တနင်္သာရီတိုင်း၊ ထားဝယ်ခရိုင်၊ ရေဖြူမြို့နယ်မှာတော့ စစ်ကောင်စီရဲ့ အဓမ္မစစ်မှုထမ်းသင်တန်းဆင်း တပ်သားသစ် ၅ ဦးနှင့်အတူ စစ်ကောင်စီတပ်သား စုစုပေါင်း ၆ ဦးဟာ လက်နက်နဲ့တကွ တော်လှန်ရေးဘက်ကို ဝင်ရောက်လာခဲ့ကြပါတယ်။ အဆိုပါတပ်သားသစ်များမှာ အတင်းအဓမ္မစစ်သားစုဆောင်းခံရပြီး အပတ်စဉ် ၂ စစ်မှုထမ်းသင်တန်းဆင်း...
Day: November 18, 2024
ပြည်သူကာကွယ်ရေးတပ်မတော် ၊ တောင်ပိုင်းတိုင်းစစ်ဒေသခွဲအမှတ်(၃)၊ဗျူဟာ(၃၃)၊ ဒေါနတပ်ရင်းနယ်မြေအတွင်းသို့ စစ်ကောင်စီဘက်မှ တပ်သား(၆)ဦးအလင်းဝင်ရောက်ခဲ့ကြောင်း ဒေါနစစ်ကြောင်းက ထုတ်ပြန်ပါတယ်။အလင်းဝင်တပ်သား(၆)ဦးထဲက (၁)ဦးဟာ MA1 (၁)လက် ၊ ကျည်ဘောက်(၃)ဘောက် ၊ ကပစကျည် ၅.၅၆ (၁၆၁)တောင့် နဲ့အတူ အလင်းဝင်ရောက်ခဲ့တာဖြစ်ပြီး ကျန်လူများမှာ...
စစ်ကောင်စီက နယ်မြေတွေ ပြန်သိမ်းဖို့ အစွမ်းကုန်ကြိုးစားနေချိန်ဖြစ်ပါတယ်။ တိုင်းစစ်ဌာနချုပ်နယ်မြေကြီးတွေကို တရုတ်အားကိုးနဲ့ ပြန်ရဖို့ကြိုးစားသလို အညာဒေသတွေကို စစ်ကြောင်းလေကြောင်း မီးရှို့ပါတယ်။ PDF တွေထိန်းချုပ်ထားတဲ့ မန္တလေးတိုင်း မတ္တရာမြို့နယ်အနောက်ခြမ်း ဧရာဝတီမြစ်ကမ်းအနီးကျေးရွာတွေမှာလည်း တိုက်ပွဲတွေပြန်လည်ပြင်းထန်နေကြပါတယ်။ အထိနာတဲ့စစ်ကောင်စီဟာ လေကြောင်းတိုက်ခိုက်မှု လက်နက်ကြီးပစ်ခတ်မှုတွေလည်း ဆက်တိုက်လုပ်ဆောင်နေကြောင်း...
မြန်မာအမျိုးသား ဒီမိုကရက်တစ် မဟာမိတ်တပ်မတော် MNDAA ဟာ စစ်ကောင်စီကိုတော်လှန်ရေးမှာ လားရှိုးကိုသိမ်းပိုက်ထားနိုင်သည်ထိ အောင်မြင်မှုရထားခဲ့တာ ဖြစ်ပါတယ်။ လက်ရှိမှာတော့ တရုတ်နိုင်ငံဘက်ကိုရောက်ရှိနေတဲ့ ကိုးကန့်တပ်ခေါင်းဆောင် ဖုန်တာရွှင်ကို တရုတ်ကပြန်မလွှတ်ဘဲ အကျယ်ချုပ်သဘော ထိန်းသိမ်းထားတဲ့သတင်းတွေ ထွက်ပေါ်လာနေပါတယ်။ ခေါင်းဆောင်ဖုန်တာရွှင်ဟာ တရုတ်အစိုးရ အထူးကိုယ်စားလှယ်...
ကရင်နီပြည်နယ် ဖယ်ခုံမြို့နယ်နဲ့ ရှမ်းပြည်တောင်ပိုင်း ပင်လောင်းနယ်စပ်ဘက်ကနေ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ကို မြေပြင်တော်လှန်ရေးတပ်တွေနဲ့အတူ သွားရောက်ပူးပေါင်းပြီး ခုခံတွန်းလှန်တိုက်ခိုက်နေတယ်လို့ ကယန်းအမျိုးသားတပ်မတော် ( KNA) က မနေ့က နိုဝင်ဘာ ၁၇ရက်မှာ အသိပေးပါတယ်။ဒီနေ့ နိုဝင်ဘာ ၁၈ရက် မနက်...
မကွေးတိုင်း ချောက်မြို့နယ်မှာ ပြည်သူ့ကာကွယ်ရေးတပ်တွေရဲ့ ယာယီအထိုင်စခန်းကို စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီစစ်ကြောင်းကို မိုင်းတွေနဲ့ဖောက်ခွဲတိုက်ခိုက်ခဲ့လို့ စစ်သား ၂၀ကျော်သေဆုံးကြောင်း Chauk Guerrilla Force C.G.F (ချောက်မြို့နယ် ပြောက်ကျားတပ်ဖွဲ့) က သတင်းထုတ်ပြန်ပါတယ်။ Chauk Guerrilla Force...
မကွေးတိုင်း၊ ရေစကြိုမြို့နယ် မှာ သန်းခေါင်စာရင်းကောက်အဖွဲ့က လုံခြုံရေးတပ်သား ၂ဦး လက်နက်နဲ့တကွ ဘက်ပြောင်းခိုလှုံလာလို့ တစ်ဦးလျှင် ၁၅သိန်းစီချီးမြှင့်ခဲ့ကြောင်း ရေစကြိုမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ထံက သိရပါတယ်။ ရေစကြိုမြို့နယ်အခြေစိုက် ခလရ၂၅၇ လက်အောက်ခံ တပ်သားကိုဦးနဲ့ ခလရ၂၅၈လက်အောက်ခံ တပ်သားစိုးလင်းအောင် တို့ဟာ...
မန္တလေးတိုင်း၊ မိတ္ထီလာမြို့နယ် ရှမ်းတဲလေတပ်စခန်းဝန်းကျင်ရှိ ပစ်မှတ်နေရာ ၇ခုကို တိုက်ခိုက်မှုအတွင်း ဗိုလ်မှူး (၂) ဦးအပါအဝင် တပ်ဖွဲ့ဝင်အချို့ ထိခိုက်သေဆုံးခဲ့ပြီး Y-12 ၂စီးထိခိုက်ခဲ့ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ-NUG၊ ကာကွယ်ရေးဝန်ကြီးဌာနက အတည်ပြုထုတ်ပြန်လာပါတယ်။မိတ္ထီလာအခြေစိုက် အမှတ် (၁၀) တပ်မတော် အကြီးစားစက်ရုံရှိ...
ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကွတ်ခိုင်မြို့ ကို စစ်ကောင်စီတပ်က ဂျက်ဖိုက်တာဖြင့် ဗုံးကြဲတိုက်ခိုက်မှုကြောင့် ကလေးငယ် တစ်ဦးအပါအဝင် ဒေသခံ (၃)ဦး သေဆုံးပြီး (၁၃)ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA ထုတ်ပြန်ချက်အရ သိရပါတယ်။မနေ့က နိုဝင်ဘာလ ၁၇ရက်နေ့ ည...