Categories

November 2024
M T W T F S S
 123
45678910
11121314151617
18192021222324
252627282930  
November 7, 2025

မိုးမောက်မြို့နယ်မှာ စစ်ကောင်စီဗုံးဒဏ်ကြောင့် သေဆုံးသွားရတဲ့ ကလေးငယ်များကို ဒီနေ့ မီးသင်္ဂြိုလ်မယ်လို့ သိရပါတယ်

နိုဝင်္ဘာလ ၁၅ ရက်နေ့ မနေ့က ညနေ ၄ နာရီခန့်မှာ ကချင်ပြည်နယ် မိုးမောက်မြို့နယ် ကုန်းလောရွာမှာရှိတဲ့ ခရစ်ယာန်ဘုရားကျောင်းတခုကို ဗုံးကြဲချခဲ့ရာမှာ အထဲမှာ စစ်ဘေးရှာင်နေကြတဲ့ ကလေးငယ်အပါ ၉ ဦး သေဆုံးသွားကြပြီး ၁၀ ဦးထက်မနည်း ဒဏ်ရာရသွားကြပါတယ်။ မနေ့က နိုဝင်ဘာ ၁၅ ရက်နေ့ဟာ ဗုဒ္ဓဘာသာဝင်တွေရဲ့ နေ့ထူးနေ့မြတ် တန်ဆောင်တိုင်နေ့ဖြစ်ပေမယ့် စစ်ကောင်စီဟာ လူသတ်ဗုံးကြဲမှုကိုတွေ တရက်မှ မရပ်ခဲ့ပါဘူး။ အဆိုပါကုန်းလောရွာ ခရစ်ယာန်ကျောင်း မှာလည်း စစ်ဘေးရှောင်များအတွက် ဆုတောင်းပွဲပြုလုပ်နေစဉ် ရည်ရွယ်ချက်ချက်ရှိရှိ ဗုံးကြဲတိုက်ခိုက်ခဲ့ကြပါတယ်။ စစ်ရှောင်စခန်းရှိတဲ့နေရာဟာ မိုးမောက်မြို့နဲ့ ကချင်လွတ်လပ်ရေးတပ်မတော် KIA ဌာနချုပ်ရှိရာ လိုင်ဇာမြို့ ကြားမှာရှိတယ်လို့လည်း ‌ဒေသခံတွေကပြောကြပါတယ်။ တိုက်ခိုက်ခံခဲ့ရတဲ့ ကုန်းလောရွာဟာ ကေအိုင်အေက သိမ်းပိုက်ထားတဲ့မြို့ဖြစ်ပေမယ့် မြေပြင်မှာ တိုက်ပွဲဖြစ်ပွားနေခြင်းမရှိဘဲ အခုလိုတိုက်ခိုက်ခံခဲ့ရတာ ဖြစ်ပါတယ်။ သေဆုံးသူ ကလေးတွေ အများဆုံးဖြစ်ခဲ့ပြီး ဒဏ်ရာရသူတွေကိုလည်း “လိုင်ဇာဘက်ကိုပို့ ဆေးကုဖို့ သွားရောက်နေကြပါတယ်။ “မိုးမောက်ပတ်ဝန်းကျင်က ဆုံးရှုံးထားတဲ့ တပ်စခန်းတွေကို ပြန်ထိန်းချုပ်ဖို့ စစ်ကောင်စီကြိုးစားနေတာပါ။ အဆိုပါတိုက်ပွဲများမှာ စစ်တပ်က ဒရုန်းကြီးတွေ အတော်သုံးလာကြောင်း၊ ဒရုန်းတွေက ၁၂၀ မမ လို လက်နက်ကြီးတွေကို သယ်နိုင်တဲ့ ဒရုန်းကြီးတွေကို သုံးနေတာဖြစ်ပါတယ်” လို့ KIA သတင်းရင်းမြစ်က ဆိုပါတယ်။ လက်ရှိစစ်ရေးမှာ မိုးမောက်မြို့နယ်တခုလုံးဟာ ကေအိုင်အေရဲ့ ထိန်းချုပ်နယ်မြေဖြစ်ပြီး ယခုနှစ်ဇူလိုင်လကုန်ကစပြီး မိုးမောက်မြို့စောင့်တပ်တွေကို သိမ်းပိုက်နိုင်ထားတာ ဖြစ်ပါတယ်။ စစ်ကောင်စီကလည်း ဆုံးရှုံးထားတဲ့ နယ်မြေများ စခန်းများအတွက် ဘယ်သူထိထိ ရက်စက်တဲ့ နည်းလမ်းသုံးပြီး လေကြောင်းဗုံးကြဲမှုတွေကို ရက်ရက်စက်စက် ကျူးလွန်နေတာ ဖြစ်ပါသည်။

You may have missed