီစခန်းက ဒုတပ်ရင်းမှူး ဗိုလ်မှူးခန့်နိုင်၊ ဗိုလ်ကြီးဇော်မင်းအပါ ၄၀ကျော်သေဆုံးပြီး စစ်ဦးစီး(တတိယတန်း)G3 ဗိုလ်ကြီးသော်တာအပါအဝင် စစ်သုံ့ပန်း(၂၇)ဦးဖမ်းမိ
ငဖဲရှိ ဂုတ်စည်းရိုးစခန်းကို AA သိမ်းပိုက်၊ မအလ ဇာတိ မင်းဘူးမြို့ထိ တိုက်ပွဲနီးကပ်လာ
တိုက်ပွဲသတင်းများ