မန္တလေးတိုင်း၊ နွားထိုးကြီးမြို့နယ်၊ အမြန်လမ်းမပေါ် မိုင်တိုင်အမှတ် ၃၁၇ ရှိ စစ်တပ် အထိုင်စခန်းကို ရော့ကတ် ၂ လုံးဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း နွားထိုးကြီး PDF တပ်ဖွဲ့က သတင်းထုတ်ပြန်ပါတယ်။ရန်ကုန်- မန္တလေး အမြန်လမ်းပိုင်း မိုင်တိုင် အမှတ် ၃၁၇ မှာ တပ်စွဲအထိုင်ချထားတဲ့ စစ်သားတွေကို နိုဝင်ဘာလ ၁၁ ရက်နေ့ ညနေ ၃ နာရီခန့်မှာ တော်လှန်ရေး ရဲဘော်များက Rocket ၂ လုံးဖြင့် ပစ်ခတ် တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီဘက်က ထိခိုက်သေဆုံးမှုကို စုံစမ်းနေဆဲဖြစ်တယ်လို့ သိရပါတယ်။အဆိုပါ တိုက်ခိုက်မှုကို Natogyi People Defence Force မြင်းခြံခရိုင်အမှတ် ၄ နှင့် မြင်းခြံခရိုင် အမှတ် ၁၀ တပ်ရင်းတို့ ပူးပေါင်း လုပ်ဆောင်ခဲ့ပြီး ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ဝင်များ အထိအခိုက်မရှိ ပြန်လည် ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။

More Stories
မဲပလီစခန်းက ဒုတပ်ရင်းမှူး ဗိုလ်မှူးခန့်နိုင်၊ ဗိုလ်ကြီးဇော်မင်းအပါ ၄၀ကျော်သေဆုံးပြီး စစ်ဦးစီး(တတိယတန်း)G3 ဗိုလ်ကြီးသော်တာအပါအဝင် စစ်သုံ့ပန်း(၂၇)ဦးဖမ်းမိ
ငဖဲရှိ ဂုတ်စည်းရိုးစခန်းကို AA သိမ်းပိုက်၊ မအလ ဇာတိ မင်းဘူးမြို့ထိ တိုက်ပွဲနီးကပ်လာ
တိုက်ပွဲသတင်းများ