Categories

November 2024
M T W T F S S
 123
45678910
11121314151617
18192021222324
252627282930  
March 16, 2025

ဆီဆိုင်မြို့နယ်နဲ့ လင်းခေးခရိုင်ကို ဆက်သွယ်ထားတဲ့ ပွန်ချောင်း တံတားအနီးတိုက်ပွဲဖြစ်ပွား

ရှမ်းပြည်နယ်တောင်ပိုင်း ဆီဆိုင်မြို့နယ်နဲ့ လင်းခေးခရိုင်ကို ဆက်သွယ်ထားတဲ့ ပွန်ချောင်း တံတားအနီးမှာ စစ်ကာင်စီတပ်၊ PNO ပြည်သူ့စစ်ပူးပေါင်းတပ်တွေနဲ့ တိုက်ပွဲဖြစ်ပွားနေတယ်လို့ ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် PNLA က ထုတ်ပြန်ပြောပါတယ်။စစ်ကောင်စီနဲ့ လက်အောက်ခံ PNO ပြည်သူ့စစ်တို့က အကြောင်းရင်းမရှိပဲ PNLO နယ်မြေကို ဒီနေ့မနက်မှာ စတင်ထိုးစစ်ဆင်တိုက်ခိုက်လာခဲ့ခြင်းကြောင့် ဟိုနမ့်-ဆိုက်ခေါင် ပွန်ချောင်းတံတားအနီးမှာ ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။ဒီနေ့ မနက် ၁၀နာရီအချိန်မှာ PNLO နယ်မြေ ဆီဆိုင်မြို့နယ်ရှိ အများပြည်သူအသုံးပြုနေတဲ့ ဆိုက်ခေါင်-ဟိုနမ့်ပွန်ချောင်းတံတားကို လေယာဉ်ဖြင့် ဗုံးသုံးကြိမ် ကြဲချတိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။စစ်ကောင်စီနဲ့ PNO ပြည်သူ့စစ်အဖွဲ့ဟာ လက်ရှိအချိန်ထိ အင်အားဖြည့်တင်းကာ PNLO နယ်မြေထဲသို့ ဝင်ရောက်ကျူးကျော်တိုက်ခိုက်ဖို့ လုပ်ဆောင်နေတယ်လို့ သိရပါတယ်။

You may have missed