Categories

November 2024
M T W T F S S
 123
45678910
11121314151617
18192021222324
252627282930  
September 21, 2026

ပုလဲမြို့ကို စစ်ကောင်စီက စစ်ကူချပေးမှုအပြင် လေကြောင်းဆက်တိုက်ဗုံးကြဲမှုကြောင့် တော်လှန်ရေးတပ်တွေ ပြန်လည်ဆုတ်ခွာ ခဲ့ရ

စစ်ကိုင်းတိုင်း၊ ပုလဲမြို့ကို စစ်ကောင်စီက လေကြောင်းကနေ စစ်ကူတွေ ချပေးမှုအပြင် လေကြောင်းဆက်တိုက်ဗုံးကြဲမှုကြောင့် တော်လှန်ရေးတပ်တွေ မြို့ကို ဆုတ်ခွာခဲ့ရတယ်လို့ သိရပါတယ်။ပုလဲမြို့သိမ်းတိုက်ပွဲကို ပြီးခဲ့တဲ့ နိုဝင်ဘာ ၁၁ရက်မှာ ဗိုလ်နဂါးဦးဆောင်တဲ့ BNRA နဲ့အတူ မဟာမိတ်ပူးပေါင်းတပ်တွေက ပုလဲမြို့နယ် ထွေအုပ်ရုံး၊ ရဲစခန်း၊ ကျောင်း၊ ဌာနဆိုင်ရာရုံးတွေကို တပြိုင်နက် စီးနင်းတိုက်ခိုက်ခဲ့ပြီး စစ်ကောင်စီက လေကြောင်းကနေ စစ်ကူတွေချပေးခဲ့သလို ဗုံးကြဲမှုတွေ ဆက်တိုက်လုပ်ဆောင်ခဲ့လို့ နိုဝင်ဘာ ၁၄ရက်မှာ ပြန်လည်ဆုတ်ခွာခဲ့ရတယ်လို့ သိရပါတယ်။

တော်လှန်ရေးတပ်တွေဟာ ပုလဲထွေအုပ်ရုံးကို စီးနင်းနိုင်တဲ့အပြင် မြို့ပေါ်နေရာအများစုကို ထိန်းချုပ်နိုင်ခဲ့ပြီး မြို့ကို သိမ်းလုနီးအခြေအနေထိဖြစ်ခဲ့တာကြောင့် စစ်ကောင်စီဘက်က အပြင်းအထန်ခုခံခဲ့တာဖြစ်ပြီး ၂ဖက်ထိခိုက်မှုတွေ ရှိခဲ့တယ်လို့ သိရပါတယ်။စစ်သုံပန်းအချို့ကိုလည်းဖမ်းဆီးရမိခဲ့သလို နိုဝင်ဘာ ၁၁ရက်မှာ ပုလဲမြို့ပေါ်ကို စစ်ကောင်စီ လေကြောင်းတိုက်ခိုက်မှူ ၁၀ ကြိမ်ထက်မနည်း ပြုလုပ်ခဲ့ရာ ရဲစခန်း အရှေ့မြောက်ဖက်ရှိ မြို့နယ်လျှပ်စစ် ဝန်ထမ်းအိမ်ယာ ပေါ်သို့ ပေါင်(၅၀၀) ဗုံး တစ်လုံး ကျရောက်ပေါက်ကွဲခဲ့ပြီး မြို့နယ် လျှပ်စစ်မှူး ထိခိုက်ခဲ့သလို NON CDM ဝန်ထမ်းမိသားစုတွေလည်း သေဆုံးမှုတွေ ရှိခဲ့တယ်လို့ သိရပါတယ်။ပုလဲမြို့ရှိ ဒေသခံပြည်သူ ၂သောင်းနီးပါးစစ်ဘေးရှောင်နေရပြီး ပြည်သူ့ကာကွယ်ရေးတပ်တွေက မြို့ပြင်ကို ကယ်ထုတ်ပေးနေရတယ်လို့ သိရပါတယ်။ပုလဲမြို့ဟာ မုံရွာအခြေစိုက် အနောက်မြောက်တိုင်းစစ်ဌာနချုပ်နဲ့ ၁၀မိုင်ခန့်သာကွာဝေးပြီး ပုလဲမြို့သိမ်းတိုက်ပွဲကို ဗမာအမျိုးသားလွတ်မြောက်ရေးတပ်မတော် BNRA၊ ဒါးမဆိုင်းတပ်မတော်(ယင်းမာပင်ခရိုင်တပ်ရင်း ၂၈)၊ ကျားသစ်တပ်မတော်၊ မြောက်ယမားဗိုလ်မြတို့ အဖွဲ့တွေက မြို့ပေါ်အထိ ကားတွေနဲ့ ဝင်ရောက်ကာ တိုက်ခိုက်ခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

You may have missed