Categories

November 2024
M T W T F S S
 123
45678910
11121314151617
18192021222324
252627282930  
September 13, 2026

ရွှေစက်တော်ဘုရားအနီးမှာ တပ်စွဲထားတဲ့စစ်တပ်ကို တိုက်ခိုက်ဖို့ သေနတ်ပစ်ဖောက်စဉ်ပင် စစ်ကောင်စီတပ်သားတွေ ထွက်ပြေး

မကွေးတိုင်း၊ မင်းဘူးမြို့နယ်အတွင်း ရွှေစက်တော်ဘုရားအနီး တပ်စွဲထားတဲ့ စစ်တပ်ကို တိုက်ခိုက်ဖို့ သေနတ်ပစ်ဖောက်စဉ်ပင် စစ်ကောင်စီတပ်သားတွေ ထွက်ပြေးသွားခဲ့တာကြောင့် အချိန်တိုတွင်း ရှင်းလင်းနိုင်ခဲ့ကြောင်း မင်းဘူးခရိုင် အမှတ် ၆တပ်ရင်းက သတင်းထုတ်ပြန်ပါတယ်။ရွှေစက်တော်ဘုရားအနီး ဘုရားရွာမှာ တပ်စွဲထားတဲ့ စစ်တပ်ကို နိုဝင်ဘာ ၁၇ ရက် မနက် ၃နာရီမှာ မင်းဘူးခရိုင်၊တပ်ရင်း (၆) နဲ့ မဟာမိတ်များက တိုက်ခိုက်ရှင်းလင်းခဲ့ခြင်းဖြစ်တယ်လို့ သိရပါတယ်။အဆိုပါ စစ်ကောင်စီတပ်သားတွေဟာ ရွှေစက်တော်ဘုရားအတွင်း သစ်ခိုးထုတ်ခြင်း၊ မျိုးတုန်းပျောက်ကွယ်တော့မည့် တိရစ္ဆာန်များ ဖမ်းဆီးရောင်းချနေခြင်းတို့အပြင် ငွေကြေးကောက်ခံကာခွင့်ပြုနေကြောင်း ပြည်သူလူထုက တိုင်ကြားလာတာကြောင့် တိုက်ခိုက်ရခြင်းဖြစ်တယ်လို့ သိရပါတယ်။

တိုက်ပွဲအတွင်း ပထမအကြိမ် သေနတ်ပစ်ဖောက်စဉ်ကပင် စစ်ကောင်စီတပ်သားများက ထွက်ပြေးသွားတာကြောင့် အချိန်တိုအတွင်း တိုက်ပွဲပြီးမြောက်ခဲ့ရပြီး အဆိုပါ တိုက်ခိုက်မှုကို မင်းဘူးခရိုင်၊ အမှတ် (၆) တပ်ရင်းနှင့်အတူ မင်းဘူးမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ (မင်းဘူးမြို့နယ် ပကဖ) နှင့် ငဖဲမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ငဖဲမြို့နယ် ပကဖ) တို့ ပူးပေါင်းပါဝင်ခဲ့တယ်လို့ သိရပါတယ်။မင်းဘူးမြို့နယ်အတွင်းရှိ ပြည်သူများအနေဖြင့် စစ်ကောင်စီတပ်၊ ရဲများနဲ့ ပျူစောထီးတို့ဖြင့် ဝေးရာမှာ နေထိုင်ကြဖို့နဲ့ ၎င်းတို့တပ်စခန်းနဲ့ ၎င်းတို့စုဝေးရာနေရာများသို့ သွားလာခြင်းမပြုကြဖို့ မေတ္တာရပ်ခံထားပါတယ်။

You may have missed