မကွေးတိုင်း ချောက်မြို့နယ်မှာ ပြည်သူ့ကာကွယ်ရေးတပ်တွေရဲ့ ယာယီအထိုင်စခန်းကို စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီစစ်ကြောင်းကို မိုင်းတွေနဲ့ဖောက်ခွဲတိုက်ခိုက်ခဲ့လို့ စစ်သား ၂၀ကျော်သေဆုံးကြောင်း Chauk Guerrilla Force C.G.F (ချောက်မြို့နယ် ပြောက်ကျားတပ်ဖွဲ့) က သတင်းထုတ်ပြန်ပါတယ်။
Chauk Guerrilla Force C.G.F (ချောက်မြို့နယ် ပြောက်ကျားတပ်ဖွဲ့) နဲ့ ချောက်မြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (ချောက် ပကဖ)တို့ ပူးပေါင်းအထိုင်ချထားတဲ့ ယာယီစခန်းကို နိုဝင်ဘာ ၁၃ရက် မနက် ၈နာရီခန့်မှာ စစ်ကောင်စီအင်အား ၈၀ခန့်ပါစစ်ကြောင်းက ဝင်ရောက်စစ်ကြောင်းထိုးလာတယ်လို့ သိရပါတယ်။အဆိုပါစစ်တပ်စစ်ကြောင်းကို တော်လှန်ရေးပူးပေါင်းတပ်က ကြိုတင်ပြင်ဆင်ထားတဲ့ နင်းမိုင်း၊ တိုက်မိုင်း၊ ဆွဲမိုင်း၊ အဝေးထိန်းမိုင်းတွေနဲ့ ပြန်လည်ခုခံတိုက်ခိုက်တာကြောင့် စစ်သား ၂၀ခန့် သေဆုံးပြီး ၃၀ခန့် ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း မျက်မြင်တွေံရပြီး မနက် ၈နာရီ ၁၅မိနစ်မှာ စခန်းက ဆုတ်ခွာပေးခဲ့ရတယ်လို့ သိရပါတယ်။
နိုင်ဝင်ဘာ ၁၄ရက် ညနေ ၄နာရီမှာလည်း Chauk Guerrilla Force C.G.F (ချောက်မြို့နယ် ပြောက်ကျားတပ်ဖွဲ့) နဲ့ ချောက်မြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (ချောက် ပကဖ)၊ အာဠာဝက မြို့ပြပြောက်ကျားတပ်ဖွဲ့၊ ရေနံချောင်း ဖေကံကောင်း အဖွဲ့တို့ပူးပေါင်းကာ စစ်ကြောင်း အထိုင်ချနေရာကို ၈၀မမ နဲ့ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။တိုက်ခိုက်မှုကြောင့် စစ်ကောင်စီဘက်က ထိခိုက်ကျဆုံးမှုရှိကြောင်း သတင်းရရှိပြီး ဆေးကုသမှုခံယူနေရတယ်လို့ ဒေသပြည်သူတွေထံက သိရပါတယ်။

More Stories
မဲပလီစခန်းက ဒုတပ်ရင်းမှူး ဗိုလ်မှူးခန့်နိုင်၊ ဗိုလ်ကြီးဇော်မင်းအပါ ၄၀ကျော်သေဆုံးပြီး စစ်ဦးစီး(တတိယတန်း)G3 ဗိုလ်ကြီးသော်တာအပါအဝင် စစ်သုံ့ပန်း(၂၇)ဦးဖမ်းမိ
ငဖဲရှိ ဂုတ်စည်းရိုးစခန်းကို AA သိမ်းပိုက်၊ မအလ ဇာတိ မင်းဘူးမြို့ထိ တိုက်ပွဲနီးကပ်လာ
တိုက်ပွဲသတင်းများ