ကချင်ပြည်နယ်၊ မိုးမောက်မြို့နယ်ရှိ စစ်ဘေးရှောင် ပြည်သူများ နေထိုင်ရာ ခရစ်ယာန် ဘုရားကျောင်းကို စစ်ကောင်စီက လေကြောင်းဗုံးကြဲတိုက်ခိုက်မှုကြောင့် ကလေးငယ် ၇ ဦး အပါအဝင် ပြည်သူ ၁၀ ဦး သေဆုံးပြီ ၃၀ ကျော် ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ဒေသတွင်း သတင်းအရင်းမြစ်တွေထံက သိရပါတယ်။မနေ့က နိုဝင်ဘာ ၁၅ရက်၊ တန်ဆောင်မုန်းလပြည့်နေ့ ညနေ ၄နာရီလောက်မှာ မိုးမောက်မြို့ စစ်ဘေးရှောင်စခန်း ဘုရာကျောင်းဝန်းအတွင်းရှိ ကလေးကစားကွင်းပေါ်ကို စစ်ကောင်စီက လေကြောင်းကနေ ဗုံးကြဲခဲ့တာကြောင့် ကလေး ၇ ဦးအပါအဝင် ပြည်သူ ၁၀ဦးသေဆုံးပြီ ၃၀ ကျော် ထိခိုက်ဒဏ်ရာရရှိခဲ့ခြင်းဖြစ်တယ်လို့ သိရပါတယ်။
ကလေးများကစားနေချိန် လေယာဉ် ၂စီးနဲ့ ဗုံးကြဲခဲ့တာကြောင့် ရှောင်တိမ်းချိန်မရဘဲ ကလေးငယ်တွေ ထိခိုက်သေဆုံးရခြင်းဖြစ်တယ်လို့ ဒေသမီဒီယာတွေ ဖော်ပြချက်အရသိရပါတယ်။စစ်ကောင်စီဟာ မိုးမောက်မြို့တွင်းတိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ ပြည်သူနေရာတွေကို ပစ်မှတ်ထားဗုံးကြဲခဲ့တာဖြစ်ပြီး စစ်ကောင်စီလက်ချက်ကြောင့် သေဆုံးရတဲ့ကလေးအရေအတွက်ဟာ ၅၀၀ကျော်ရှိလာပြီလို့ အမျိုးသားညီညွတ်ရေးအစိုးရ လူ့အခွင့်အရေးဝန်ကြီးဌာနရဲ့ ထုတ်ပြန်ချက်တွေအရ သိရပါတယ်။
More Stories
ငါန်းဇွန်မှာ စက်တပ်လေထီးနဲ့ရော လေယာဉ်နဲ့ပါဗုံးကြဲလို့ မိသားစုလိုက်သေဆုံးပြီး ၃ဦးမှာ အလောင်းပြန်မရနိုင်အောင်ပျက်စီးခဲ့
တောင်သာမှာ စစ်ကောင်စီက လေထီးမှာ စက်တပ်ပြီး စတင် ဗုံးကြဲတိုက်ခိုက်လာ
နခခ ၅တိုက်ပွဲမှာ စကစ Y 12 ကို ပစ်ခတ်နေတဲ့ AA ရဲ့ လေယာဉ်ပစ်လက်နက်