Categories

November 2024
M T W T F S S
 123
45678910
11121314151617
18192021222324
252627282930  
May 1, 2026

ဒုတိယအကြမ်အဖြစ် အင်းတော်မြို့သိမ်းတိုက်ပွဲမှာ တော်လှန်ရေးအင်အားစုတွေဘက်က စစ်ရေးအသာစီးရနေပါတယ်

အင်းတော်မြို့ကို တော်လှန်ရေးပူးပေါင်းတပ်တွေဘက်က နိုဝင်ဘာ ၁ ရက်နေ့ကစပြီး ပြန်လည်သိမ်းယူဖို့ကြိုးစားနေကြပါတယ်။ တိုက်ပွဲတွေဟာ မနေ့က နိုဝင်ဘာလ ၁၉ ရက်နေ့ထိ ပြင်းထန်ခဲ့ပါတယ်။ စစ်ကောင်စီတပ်များက အင်းတော်မြို့မဘုန်းကြီးကျောင်း ၊ စစ်တပ်ကုန်းနဲ့ ဂျပန်လှိုဏ်ဂူဘုရားတို့ကနေ ခုခံခဲ့ပေမယ့် အခုတော့ စစ်တပ်ကုန်းတစ်ခုသာ ကျန်တော့တဲ့အကြောင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ သတင်းရင်းမြစ်တွေက ပြောပါတယ်။ ဒီတိုက်ပွဲကို PDF များနဲ့အတူ ABSDF နှင့် ပူးပေါင်းမဟာမိတ်တပ်တွေ ပါဝင်ထားကြတာပါ။ ခုတခါပြန်လည်ပြင်းထန်နေတဲ့တိုက်ပွဲမှာလည်း ၈၀ ရာခိုင်နှုန်းထိ သိမ်းပိုက်အသာစီးရနေပြီလို့ သတင်းများထွက်ပေါ်နေပြီး စစ်ကောင်စီကတော့ ၄င်းတို့ရောက်ရှိခုခံနေတဲ့နေရာက Non CDM အပါအဝင်ပြည်သူများကို ပြန်မလွှတ်ဘဲ လူသားဒိုင်းသဖွယ်အသုံးချနေတယ်လို့သိရပါတယ်။

အင်းတော်မြို့တိုက်ပွဲဟာ ပြီးခဲ့တဲ့ ဩဂုတ်လ ၁၆ ရက်နေ့က ပင်လည်ဘူး၊ ထီးချိုင့်မြို့များနဲ့အတူ ပြင်းထန်ခဲ့ဖူးပါတယ်။ ထိုစဉ်ကတော့ နဘားလမ်းဆုံစစ်ကောင်စီစခန်း၊ နဘားကျေးရွာအတွင်း ဘုန်းကြီးကျောင်းမှာ တပ်စွဲထားတဲ့ စစ်ကောင်စီစခန်းနဲ့ အင်းတော်မြို့မရဲစခန်းကို ကာကွယ်ရေးတပ်ဖွဲ့တွေ က သိမ်းယူနိုင်ခဲ့ပါတယ်။အဲ့ဒီနောက် စစ်ကောင်စီတပ်ဟာ အင်းတော်မြို့မ ဘုန်းကြီးကျောင်း၊ စစ်တပ်ကုန်းနဲ့ ဂျပန်လှိုဏ်ဂူဘုရားကုန်းမှာ တပ်စွဲပြီး ဆက်လက်ခုခံနေကြတာဖြစ်ပါတယ်။ နိုဝင်ဘာလဆန်းပိုင်းမှာ ပြန်လည်ပြင်းထန်လာတဲ့ အင်းတော်ကြီးထိုးစစ်ကို စစ်ကောင်စီဘက်ကတော့ ခမရ(၇၇) လက်အောက်ခံတပ်များ နှင့် ရှမ်းနီတပ်(SNA)တို့က ပူးပေါင်းခုခံနေကြတာဖြစ်ပြီး လေကြောင်းပစ်ကူများဖြင့် တော်လှန်တပ်ဖွဲ့များရဲ့ ထိုးစစ်ကို ခုခံနေကြောင်းသိရပါသည်။

You may have missed