ကချင်အထူးဒေသ ၁အတွင်း KIA သိမ်းပိုက်ဖို့ နောက်ဆုံးကျန်နေတဲ့ ကန်ပိုင်တီမြို့မှာ တိုက်ပွဲတွေပြင်းထန်နေတယ်လို့ ကချင်စစ်ရေးသတင်းရင်းမြစ်ထံက သိရပါတယ်။ဒီနေ့မနက် ၉နာရီခွဲလောက်မှာ ကချင်-တရုတ် နယ်စပ် ကန်ပိုင်တီမြို့မှာ ကချင်လွတ်လပ်ရေးတပ်မတော် KIA နဲ့ စစ်အုပ်စုတို့ တိုက်ပွဲတွေ ပြင်းထန်နေပြီး စစ်ကောင်စီဘက်က ဟိုတယ်အတွင်း နေရာယူခုခံနေတယ်လို့ သိရပါတယ်။
ပြီးခဲ့တဲ့ အောက်တိုဘာလအတွင်း ပြည်သူ့စစ်ခေါင်းဆာင် ဦးဇခုန်တိမ့်ယိန်းထိန်းချုပ်ခဲ့တဲ့ ကချင်အထူးဒေသ ၁အတွင်းရှိ နယ်ခြားစောင့်စခန်း ၁၀၀၁၊ ၁၀၀၂နဲ့ ၁၀၀၃ တို့ကို KIA က သိမ်းယူထားပြီးဖြစ်သလို ပန်ဝါ၊ ချီဖွေနဲ့ ဆော့လော်မြို့တွေကို လည်း သိမ်းပိုက်ထားပြီးဖြစ်ပါတယ်။အဆိုပါဒေသအတွင်း KIA သိမ်းပိုက်ဖို့ ကန်ပိုင်တီမြို့တစ်ခုသာ ကျန်ရှိနေပြီး တရုတ်-မြန်မာနယ်စပ်ဖြစ်တာကြောင့် တရုတ်အစိုးရရဲ့ ဖိအားတွေ ကြားကပဲ ဆက်လက်ထိုးစစ်ဆင်လာတာဖြစ်ပါတယ်။

More Stories
မဲပလီစခန်းက ဒုတပ်ရင်းမှူး ဗိုလ်မှူးခန့်နိုင်၊ ဗိုလ်ကြီးဇော်မင်းအပါ ၄၀ကျော်သေဆုံးပြီး စစ်ဦးစီး(တတိယတန်း)G3 ဗိုလ်ကြီးသော်တာအပါအဝင် စစ်သုံ့ပန်း(၂၇)ဦးဖမ်းမိ
ငဖဲရှိ ဂုတ်စည်းရိုးစခန်းကို AA သိမ်းပိုက်၊ မအလ ဇာတိ မင်းဘူးမြို့ထိ တိုက်ပွဲနီးကပ်လာ
တိုက်ပွဲသတင်းများ