Categories

November 2024
M T W T F S S
 123
45678910
11121314151617
18192021222324
252627282930  
April 24, 2026

မုံရွာက စစ်တပ်နေရာတွေနဲ့ ချောင်းဦးမြို့နယ် မြပုလဲဆီဆိုင် စစ်တပ် စစ်ဆေးရေးဂိတ်ကို ဒရုန်းဖြင့် တိုက်ခိုက်လို့ စစ်သား ၃ ဦးသေဆုံး

စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်မှာ စစ်တပ်နေရာတွေနဲ့ ချောင်းဦးမြို့နယ် မြပုလဲဆီဆိုင် စစ်တပ် စစ်ဆေးရေးဂိတ်ကို ဒရုန်းဖြင့် ဗုံးကြဲတိုက်ခိုက်ရာ စစ်သား ၃ ဦးသေဆုံးခဲ့ကြောင်း Tiger Brothers People’s Defense Force အဖွဲ့ထံက သိရပါတယ်။နိုဝင်ဘာလ ၆ ရက်နေ့ မှာ မုံရွာမြို့နယ်၊ တောပု ပျူစောထီးရွာမှာ တပ်စွဲထားတဲ့ ပျူစောထီး ခေါင်းဆောင် နေအိမ်နဲ့ စစ်တပ်နေထိုင်ရာ နေအိမ်များနဲ့ ညောင်ဖြူပင်ရွာရှိ စစ်တပ် အထိုင်စခန်းကိုလည်း တော်လှန်ရေး တပ်ဖွဲ့များက ဒရုန်းဖြင့် ဆက်တိုက် ဗုံးကြဲတိုက်ခိုက်ခဲ့ခြင်းဖြစ်တယ်လို့ သိရပါတယ်။

တိုက်ခိုက်ရာ အကြမ်းဖက် စစ်သား ၃ ဦးသေဆုံးခဲ့ပြီး မအူဂိတ်ကနေ လက်နက်ကြီးများဖြင့် ပစ်ကူပေး တိုက်ခိုက်ခဲ့တာကြောင့် တော်လှန်ရေး တပ်ဖွဲ့များ ပြန်လည်ဆုတ်ခွာခဲ့ရတယ်လို့ သိရပါတယ်။အဆိုပါ တိုက်ခိုက်မှုကို မုံရွာခရိုင် ပြည်သူ့ကာကွယ်ရေးတပ်မတော်တပ်ရင်း ၂၃ ၊ မုံရွာခရိုင် ပြည်သူ့ကာကွယ်ရေးတပ်မတော်တပ်ရင်း (၄) အထူးကွန်မန်ဒိုတပ်ဖွဲ့ Monywa The Boys၊ မုံရွာခရိုင် ပြည်သူ့ကာကွယ်ရေးတပ်မတော်တပ်ရင်း ၄ တပ်ခွဲ ၂ – 5/ Commando Force ၊ မုံရွာခရိုင် ပြည်သူ့ကာကွယ် ရေးတပ်မတော် အမှတ် ၉ တပ်ရင်း FRF2 ၊ ဆားလင်းကြီးမြို့နယ်မြို့ပကဖ ဒရုန်းတပ်ဖွဲ့မှ BED ငညို ပကဖ ဒရုန်းတပ်ဖွဲ့၊ တောသားကြီး ပကဖ ဒရုန်းတပ်ဖွဲ့၊ တောကျီးကန်း ပကဖ ဒရုန်းတပ်ဖွဲ့ ၊ Saligyi People Defense Force SPDF ၊ မျိုးဆက်သစ်လူငယ် ဒရုန်းတပ်ဖွဲ့ ဆားလင်းကြီး ၊ Monywa Youth Attacks Force – MYF ၊ ယင်မာပင်းခရိုင်တပ်ရင်း ၃၅ တပ်ခွဲ ၃ တပ်စိပ် ၁ (fighter Group) ၊ ယင်မာပင်းခရိုင်တပ်ရင်း ၃ တပ်ခွဲ ၃ Defender of Our Motherland တို့က ပူးပေါင်း တိုက်ခိုက်ခဲ့ခြင်းဖြစ်တယ်လို့ သိရပါတယ်။

အလားတူ နိုဝင်ဘာလ ၁၁ ရက်နေ့ နံနက် ၈ နာရီခန့်အချိန် မုံရွာ-ချောင်းဦး လမ်းပိုင်းရှိ မြပုလဲ ဆီဆိုင်ဂိတ်၌ တပ်စွဲထားတဲ့ စစ်တပ်ကို တော်လှန်ရေး တပ်ဖွဲ့တွေက ဒရုန်းဖြင့် ထပ်မံ တိုက်ခိုက်ခဲ့လို့ စစ်ကောင် စီ တပ်သားများ ထိခိုက်သေဆုံးမှုရှိပေမယ့် အရေအတွက်ကို အတည်မပြုနိုင်သေးဘူးလို့ သိရပါတယ်။အဆိုပါ တိုက်ခိုက်မှုကို မုံရွာခရိုင် ပြည်သူ့ကာကွယ်ရေးတပ်မတော်တပ်ရင်း (၂၃ ) တပ်ခွဲ( ၅) Midland New Generation Defense Force၊ မုံရွာခရိုင် ပြည်သူ့ကာကွယ်ရေးတပ်မတော်တပ်ရင်း (၂၃)တပ်ခွဲ(၂)Tiger Brothers people’s Defense Force နှင့် မုံရွာခရိုင် ပြည်သူ့ကာကွယ်ရေးတပ်မတော်တပ်ရင်း (၁၂) တို့က ပူးပေါင်း လုပ်ဆောင်ခဲ့ခြင်းဖြစ်တယ်လို့ သိရပါတယ်။

You may have missed