မိတ္တီလာမြို့ ရှမ်းတဲလေတပ်စခန်းနှင့် ခြေမြန်တပ်မဌာနချုပ် အမှတ်(၉၉) ကို နိုဝင်ဘာလ ၁၁ ရက်နေ့ တိုက်ခိုက်မှုမှာ ရန်သူတွေထိခိုက်သေဆုံးကြောင်း ပကဖ သတင်းရင်းမြစ်တွေထံမှ သိရပါတယ်။ ဒီတိုက်ခိုက်မှုကို မိတ္ထီလာမြို့နယ် ပကဖ၊ မိတ္ထီလာ ပကဖ ဒရုန်းတပ်ဖွဲ့၊ မိတ္ထီလာခရိုင် တပ်ရင်း (၃)၊ ၁၈၂၅ စစ်ကိုင်းခရိုင် ဒရုန်းတပ်ဖွဲ့၊ မြင်းခြံခရိုင် တပ်ရင်း (၈) နဲ့ အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာနရဲ့ ထောက်ပံ့ကူညီမှု၊ ရှာထူးဝေါ် နည်းပညာ အဖွဲ့ရဲ့ နည်းပညာပိုင်း အကူအညီနဲ့ ရွှေလင်းယုန် Drone အထူးစစ်ဆင်ရေး အဖြစ် နိုဝင်ဘာလ (၁၁) ရက်နေ့မှာ တိုက်ခိုက်ခဲ့တာဖြစ်ပါတယ်။ ဒီ မစ်ရှင်ကို ဒရုန်း အစီးရေ ပျမ်းမျှ (၂၄) စီး အသုံးပြုခဲ့ပါတယ်လို့ ပကဖ မိတ္ထီလာရဲ့ တာဝန်ခံဦးနောင်ချိုက ပြောပါတယ်။ ဆက်လက်ပြီး တိုက်ခိုက်မှုအသေးစိတ်ကိုထုတ်ပြန်ရာမှာ “ ထိခိုက်မှု အများဆုံးက ရှမ်းတဲ လေတပ် နဲ့ ထိစပ်လျက်ရှိတဲ့ ထုတ်လုပ်ရေးတပ်တွေမှာ ပျက်စီးမှု အများဆုံး ဖြစ်ခဲ့ပါကြောင်း Y-12 စစ်လေယာဉ် (၂) စီး ထိခိုက်ပျက်စီးမှုရှိခဲ့ကာ ရန်သူ့ ထုတ်လုပ်ရေး အဆောက်အဦ (၂) လုံး လဲ ထိခိုက်ပျက်စီးခဲ့ကြောင်း၊ ရန်သူ့ အရာရှိ (၂) ဦး နဲ့ အခြား စစ်သည် (၄) စီး ထက်မက ထိခိုက်ခဲ့တယ်လို့ ကနဦးသတင်းထုတ်ပြန်ထားပါတယ်။ တိုက်ခိုက်မှု အပြီးမှာ ရန်သူ့ဘက်က ဖုန်းတွေကို သိမ်းလိုက်ပြီး ပြင်ပ နဲ့ အဆက်အသွယ်ဖြတ်ဖို့ ကြိုးစားခဲ့တာ သိရတယ်လို့လည်း ဦးနောင်ချိုက ပြောပါတယ်။ တိုက်ခိုက်ခံရအပြီးမှာ ပြင်ပကနေ မီးသတ်ကား (၂) စီး ဝင်သွားပြီး မီးငြှိမ်းရသလို လူနာတွေကိုလည်း နေပြည်တော်ကို အရေးပေါ်အနေအထားနဲ့ ပို့ခဲ့ရကြောင်း သူကဆိုပါတယ်။ အဆိုပါတိုက်ခိုက်မှုဟာ အရပ်သားတွေနေထိုင်ရာကိုသာကျတယ်လို့ စစ်ကောင်စီဘက်က သတင်းဖြန့်နေပေမယ့် တော်လှန်ရေးတပ်တွေဘက်ကတော့ အရပ်သားတွေ ထိခိုက်မှုမရှိအောင် သေချာပြင်ဆင်ခဲ့ကြောင်း ခုလိုဆိုပါတယ်။
“အရပ်သား ပစ်မှတ်တွေ မထိခိုက်အောင် စနစ်တကျ ပြင်ဆင်ခဲ့မှု ရှိပါတယ်။ စစ်ရေး ပစ်မှတ်တွေထဲက လမသ ဆိုရင် ရပ်ကွက်တွေကြားမှာ ရှိနေပေမယ့် စစ်ဘက်အရာရှိ ရိပ်သာတွေ၊ စတိုတွေ ဒါတွေကို သေချာလေ့လာပြီးမှ အလုပ်လုပ်ခဲ့တယ်။ ဒါက ဖရဲသီးရဲ့ သတင်းပေးပို့မှုတွေကြောင့် လုပ်နိုင်ခြင်းဖြစ်တယ်။ ဖရဲသီး နဲ့ ရန်သူ့အတွင်းက သတင်းပေးတွေ၊ ပေးပို့တဲ့ သတင်းအချက်အလက်တွေအရလဲ ထိရောက်အောင် လုပ်နိုင်ခဲ့တယ်။ တိုက်ခိုက်မှုအတွင်း အရပ်သား ထိခိုက်မှု မရှိခဲ့ပါဘူးလို့ ပကဖမှ သတင်းထုတ်ပြန်သွားပါတယ်။ Voice Of Wundwin (ဝမ်းတွင်း) ရဲ့သတင်းထုတ်ပြန်ချက်ထဲမှာတော့ စုမှူး ဗိုလ်ကြီး တစ်ဦးနှင့် စစ်သား လေးဦး နေရာတွင် သေဆုံးခဲ့ပြီး အဆောက်အဦးအချို့လည်း ပျက်စီးခဲ့ကြောင်း၊ ထို့အပြင် လေယာဥ်အပိုပစ္စည်းထားသည့် အဆောက်အအုံ မီးလောင်ပျက်စီးခဲ့၍ စက်ပြင်စစ်သား နှစ်ဦး မီးလောင်သေဆုံးခဲ့သည်ဟု ထုတ်ပြန်ပါတယ်။ ပျက်စီးမှုတွေအနေနဲ့ လေကြောင်း အချက်ပြစက် ၃လုံးနှင့် ခဲယမ်းတပ်ဆင်သည့် စက် ၃လုံးပျက်စီးခဲ့ကြောင်း Voice Of Wundwin အဖွဲ့က ပြောပါတယ်။ မဟာဗျူဟာ စစ်ရေး နယ်မြေတွေဖြစ်တဲ့ မိတ္ထီလာ နဲ့ နေပြည်တော်လို နေရာတွေကို ပကဖတွေ၊ PDF တပ်ရင်းတွေ မကြာခဏ တိုက်ခိုက်နိုင်လာနိုင်တော့မှာဖြစ်ကြောင်း၊ မဟာဗျူဟာ စစ်ရေး နယ်မြေတွေမှာလည်း စစ်အုပ်စုဘက်က လုံခြုံရေး ကျိုးပေါက်နေပြီဖြစ်ကြောင်း ပကဖ ကဆိုပါတယ်။ ယခုစစ်ပွဲမှာ ပါဝင်နေတဲ့ စစ်ကောင်စီတပ်တွေဟာ မတရားဘူးလို့ သူတို့ကိုယ်တိုင်သိကြောင်း၊ ဒါကြောင့်လည်း ပြည်သူနဲ့အတူရပ်တည်ပြီး သတင်းတွေပေးပို့နေကြကြောင်း၊ အခုလိုအောင်မြင်တဲ့ မစ်ရှင်တွေ ဖော်ဆောင်နိုင်ရတာဟာ တပ်တွင်းမှ သတင်းပေးသူများရဲ့အကူအညီကိုရရှိခြင်းကြောင့်ဖြစ်ပြီး စစ်အုပ်စုဟာ အရေးကြီးတဲ့ စစ်ဘက်ဆိုင်ရာ လုံခြုံရေး ကျိုးပေါက်နေပြီလို့ ပြည်သူထံသို့ သတင်းစကား ထုတ်ပြန်ထားပါသည်။
More Stories
မဲပလီစခန်းက ဒုတပ်ရင်းမှူး ဗိုလ်မှူးခန့်နိုင်၊ ဗိုလ်ကြီးဇော်မင်းအပါ ၄၀ကျော်သေဆုံးပြီး စစ်ဦးစီး(တတိယတန်း)G3 ဗိုလ်ကြီးသော်တာအပါအဝင် စစ်သုံ့ပန်း(၂၇)ဦးဖမ်းမိ
ငဖဲရှိ ဂုတ်စည်းရိုးစခန်းကို AA သိမ်းပိုက်၊ မအလ ဇာတိ မင်းဘူးမြို့ထိ တိုက်ပွဲနီးကပ်လာ
တိုက်ပွဲသတင်းများ