Categories

November 2024
M T W T F S S
 123
45678910
11121314151617
18192021222324
252627282930  
May 24, 2025

ထားဝယ်မြို့နယ်မှာ သုံးဘီးယာဉ်နဲ့ လမ်းကင်းထွက်လာတဲ့ စစ်ကောင်စီတပ်သားတွေကို ကြားဖြတ်တိုက်ခိုက်လို့ စစ်သား ၅ဦးသေဆုံးပြီး လက်နက်ပစ္စည်းများရရှိ

တနင်္သာရီတိုင်း၊ ထားဝယ်မြို့နယ်မှာ သုံးဘီးယာဉ်နဲ့ လမ်းကင်းထွက်လာတဲ့ စစ်ကောင်စီတပ်သားတွေကို ကြားဖြတ်တိုက်ခိုက်လို့ စစ်သား ၅ဦးသေဆုံးပြီး လက်နက်ပစ္စည်းများရရှိခဲ့ကြောင်း ရေဖြူပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (YPPDF) က သတင်းထုတ်ပြန်ပါတယ်။

နိုဝင်ဘာလ ၁၈ ရက်နေ့ နံနက် ၉ နာရီ ဝန်းကျင်ခန့်မှာ ၊ ထားဝယ်မြို့၊ အိမ်ရှေ့ပြင်ရပ်ကွက်နဲ့ ဆင်ဆိပ်ရပ်ကွက်အကြားမှာ သုံးဘီးယာဉ် သုံးပြီး လမ်းကင်း ထွက်လာတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်များကို တော်လှန်ရေးတပ်တွေက ကြားဖြတ် ပစ်ခတ် တိုက်ခိုက်ရာ အပြန်အလှန်ပစ်ခတ်မှု ၁၅ မိနစ်ခန့်ဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။တိုက်ခိုက်မှုအတွင်း စစ်သား ၅ဦးသေဆုံးပြီး ၂ဦးထိခိုက်ဒဏ်ရာ ရရှိကာ ကျန်ရှိနေသော စစ်သားများ ထွက်ပြေးသွားကြောင်း သေဆုံးသွားသော စစ်သားများထံမှ MA-1 သေ​နတ် ၃ လက်၊ MA-3 သေနတ် ၁ လက်၊ MA-2 စက်ကလေး ၁ လက်၊ ကျည်ဘောက် ၁၅ ခု၊ ခါးပတ် ၁ ခု နဲ့ ဆက်စပ်ပစ္စည်းများ သိမ်းဆည်း ရရှိခဲ့ကြောင်း သိရပါတယ်။အဆိုပါ တိုက်ခိုက်မှုကို ရေဖြူပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (YPPDF) နဲ့ ဓဝယ်အမျိုးသားလွတ် မြောက်ရေး တပ်တော် (DNLA) တို့က ပူးပေါင်း လုပ်ဆောင်ခဲ့ခြင်းဖြစ်ပါတယ်။

You may have missed