ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကွတ်ခိုင်မြို့ ကို စစ်ကောင်စီတပ်က ဂျက်ဖိုက်တာဖြင့် ဗုံးကြဲတိုက်ခိုက်မှုကြောင့် ကလေးငယ် တစ်ဦးအပါအဝင် ဒေသခံ (၃)ဦး သေဆုံးပြီး (၁၃)ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA ထုတ်ပြန်ချက်အရ သိရပါတယ်။မနေ့က နိုဝင်ဘာလ ၁၇ရက်နေ့ ည ၁၁နာရီကျော်မှာ ကွတ်ခိုင်မြို့ ရပ်ကွက် (၄)မှာ စစ်ကောင်စီတပ်က ဗုံးကြဲတိုက်ခိုက်မှုကြောင့် ကလေးငယ် ၁ဦးနဲ့ အမျိုးသမီး (၂)ဦး သေဆုံးသွားခဲ့ပြီး အမျိုးသား (၇)ဦးနဲ့ အမျိုးသမီး (၆)ဦး ဗုံးစထိမှန်ဒဏ်ရာရရှိခဲ့ကာ နေအိမ် (၈)လုံး ထိမှန်ပျက်စီးသွားခဲ့တယ်လို့ သိရပါတယ်။အလားတူ နိုဝင်ဘာလ (၁၇)ရက်နေ့က မိုင်းငေါ့မြို့မှာ စစ်ကောင်စီတပ်က ဂျက်ဖိုက်တာဖြင့် ပေါင် (၃၀၀) ဗုံး (၂)လုံး လာရောက်ကြဲချတိုက်ခိုက်မှုကြောင့် ဒေသခံ(၅)ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သလို နိုင်ဝင်ဘာ ၁ ရက်နေ့လည်း ကွတ်ခိုင်မြို့ ရပ်ကွက်(၂)ကို စစ်ကောင်စီတပ်က ဂျက်ဖိုက်တာ (၂)စီးဖြင့် ဗုံး (၈)လုံး လာရောက်ကြဲချတိုက်ခိုက်ခဲ့ပါတယ်။
စစ်ကောင်စီတပ်ဟာ လေကြောင်းကိုအသုံးပြုပြီး နေ့စဥ်ရက်ဆက် ပြည်သူများကို ဦးတည်ပြီး ဗုံးကြဲချတိုက်ခိုက်ခဲ့ခြင်းကြောင့် လူထိခိုက်သေဆုံးမှုရှိသည့်အပြင် ပြည်သူပိုင်နေအိမ်များလည်း ထိခိုက်ပျက်စီးရှုံးဆုံးခဲ့ရတယ်လို့ TNLA က ဆိုပါတယ်။ပြည်သူများအနေနဲ့ စစ်ကောင်စီတပ်ရဲ့ လေကြောင်းတိုက်ခိုက်မှုများ ရှောင်ရှားနိုင်ရန် စစ်ရေးသတိရှိရန်လိုအပ်ကြောင်း၊ လူစုလူဝေးမပြုလုပ်ကြရန်နှင့် လေကြောင်းရန် ကာကွယ်မှုဆိုင်ရာ အသိပေးထုတ်ပြန်ချက်များ လိုက်နာဆောင်ရွက်ရန်လိုအပ်ကြောင်း အသိပေးထားပါတယ်။
More Stories
ငါန်းဇွန်မှာ စက်တပ်လေထီးနဲ့ရော လေယာဉ်နဲ့ပါဗုံးကြဲလို့ မိသားစုလိုက်သေဆုံးပြီး ၃ဦးမှာ အလောင်းပြန်မရနိုင်အောင်ပျက်စီးခဲ့
တောင်သာမှာ စစ်ကောင်စီက လေထီးမှာ စက်တပ်ပြီး စတင် ဗုံးကြဲတိုက်ခိုက်လာ
နခခ ၅တိုက်ပွဲမှာ စကစ Y 12 ကို ပစ်ခတ်နေတဲ့ AA ရဲ့ လေယာဉ်ပစ်လက်နက်