Categories

November 2024
M T W T F S S
 123
45678910
11121314151617
18192021222324
252627282930  
May 30, 2026

စစ်ဆင်ရေး (၁) နှစ်ပြည့်အတွင်း ပလက်ဝအပါအဝင် မြို့ ၁၀မြို့နဲ့ နပခရှိ တပ်ရင်းတပ်ဖွဲ့ ၇ခုကို AA သိမ်းယူထားပြီးဖြစ်ကြောင်း ကြေညာ

အာရက္ခဒေသစစ်ဆင်ရေး (၁) နှစ်ပြည့်ကာလအတွင်း ပလက်ဝအပါအဝင် မြို့ ၁၀မြို့နဲ့ နပခထဲက တပ်ရင်းတပ်ဖွဲ့ ၇ခုကို AA သိမ်းယူထားပြီးဖြစ်ပြီး ကျန် တပ်ရင်း ဌာနချုပ် ၁၀ခုထက်မနည်းကို တိုက်ခိုက်နေဆဲဖြစ်ကြောင်း အာရက္ခတပ်တော် AA က ကြေညာလိုက်ပါတယ်။ပြီးခဲ့တဲ့နှစ် နိုဝင်ဘာလ (၁၃) ရက်နေ့က စတင်ခဲ့တဲ့ အရက္ခဒေသစစ်ဆင်ရေးဟာ အခု ၂၀၂၄ခုနှစ် နိုဝင်ဘာ ၁၃ရက်နေ့မှာ တနှစ်ပြည့်မြောက်ပြီဖြစ်ပြီး တနှစ် အတွင်း သိမ်းပိုက်ထိန်းချုပ်ထားနိုင်မှုနဲ့ စစ်ရေးရည်မှန်းချက်တွေကို ထုတ်ပြန်ကြေညာလာတာဖြစ်ပါတယ်။၂၀၂၃ ခုနှစ် နိုဝင်ဘာလ (၁၃) ရက်နေ့မှာ ရသေ့တောင်မြို့နယ်၊ ချိန်ခါလီနယ်ခြားစောင့်စခန်း အပါအဝင် စစ်ရေးအရအရေးပါပြီး အားနည်းတဲ့တပ်စခန်းများကို အာရက္ခတပ်တော်က ဗျူဟာမြောက်ထိုးစစ်ဆင်တိုက်ခိုက်မှုများနဲ့အတူ စစ်ကောင်စီစခန်းများကို တစ်ခုပြီးတစ်ခု မရပ်မနားဆက်တိုက် ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ခြင်းဖြစ်တယ်လို့ ဆိုပါတယ်။ဒါကြောင့် ပလက်ဝဒေသ၊ ကျောက်တော်၊ မင်းပြား၊ မြောက်ဦး၊ ရသေ့တောင်၊ ဘူးသီးတောင်၊ ပုဏ္ဏားကျွန်း၊ ရမ်းဗြဲ၊ မြေပုံ၊ ‌ပေါက်တော၊ သံတွဲ နှင့် ကျိန္တလီမြို့များရှိ ရန်သူ့စခန်းအားလုံးကို စစ်ဆင်ရေး (၁) နှစ် မပြည့်မီကာလအတွင်း သိမ်းပိုက်ထိန်းချုပ်ထားနိုင်ခဲ့ပြီးဖြစ်တယ်လို့ သိရပါတယ်။

အာရက္ခဒေသနဲ့ နယ်မြေဆက်စပ်နေပြီး ဆယ်စုနှစ်များစွာလက်နက်ကြီးများဖြင့် တောက်လျှောက်ခြိမ်းခြောက်နေခဲ့တဲ့ အပြင် တောက်လျှောက်ပစ်ခတ်တိုက်ခိုက်နေခဲ့တဲ့ ပလက်ဝဒေသ တစ်ခုလုံးရှိ စစ်ကောင်စီ၏ စခန်းများအားလုံးကို အာရက္ခတပ်တော်မှ ၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလ (၁၄) ရက်နေ့ တွင် စခန်းတစ်ခုမကျန် အပြီးသတ်သိမ်းပိုက်လိုက်နိုင်ပြီးနောက် ပလက်ဝဒေသဟာ “စစ်ကောင်စီ ကင်းစင် သောနယ်မြေ” ဖြစ်လာခဲ့သလို ရက္ခိုင်-ဘင်္ဂလာနယ်စပ် တစ်လျှောက်ရှိ ရန်သူ၏ အချက်အချာ ကျသော စခန်းကုန်းကြီးများ၊ တပ်စခန်းကြီး/ငယ်များနှင့် နယ်ခြားစောင့်တပ်စခန်းများအားလုံးကို AA က စခန်းတစ်ခုပြီးတစ်ခု တိုက်ခိုက်သိမ်းပိုက်ရယူနိုင်ခဲ့ပါတယ်။၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလ (၁၄) ရက်နေ့မှာ ပလက်ဝဒေသတစ်ခုလုံး၊ ဇန်နဝါရီလ (၁၉) ရက်နေ့မှာ ပေါက်တောမြို့၊ ဖေဖော်ဝါရီလ (၁၃) ရက်နေ့မှာ ကျောက်တော်မြို့၊ ဖေဖော်ဝါရီလ (၁၅) ရက်နေ့မှာ မြေပုံမြို့၊ ဖေဖော်ဝါရီလ (၈) ရက်နေ့မှာ မြောက်ဦးမြို့၊ ဖေဖော်ဝါရီလ (၂၆) ရက်နေ့မှာ မင်းပြားမြို့၊ မတ်ချ်လ (၄) ရက်နေ့မှာ ပုဏ္ဏားကျွန်းမြို့၊ မတ်ချ်လ (၁၁) ရက်နေ့မှာ ရမ်းဗြဲမြို့၊ မတ်ချ်လ (၁၇) ရက်နေ့မှာ ရသေ့တောင်မြို့ ၊ မေလ (၁၈) ရက်နေ့မှာ ဘူးသီးတောင်မြို့၊ စက်တင်ဘာလ (၅) ရက်နေ့မှာ သံတွဲမြို့စတဲ့ မြို့ပေါင်း ၁၀ခုကို သိမ်းပိုက်ထိန်းချုပ်ထားနိုင်ပြီလို့ ကြေညာပါတယ်။

အမ်းမြို့နယ် အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်ရှိ အကြမ်းဖက် ဖက်ဆစ်စစ်ကောင်စီ၏ တပ်စခန်းများထဲက ခမရ (၃၇၃)-အမှတ် (၃၇၃) ခြေမြန်တပ်ရင်း၊ အမတ (၃၇၄)-အမှတ် (၃၇၄) အမြောက်တပ်ရင်း၊ လလစ (၇၅၇)-အမှတ် (၇၅၇) လျှပ်စစ်အလုပ်ရုံတပ်ခွဲ၊ စနခ (၃၄၅)-အမှတ် (၃၄၅) စစ်လက်နက်ပစ္စည်းတပ်ခွဲ ၊ တစသ (၈)- အမှတ် (၈) တိုက်ပွဲဝင်စည်းရုံးရေးသင်တန်းကျောင်း၊ တဆရ(၂/၃၀၀)-အမှတ်-၂ /ကုတင် ၃၀၀ တပ်မတော်စစ်ဆေးရုံ ၊ လကရ-လေကြောင်းရန်ကာကွယ်ရေးတပ်၊ စရဖ-စစ်ဖက်ရေးရာလုံခြုံရေးတပ်တို့ကိုလည်း အာရက္ခတပ်တော်မှ သိမ်းပိုက်ရရှိထားပြီးဖြစ်တယ်လို့ အမ်းမြို့အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်သတင်းကို တဆက်တည်းဖော်ပြထားပါတယ်။

နေသေးသောစခန်းများဖြစ်တဲ့ နပခ-အနောက်ပိုင်းတိုင်း စစ်ဌာနချုပ်၊ ဆလအခွဲ (၉၄၆) – အမှတ် (၉၄၆) ဆောက်လုပ်ရေးအင်ဂျင်နီယာတပ်ခွဲ၊ ခမရ (၃၇၁) -အမှတ် (၃၇၁) ခြေမြန်တပ်ရင်း၊ ခမရ (၃၇၂) – အမှတ် (၃၇၂) ခြေမြန်တပ်ရင်း၊ လလစ (၇၅၇/၂) – အမှတ် (၇၅၇/၂) လျှပ်စစ်အလုပ်ရုံတပ်ခွဲ ၊ ထပခ (၉၂၆) – အမှတ် (၉၂၆) ထောက်ပံ့နှင့်ပို့ဆောင်ရေးတပ်ခွဲ၊ ဆသလ (၉) – အမှတ် (၉) ဆက်သွယ်ရေးလုံခြုံမှုတပ်ရင်း၊ အဆရ (၈) – အမှတ် (၈) အဆင့်မြင့်ဆက်သွယ်ရေးတပ်ရင်း၊ တထခ (၁၀) – အမှတ် (၁၀) တပ်ထိန်းတပ်ခွဲ၊ စအရ (၉၁၉) – အမှတ် (၉၁၉) စစ်မြေပြင်အင်ဂျင်နီယာတပ်ရင်းများကို ထိုးစစ်ဆင်တိုက်ခိုက်နေတယ်လို့ သိရပါတယ်။သိမ်းပိုက်ရရှိထားပြီးသောစခန်းများမှ ထွက်ပြေးလွတ်မြောက်နေတဲ့ စစ်ကောင်စီ တပ်ဖွဲ့ဝင်များကို လိုက်လံချေမှုန်းတိုက်ခိုက်လျက်ရှိတာကြောင့် အမ်း၊ နပခဌာနချုပ်ရှိရာ ပတ်ဝန်းကျင်မှာ တိုက်ပွဲများ ဆက်လက်ပြင်းထန်နေခဲ့တယ်လို့ သိရပါတယ်။

အာရက္ခပြည်သူ့တော်လှန်ရေးအစိုးရအနေနဲ့ မပြီးပြတ်သေးတဲ့ ထိုးစစ်များကို ဆက်လက် ဆင်နွှဲရင်း သိမ်းယူထားတဲ့ မြို့များမှာ အာရက္ခပြည်သူတွေရဲ့ လူမှုစားဝတ်နေထိုင်ရေးဖူလုံရေးနဲ့ ပြည်သူ့ဝန်ဆောင်ရေး လုပ်ငန်းများကို တစ်ပြိုင်နက်တည်း ကြိုးပမ်းဆောင်ရွက်လျက်ရှိနေတာကြောင့် လိုအပ်ချက်များရှိနေဆဲဖြစ်ကာ လိုအပ်သည်များကို အနှေးနှင့်အမြန် ဖြည့်ဆည်းပေးသွားမယ်လို့ ကတိပြုပြောပါတယ်။”ရက္ခဒေသနေ ပြည်သူလူထုနှင့် အာရက္ခတပ်တော်၏ အဓိက ရည်မှန်းချက်တစ်ခုဖြစ်သော အာရက္ခဒေသတွင်းရှိ “စစ်ကောင်စီတပ်ဖွဲ့များအားလုံး အလုံးစုံချုပ်ငြိမ်းစေရေး” ကို မိမိတို့သည် ဆက်လက် အကောင်အထည်ဖော်လျက်ရှိသည်။ “လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။တစ်နှစ်တာစစ်ဆင်ရေးကာလအတွင်း စခန်းသိမ်း၊ မြို့သိမ်းတိုက်ပွဲများ အတွင်း အသက်ပေးဆပ်စွန့်လွှတ်ခဲ့ကြသော အာရက္ခတပ်တော်နဲ့ မိတ်ဖက်အဖွဲ့အစည်းအချို့မှ သတ္တိ ပြောင်မြောက်သော စစ်သည်တော်များ၊ ကိုယ်လက်အင်္ဂါပေးဆပ်ခဲ့ကြတဲ့ စစ်သည်တော်များနဲ့ စစ်ဆင်ရေး ကို ပုံစံတစ်မျိုးမျိုးဖြင့် အထောက်အပံ့ဖြစ်စေတဲ့ ကျန်းမာရေးဝန်ထမ်းများအပါအဝင် သက်ဆိုင်သော သူများ အားလုံးကို အလေးအနက်မှတ်တမ်းတင်ဂုဏ်ပြုပါကြောင်းနဲ့ ကျေးဇူး တင်ထိုက်သော သူများအားလုံးကိုလည်း လေးနက်စွာ ကျေးဇူးအထူးတင်ရှိကြောင်း ထုတ်ပြန်ပြောဆိုထားပါတယ်။

You may have missed