Categories

November 2024
M T W T F S S
 123
45678910
11121314151617
18192021222324
252627282930  
March 25, 2025

လောင်းလုံမြို့မရဲစခန်းကို အနီးကပ် ဝင်ရောက်တိုက်ခိုက်လို့ စစ်သာ ၃ဦးသေဆုံးပြီး ၅ဦးဒဏ်ရာရရှိ

ထားဝယ်ခရိုင်၊ လောင်းလုံမြို့မရဲစခန်းကို အနီးကပ် ဝင်ရောက်တိုက်ခိုက်လို့ စစ်သာ ၃ဦးသေဆုံးပြီး ၅ဦးဒဏ်ရာရရှိသွားကြောင်း Guerrilla Dawei (ထားဝယ်မြို့ပြ ပြောက်ကျားတပ်ဖွဲ့) က ထုတ်ပြန်ပါတယ်။နိုဝင်ဘာ ၁၃ရက်နေ့ မနက် ၈နာရီမှာ လောင်းလုံမြို့မရဲစခန်း အတွင်းရှိ စစ်ကောင်စီတပ်သားတွေကို Guerrilla Dawei (ထားဝယ်မြို့ပြ ပြောက်ကျားတပ်ဖွဲ့) ထားဝယ် ပလဖမှ မြို့ပြစစ်ဆင်ရေးအဖြစ် လက်နက်ငယ်တွေနဲ့ အနီးကပ်ဝင်ရောက်တိုက်ခိုက်ခဲ့ခြင်းဖြစ်တယ်လို့ သိရပါတယ်။

အပြန်အလှန် ပစ်ခတ်ချိန် မိနစ် ၂၀ခန့်ကြာမြင့်ခဲ့ပြီး တော်လှန်ရေးတပ်တွေ ပစ်ခတ်လိုက်တဲ့ ဗုံးသီးထိမှန်ပြီး စစ်သား ၃ဦးသေဆုံးကာ ၅ဦးခန့် ဒဏ်ရာရရှိသွားကြောင်း တပ်တွင်းနီးစပ်သူတွေထံက သိရပါတယ်။စစ်ကောင်စီဘက်ကပစ်ခတ်မှုကြောင့် ပြည်သူ ၁ဦးထိခိုက်ဒဏ်ရာရရှိခဲ့ပြီး စစ်ရေးအရှိန်မြင့်ာနေတာကြောင့် ပြည်သူတွေအနေနဲ့ စစ်တပ်စခန်းကို သွားလာခြင်းမပြုလုပ်ဖို့နဲ့ မိမိရောက်ရှိနေတဲ့ အနီးဝန်းကျင်မှာ ပစ်ခတ်သံတွေကြားပါက ထွက်ပြေးတာ၊ စူးစမ်းတာတွေ မလုပ်ဘဲ နီးစပ်ရာအဆောက်အဦအကာအကွယ်ယူပြီး မြေကြီးမှာ မှောက်လျက်အနေအထားနဲ့ နေပေးကြဖို့ မေတ္တာရပ်ခံထားပါတယ်။

You may have missed